အီတလီနိုင်ငံ ဘိုလိုညာမြို့ ဗဟိုရထားဘူတာအနီးရှိ ဆန္ဒပြလှုပ်ရှားမှုနေရာကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီတလီနိုင်ငံ ဘိုလိုညာမြို့ ဗဟိုရထားဘူတာအနီးရှိ ဆန္ဒပြလှုပ်ရှားမှုနေရာကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ ဝန်ကြီးချုပ် မယ်လိုနီက ရဲတပ်ဖွဲ့၏ တရားဥပဒေစိုးမိုးမှု ထိန်းသိမ်းရေးဆောင်ရွက်ရာ၌ အကူအညီပေးရန်အတွက် အစိုးရအနေဖြင့် မီလန်မြို့သို့ စစ်သား ၅၀၀ ထပ်တိုးစေလွှတ်ပေးရန် ဆုံးဖြတ်လိုက်ကြောင်း၊ အဆိုပါ ဖြန့်ကြက်ချထားမှုသည် ယခုနှစ် နှစ်ကုန်ပိုင်းအထိ တည်ရှိမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ အီတလီနိုင်ငံ အစိုးရအဖွဲ့ကလည်း ထိုနေ့တွင် ဆူပူအုံကြွမှုများအား ကိုင်တွယ်စီမံရန်အတွက် တရားဥပဒေစိုးမိုးရေး ဥပဒေအမိန့်တစ်ရပ်ကို ခွင့်ပြုခဲ့သည်။

အီတလီနိုင်ငံ မီလန်မြို့နှင့် အခြားသောမြို့များတွင် အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်က ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့သည်။ မယ်လိုနီက လူမှုမီဒီယာ၌ ဗီဒီယိုမိန့်ခွန်း ပြောကြားရာ၌ ဆူပူအုံကြွမှုအတွင်း ဆိုင်ခန်းများအား လုယက်၊ ဖျက်ဆီးမှုနှင့် တရားဥပဒေစိုးမိုးရေးဝန်ထမ်းများအား တိုက်ခိုက်သည့် လုပ်ရပ်များကို ပြစ်တင်ရှုတ်ခဲ့ပြီး အဆိုပါလုပ်ရပ်များသည် “သည်းခံနိုင်ဖွယ်မရှိ” ကြောင်း ပြောဆိုခဲ့သည်။

တစ်ချိန်တည်းတွင် အီတလီနိုင်ငံ အစိုးရအဖွဲ့သည် တရားဥပဒေစိုးမိုးရေးနှင့် အရွယ်မရောက်သေးသူများ ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင်သော ဥပဒေအမိန့်တစ်ရပ်ကို ခွင့်ပြုခဲ့သည်။ သက်ဆိုင်ရာ သတ်မှတ်ချက်များသည် ထိုမတိုင်မီ လွှတ်တော်၏ ခွင့်ပြုချက် ရရှိထားပြီးဖြစ်ကာ ယခုအကြိမ် အတည်ပြုပြီးနောက် ချက်ချင်း စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။  

