တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် ကျင်းပသည့် ၁၄၀ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပြပွဲခန်းမအတွင်းပိုင်းကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် ကျင်းပသည့် ၁၄၀ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပြပွဲခန်းမအတွင်းပိုင်းကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ကွမ်ကျိုးကုန်စည်ပြပွဲဟုလည်းသိကြသည့် တရုတ်နိုင်ငံသွင်းကုန်ပို့ကုန်ပြပွဲ ၁၄၀ ကြိမ်မြောက် ပထမအဆင့် လူကိုယ်တိုင်တက်ရောက်ကြည့်ရှုနိုင်သည့်ပြပွဲကို အောက်တိုဘာ ၁၉ ရက်က ကျင်းပပြီးစီးခဲ့ရာ ပြည်ပမှဝယ်ယူသူများ လာရောက်မှုစံချိန်တင်မြင့်မားခဲ့ကြောင်းသိရသည်။

ပြပွဲစီစဉ်ကျင်းပသည့် တရုတ်နိုင်ငံခြားကုန်သွယ်မှုစင်တာ၏ ပြောကြားချက်အရ အောက်တိုဘာ ၁၉ ရက်အထိ သတင်းအချက်အလက်များအရ နိုင်ငံနှင့်ဒေသပေါင်း ၂၁၄ ခုမှ ပြည်ပဝယ်ယူသူ ၁၈၉,၀၀၀ ဦး တက်ရောက်ခဲ့ပြီး ယင်းမှာ ယခင်ကုန်စည်ပြပွဲ အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၃.၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။ ယခုကဲ့သို့ ဝယ်ယူသူစံချိန်တင်များပြားခြင်းသည် တရုတ်နိုင်ငံ၏နိုင်ငံခြားကုန်သွယ်မှုကဏ္ဍကြံ့ကြံ့ခံမှုနှင့် တက်ကြွအားကောင်းမှုကို မီးမောင်းထိုးပြနေသည်ဟုလည်း ထပ်မံပြောကြားခဲ့သည်။

ပထမအဆင့်ပြပွဲကို “အဆင့်မြင့်ကုန်ထုတ်လုပ်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး စတုရန်းမီတာ ၅၂၀,၀၀၀ ကျယ်ဝန်းကာ ပြခန်းပေါင်း ၂၅,၀၀၀ ကျော်နှင့် စီးပွားရေးလုပ်ငန်း ၁၂,၀၀၀ ကျော် ပါဝင်ပြသခဲ့သည်။

အဆိုပါပြပွဲတွင် အီလက်ထရောနစ်ပစ္စည်းများနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံးအလိုအလျောက်စနစ်များ၊ အလင်းရောင်နှင့် လျှပ်စစ်ပစ္စည်းကိရိယာများ၊ ဟာ့ဒ်ဝဲပစ္စည်းများနှင့် ကိရိယာတန်ဆာပလာများ၊  စွမ်းအင်သစ်သုံးမော်တော်ယာဉ်များနှင့် နည်းပညာအခြေပြုသယ်ယူပို့ဆောင်ရေးစနစ်များ အပါအဝင် ကဏ္ဍငါးခုနှင့် ပြပွဲဧရိယာ ၁၉ ခုတွင် နောက်ဆုံးပေါ်ထုတ်ကုန်များနှင့် နည်းပညာများ ခင်းကျင်းပြသခဲ့သည်။

ပြပွဲကို အဆင့်သုံးဆင့်ခွဲ၍ ကျင်းပခြင်းဖြစ်ပြီး အဆင့်အားလုံးကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်၏ မြို့တော် ကွမ်ကျိုးတွင် နိုဝင်ဘာ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ “အရည်အသွေးရှိ လူနေမှုဘဝ” ဟူသော ဆောင်ပုဒ်ဖြင့်ကျင်းပမည့် ဒုတိယအဆင့်ကို အောက်တိုဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ဆောက်လုပ်ရေးပစ္စည်းများနှင့်ပရိဘောဂများ၊ အိမ်သုံးပစ္စည်းများ၊ လက်ဆောင်ပစ္စည်းများနှင့် အလှဆင်ပစ္စည်းများ အပါအဝင် အမျိုးအစားများစွာ ပြသသွားမည်ဟုသိရသည်။

