မြန်မာနိုင်ငံ နေပြည်တော်တွင် NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ကျင်းပစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ (အောက်တိုဘာ ၁၅ ရက်) နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပေးပို့သည့် Video မိန့်ခွန်းအား ဖွင့်လှစ်ပြသခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကား ပြောကြားခဲ့သည်။

NCA လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတကာအသိသက်သေကိုယ်စားလှယ်များဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ထိုင်း နိုင်ငံတို့မှ ကိုယ်စားလှယ်များက Video Message ဖြင့် NCA အထိမ်းအမှတ်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် တစ်ဆက်တည်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကို "ငြိမ်းချမ်းရေး၊ လူမှုသဟဇာတဖြစ်ရေးမှ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ (From Peace, Social Cohesion to Development)" ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နှင့် ၁၆ ရက်များတွင် NSPNC က ဦးစီးပြီး နိုင်ငံရေးအနှစ်သာရရှိရှိဖြင့် ကျင်းပပြုလုပ်သွားကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲပထမနေ့တွင်  NCA မှ အတွေ့အကြုံ၊ အောင်မြင်မှုများနှင့် စိန်ခေါ်မှုများကို ပြန်လည်သုံးသပ်၍ အနာဂတ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် နည်းလမ်းများဖော်ထုတ်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်း အခမ်းအနားကို NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့မှ ခေါင်းဆောင်များ အပါအ၀င် လူဦးရေ ၁၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် (၈)ဖွဲ့ဖြင့် စတင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့ ထပ်မံလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)