တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ဟိန်ယန်မြို့ရှိ ဟိန်ဆန်းတောင် ရှုခင်းသာနေရာတွင် နေထွက်ချိန်အား စောင့်ကြည့်နေကြသော ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ဟိန်ယန်မြို့ရှိ ဟိန်ဆန်းတောင် ရှုခင်းသာနေရာတွင် နေထွက်ချိန်အား စောင့်ကြည့်နေကြသော ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ တရုတ်နိုင်ငံ၏ ပြည်တွင်းခရီးသွားဈေးကွက်တွင် ခရီးစဉ်အကြိမ်ရေနှင့် ခရီးသွားလာမှုဆိုင်ရာ အသုံးစရိတ် နှစ်ရပ်စလုံး၌ ခိုင်မာသော တိုးတက်မှုများ ရှိခဲ့ကြောင်း ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန (MCT) က အောက်တိုဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ် ပထမကိုးလတာအတွင်း ပြည်တွင်းခရီးစဉ်အကြိမ်ရေ ၅.၃ ဘီလီယံကျော် ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလကထက် ၆.၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း အဆိုပါဝန်ကြီးဌာနက ပြည်တွင်းခရီးသွားများအပေါ် ကောက်ယူခဲ့သည့် စစ်တမ်းအချက်အလက်များအရ သိရသည်။

မြို့ပြနေထိုင်သူများ၏ ခရီးစဉ်အကြိမ်ရေမှာ ၄ ဘီလီယံကျော်ရှိပြီး ယခင်နှစ် အလားတူကာလကထက် ၆.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သလို ကျေးလက်ဒေသနေထိုင်သူများ၏ ခရီးစဉ်အကြိမ်ရေမှာလည်း ၁.၂၇ ဘီလီယံရှိကာ ၅.၁ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

အဆိုပါကိုးလတာကာလအတွင်း ပြည်တွင်းခရီးသွားလာမှုဆိုင်ရာ အသုံးစရိတ်အနေဖြင့် ယခင်နှစ် အလားတူကာလထက် ၂.၂ ရာခိုင်နှုန်း တိုးတက်လာပြီး ယွမ် ၄.၉၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၃၇ ဘီလီယံခန့်) ရှိခဲ့သည်။ ၎င်းစုစုပေါင်းပမာဏအနက် မြို့ပြနေထိုင်သူများက ယွမ် ၄.၁၄ ထရီလီယံ သုံးစွဲခဲ့ကြပြီး ၂.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကာ ကျေးလက်ဒေသနေထိုင်သူများကလည်း ယွမ် ၈၁၀ ဘီလီယံ သုံးစွဲခဲ့ကြပြီး ၂.၁ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် တစ်နှစ်တာလုံးအတွက် ပြည်တွင်းခရီးစဉ်အကြိမ်ရေ ၈.၃ ဘီလီယံနှင့် ပြည်တွင်းခရီးသွားလာမှုဆိုင်ရာ အသုံးစရိတ် ယွမ် ၇.၇ ထရီလီယံအထိ ရောက်ရှိရန် ရည်မှန်းထားကြောင်း MCT က ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့် ၂၀၂၆-၂၀၃၀ ကာလအတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ငါးနှစ်စီမံကိန်းအရ သိရသည်။

၂၀၂၅ ခုနှစ်၌ တရုတ်နိုင်ငံတွင် ပြည်တွင်းခရီးစဉ်အကြိမ်ရေ ၆.၅ ဘီလီယံကျော် ရှိခဲ့ပြီး ခရီးသွားလာမှုဆိုင်ရာ အသုံးစရိတ်ကလည်း ယွမ် ၆.၃ ထရီလီယံအထိ ရောက်ရှိခဲ့ရာ ၎င်းကဏ္ဍနှစ်ရပ်စလုံး၌ စံချိန်သစ်များ တင်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် သွန်းဟွမ်မြို့ရှိ မင်ရှားတောင်နှင့် လခြမ်းကွေးသဏ္ဌာန် စမ်းချောင်းတည်ရှိရာ ရှုခင်းသာနေရာတွင် ကုလားအုတ်စီးနင်းနေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် သွန်းဟွမ်မြို့ရှိ မင်ရှားတောင်နှင့် လခြမ်းကွေးသဏ္ဌာန် စမ်းချောင်းတည်ရှိရာ ရှုခင်းသာနေရာတွင် ကုလားအုတ်စီးနင်းနေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

..........................................

(English Version)

China sees steady growth in domestic tourism over first 9 months of 2026

BEIJING, Oct. 26 (Xinhua) -- China's domestic tourism market posted solid growth in terms of both trips and travel spending from January to September this year, the Ministry of Culture and Tourism (MCT) said on Monday.

More than 5.3 billion domestic trips were made during the first nine months of 2026, up 6.2 percent year on year, data from a survey of domestic travelers conducted by the ministry revealed.

Urban residents accounted for over 4 billion trips, an increase of 6.6 percent from a year earlier, while rural residents made 1.27 billion trips, marking a 5.1-percent rise.

Domestic tourism spending expanded 2.2 percent year on year to 4.95 trillion yuan (about 737 billion U.S. dollars) during these nine months. Of the total, urban residents spent 4.14 trillion yuan, up 2.2 percent, while rural residents spent 810 billion yuan, rising 2.1 percent.

China aims to record 8.3 billion year-round domestic trips and 7.7 trillion yuan in year-round domestic travel spending by 2030, according to a five-year tourism development plan for the 2026-2030 period released by the MCT in July.

In 2025, the country saw more than 6.5 billion domestic trips, with tourism expenditure reaching 6.3 trillion yuan, both setting new records. ■

Photo caption 1: A drone photo shows tourists watching the sunrise at the Hengshan Mountain scenic area in Hengyang City, central China's Hunan Province, Oct. 6, 2026. (Photo by Cao Zhengping/Xinhua)

Photo caption 2: Tourists ride camels at the Mingsha Mountain and Crescent Spring scenic area in Dunhuang, northwest China's Gansu Province, Oct. 4, 2026. (Photo by Zhang Xiaoliang/Xinhua)