တရုတ်နိုင်ငံ၏နိုင်ငံခြားကုန်သွယ်မှုအခြေအနေကို တိုင်းတာလမ်းညွှန်ပေးသည့်အရာတစ်ခုအဖြစ် ယခုနှစ် ကွမ်ကျိုးကုန်စည်ပြပွဲသည် နှစ် ၇၀ ပြည့်မြောက်သည့် အထိမ်းအမှတ်ဖြစ်သလို ဆန်းသစ်တီထွင်မှု၊ ဉာဏ်ရည်မြင့်နည်းပညာ၊ ပိုမိုအထူးပြုလုပ်ဆောင်မှုနှင့် ပိုမိုမြင့်မားသောအရည်အသွေးတို့ကို အလေးပေးဖော်ပြထားသည်။

လွန်ခဲ့သည့် နှစ် ၇၀ အတွင်း ကွမ်ကျိုးကုန်စည်ပြပွဲသည် ထုတ်ကုန်အမျိုးအစား အစုံလင်ဆုံး၊ ဝယ်ယူသူ အများဆုံးနှင့် အရောင်းအဝယ်ပမာဏအမြင့်မားဆုံးဖြစ်သည့် တရုတ်နိုင်ငံ၏ အကြီးမားဆုံးနှင့် သက်တမ်းအရှည်ဆုံး နိုင်ငံတကာကုန်သွယ်ရေးပွဲကြီးအဖြစ်သို့ တိုးတက်လာခဲ့သည်။

ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေးဗဟိုချက်ဖြစ်သည့် ကွမ်တုန်းပြည်နယ်၏ ၂၀၂၆ ခုနှစ် တတိယသုံးလပတ် နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ယွမ် ၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၄၆ ဘီလီယံခန့်) ကို ပထမဆုံးအကြိမ် ကျော်လွန်ခဲ့ကြောင်း အောက်တိုဘာ ၁၉ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် ကျင်းပသည့် ၁၄၀ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပြပွဲ၏ မော်တော်ဆိုင်ကယ်ပြခန်းဧရိယာ၌ ပြည်ပဝယ်ယူသူတစ်ဦး စကားပြောနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် ကျင်းပသည့် ၁၄၀ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပြပွဲ၏ မော်တော်ဆိုင်ကယ်ပြခန်းဧရိယာ၌ ပြည်ပဝယ်ယူသူတစ်ဦး စကားပြောနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………….

(English Version)

Overseas buyer attendance at first phase of China's Canton Fair hits record high

GUANGZHOU, Oct. 19 (Xinhua) -- The first phase of the 140th China Import and Export Fair, also known as the Canton Fair, concluded its in-person exhibition on Monday, with overseas buyer attendance reaching a record high.

As of Monday, 189,000 overseas buyers from 214 countries and regions had attended, up 13.3 percent from the same period of the previous session, said the China Foreign Trade Center, the fair's organizer. It added that the record turnout highlights the resilience and vitality of China's foreign trade.

The first phase, themed "Advanced Manufacturing," covered 520,000 square meters, with more than 25,000 booths and over 12,000 participating enterprises.

The exhibition showcased the latest products and technologies across five sectors and 19 exhibition areas, including electronics and home appliances, industrial automation, lighting and electrical equipment, hardware and tools, and new energy vehicles and smart mobility.

The fair is divided into three phases, all taking place in Guangzhou, the capital of south China's Guangdong Province, and running through Nov. 4. The second phase, themed "Quality Home Life," will run from Oct. 23 to 27 and feature building materials and furniture, household items, gifts and decorations, among other categories.

Serving as a barometer and wind vane of China's foreign trade, this year's fair, marking its 70th anniversary, highlights innovation, intelligence, greater specialization and higher quality.

Over the past 70 years, the Canton Fair has grown into China's largest and longest-running international trade event, with the most complete product range, the largest number of buyers and the highest transaction volume.

Guangdong, a manufacturing hub and trade powerhouse, on Monday reported that its quarterly foreign trade exceeded 3 trillion yuan (about 446 billion U.S. dollars) for the first time in the third quarter of 2026.

Photo caption 1: This photo taken on Oct. 18, 2026 shows a scene at the venue of the 140th Canton Fair in Guangzhou, south China's Guangdong Province. (Xinhua/Deng Hua)

Photo caption 2: An overseas buyer (L) holds talks at the exhibition area for motorcycles during the 140th Canton Fair in Guangzhou, south China's Guangdong Province, Oct. 18, 2026. (Xinhua/Deng Hua)