ကူမင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
ညဥ့်ဦးယံချိန်ခါတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ တျန်းချီရေကန် တောင်ဘက်ကမ်း၌ ဝိုးတဝါး လရောင်လေးက ကန်ရေပြင်ပေါ် ကြည်လင်စွာ ဖြာကျလျက်ရှိသည်။ လှိုင်းကြက်ခွပ်ကလေးများက လူးလွန့်လျက်ရှိရာ လရိပ်သည်လည်း ရေလှိုင်းလေးများနှင့်အတူ ယိမ်းနွဲ့လှုပ်ရှားနေသည်။ ငှက်များက သစ်ကိုင်းဖျားတွင် တချို့၊ ရေတိမ်ကမ်းစပ်တွင် တချို့ရှိနေကြရာ လရောင်နှင့် ငှက်အရိပ်တို့ အပြန်အလှန် ပနံသင့်နေပြီး ကုန်းပြင်မြင့်ရေကန်နံဘေး တိတ်ဆိတ်ငြိမ်သက်မှုနှင့် သက်ဝင်လှုပ်ရှားမှု အပြိုင်သဘာဝအလှတရားများကို ဖော်ပြလျက်ရှိသည်။ (Xinhua)
---------------------
(Chinese Version)
滇池南岸 月伴鸟栖
【解说】夜幕降临,滇池南岸月色朦胧,清辉映照湖面,水波轻漾,月影随波摇曳。鸟儿或栖于枝头,或伫立浅滩,月色与鸟影相映成趣,展现出高原湖畔静谧而生动的自然之美。
何春好、宋光旭 云南昆明报道。(完)