အဆိုပါဥပဒေအမိန့်အရ လူ ၅ ဦးနှင့်အထက် ဖွဲ့စည်းထားသော အုပ်စုသည် ခဲလုံး၊ ဗြောက်အိုးများ ပစ်ပေါက်ခြင်း စသည့် နည်းလမ်းများဖြင့် အများပြည်သူလုံခြုံရေးကို အန္တရာယ်ပြုပါက ပါဝင်လုပ်ဆောင်သူသည် အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်နှင့် ဒဏ်ကြေးငွေ ယူရို ၂၀,၀၀၀  ရင်ဆိုင်ရနိုင်ခြေရှိကြောင်း၊  မျက်နှာအုပ်၍ သက်ဆိုင်ရာလုပ်ရပ်ကို လုပ်ဆောင်ခြင်း၊ သူတစ်ပါး ထိခိုက်ဒဏ်ရာရမှု ဖြစ်စေခြင်း သို့မဟုတ် အုပ်စုဖွဲ့ဖျက်ဆီးမှုတွင် ပါဝင်ခြင်း စသည့် အခြေအနေများအတွက်မူ ပိုမိုပြင်းထန်သည့် ပြစ်ဒဏ်အရေးယူမှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့အနေဖြင့် ဆူပူအုံကြွမှု ဖန်တီးကြောင်း သံသယရှိသည့် အရွယ်မရောက်သေးသူအပေါ် ကြိုတင်ကာကွယ်မှုအသွင် ထိန်းချုပ်ခြင်း အစီအမံ လုပ်ဆောင်နိုင်ကြောင်းလည်း ဥပဒေအမိန့်တွင် သတ်မှတ်ထားသည်။ တစ်ချိန်တည်းတွင် ဥပဒေက အသက် ၁၄ နှစ်မှ ၁၈ နှစ်အကြားရှိ အရွယ်မရောက်သေးသူများသည် မိမိလုပ်ရပ်၏ နောက်ဆက်တွဲရလဒ်အား နားလည်နိုင်သည့် စွမ်းရည်ရှိသည်ဟု ယူဆထားသည်။ အရွယ်မရောက်သေးသူကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများကို ၎င်း၏မိဘများက ပေးလျော်ရန်တာဝန်ယူရမည်ဖြစ်သည်။

မယ်လိုနီက အစိုးရ ယခုအကြိမ်ထုတ်ပြန်သည့် တရားဥပဒေစိုးမိုးရေး အစီအမံသည် ဆန္ဒပြလှုပ်ရှားမှုအတွင်း အကြမ်းဖက်လုပ်ရပ်အပေါ် ပြစ်ဒဏ်ချမှတ် အရေးယူမှုကို မြှင့်တင်ရန်၊ အရွယ်မရောက်သေးသူကြောင့် ဘဏ္ဍာရေးဆိုင်ရာ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ချိန်တွင် ပေးလျော်ရမည့်တာဝန်ကို တစ်ဆင့်တိုး အတည်ပြုရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

အီတလီနိုင်ငံ ဘိုလိုညာမြို့ ဗဟိုရထားဘူတာအနီးရှိ ဆန္ဒပြလှုပ်ရှားမှုနေရာကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီတလီနိုင်ငံ ဘိုလိုညာမြို့ ဗဟိုရထားဘူတာအနီးရှိ ဆန္ဒပြလှုပ်ရှားမှုနေရာကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

意大利政府增派军人并批准法令以应对骚乱

新华社罗马10月20日电(记者任耀庭)意大利总理梅洛尼20日说,政府决定向米兰增派500名军人以协助警方维护治安,部署将持续至今年年底。意大利内阁当天还批准一项旨在应对骚乱的治安法令。  

意大利米兰及一些其他城市周末发生骚乱。梅洛尼在社交媒体发表视频讲话,谴责骚乱中洗劫商店、破坏店面以及袭击执法人员的行为,表示此类行为“不可容忍”。  

与此同时,意大利内阁批准一项涉及治安和未成年人犯罪的法令。相关规定此前已获议会批准,此次通过后立即生效。  

根据该法令,5人及以上组成的团体若通过投掷石块、爆竹等方式危及公共安全,参与者可能面临最高5年监禁和2万欧元罚款。蒙面实施相关行为、造成他人受伤或参与团伙破坏等情形,将面临更严厉的处罚。  

法令还规定,警方可对有制造骚乱嫌疑的未成年人采取预防性拘留措施。同时,法律推定14至18岁的未成年人具备理解自身行为后果的能力。未成年人造成的损失可由其父母承担赔偿责任。  

梅洛尼表示,政府此次推出的治安措施旨在加强对示威活动中暴力行为的惩处,并进一步明确未成年人造成财产损失时的赔偿责任。(完)

图说1、2:这是10月17日在意大利博洛尼亚火车站附近拍摄的示威活动现场。新华社发