
ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ဘရာဇီးနိုင်ငံ၏သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရသည့် လူးဝစ်အီနာစီယို လူလာဒါဆေးလ်ဗားထံသို့ အောက်တိုဘာ ၂၇ ရက်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
အဆိုပါဂုဏ်ပြုသဝဏ်လွှာတွင် သမ္မတလူလာသည် တရုတ်-ဘရာဇီး ဆက်ဆံရေးများ တိုးတက်ခိုင်မာလာစေရေးအတွက် အရေးပါသောဆောင်ရွက်မှုများကိုပြုလုပ်ခဲ့ကြောင်း ရှီက ဖော်ပြထားသည်။
သမ္မတရှီကျင့်ဖိန်က ၎င်းနှင့်လူလာတို့သည် တိုးတက်မှုအသစ်များရရှိလာစေရေးအတွက် မကြာသေးမီနှစ်များအတွင်းက နည်းလမ်းအသွယ်သွယ်ဖြင့်အနီးကပ်ဆက်သွယ်ပြောဆိုမှုများပြုလုပ်ခဲ့သလို ပိုမိုမျှတသောကမ္ဘာကြီးနှင့် ရေရှည်ပိုမိုတည်တံ့ခိုင်မြဲသော ကမ္ဘာမြေကြီးဖြစ်လာစေရေးအတွက် အေးအတူပူအမျှ တရုတ်-ဘရာဇီး လူမှုအသိုက်အဝန်း တည်ဆောက်ရေးလုပ်ငန်းစဥ်ကို အတူတကွပူးပေါင်းလမ်းညွှန်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နှင့်ဘရာဇီး နှစ်နိုင်ငံဆက်ဆံရေး၏ ကမ္ဘာလုံးဆိုင်ရာဗျူဟာမြောက်ပြီး ရေရှည်တည်တံ့သောအရေးပါမှုမှာ ပိုမိုထင်ရှားပေါ်လွင်လာသလို ယင်းက ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအကြားမှ စည်းလုံးညီညွတ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာပြပုံစံတစ်ခုဖြစ်လာခဲ့သည်ဟု ရှီကပြောကြားခဲ့သည်။
တရုတ်-ဘရာဇီး ဆက်ဆံရေးများ၏ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သလို တရုတ်-ဘရာဇီး အေးအတူပူအမျှအသိုက်အဝန်းကို ပိုမိုမြင့်မားစွာတည်ဆောက်နိုင်ရေးအတွက် လမ်းညွှန်မှုပေးနိုင်ရန်၊ နှစ်နိုင်ငံအကြားမှမဟာဗျူဟာမြောက် ဘက်စုံညှိနှိုင်းဆောင်ရွက်မှုများအတွက် ပိုမိုကျယ်ပြန့်သောအလားအလာများကို ဖော်ဆောင်နိုင်ရန်၊ နှစ်နိုင်ငံစလုံးမှပြည်သူများ၏ လူနေမှုဘဝသာယာဝပြောရေးကို ဆက်လက်မြှင့်တင်သွားနိုင်ရန်အတွက် သမ္မတလူလာနှင့်အတူ လက်တွဲဆောင်ရွက်ရန်အဆင်သင့်ရှိကြောင်းလည်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
အလားတူ တရုတ်နိုင်ငံ၏ ဒုတိယသမ္မတ ဟန်ကျိန့်ကလည်း ဘရာဇီးနိုင်ငံ၏ ဒုတိယသမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရသည့် ဂျေရော်ဒူ အော့ခ်မင်ထံသို့ အောက်တို ၂၇ ရက်ကပင် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။ (Xinhua)
.....................................
(English version)
Xi congratulates Lula on re-election as Brazilian president
BEIJING, Oct. 27 (Xinhua)
Chinese President Xi Jinping on Tuesday extended congratulations to Luiz Inacio Lula da Silva on his re-election as president of Brazil.
In his congratulatory message, Xi said that President Lula has made important contributions to advancing China-Brazil relations.
Xi said he and Lula have, in recent years, maintained close communication through various means and jointly guided the building of the China-Brazil community with a shared future for a more just world and a more sustainable planet to new progress.
The global, strategic and long-term significance of the bilateral relationship has become increasingly prominent, making it a model of solidarity and cooperation among Global South countries, he said.
Xi said that he attaches great importance to the development of China-Brazil relations and stands ready to work with President Lula to guide the building of a China-Brazil community with a shared future to new heights, open up broader prospects for all-round strategic coordination between the two countries, and continuously enhance the well-being of the two peoples.
Also on Tuesday, Chinese Vice President Han Zheng sent a congratulatory message to Geraldo Alckmin on his re-election as Brazil's vice president. ■
Photo caption: Chinese President Xi Jinping holds talks with his Brazilian counterpart Luiz Inacio Lula da Silva in Brasilia, Brazil, Nov. 20, 2024. (Xinhua/Li Xueren)








