အမေရိကန် ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့်က ခရီးစဉ်လာရောက်သော ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနှင့် ၂၀၂၆ ခုနှစ် မတ် ၁၉ ရက်က တွေ့ဆုံနေစဉ် (ဓာတ်ပုံ - AFP)
အမေရိကန် ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့်က ခရီးစဉ်လာရောက်သော ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနှင့် ၂၀၂၆ ခုနှစ် မတ် ၁၉ ရက်က တွေ့ဆုံနေစဉ် (ဓာတ်ပုံ - AFP)

တိုကျို၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

လတ်တလောကာလအတွင်း ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စု အခြေစိုက် အမေရိကန်စစ်သားတစ်ဦးက ဂျပန်အမျိုးသမီးတစ်ဦးအား လုယက်သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲခံရသည့် အမှုနှင့် စပ်လျဉ်း၍ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက အောက်တိုဘာ ၁၃ ရက်တွင် အောက်လွှတ်တော်၌ ဆက်စပ်မေးမြန်းမှုကို ဖြေကြားခဲ့ရာတွင် ဂျပန်နှင့် အမေရိကန်နှစ်ဖက်က အဆင့်မြင့်‌ ညှိနှိုင်းဆွေးနွေးမှုအား စတင်လုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်း ဆိုခဲ့သည်။

ဂျပန် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) အောက်လွှတ်တော်အမတ် Masahisa Miyazaki က မေးမြန်းမှုအတွင်း ယခင်အကြိမ်များစွာကလည်း အမေရိကန်ဘက်မှ စည်းကမ်းတင်းကျပ်ရန် ဂျပန်ဘက်က တောင်းဆိုခဲ့သော်လည်း အလားတူဖြစ်စဉ်များ အဆက်မပြတ် ဖြစ်ပွားခဲ့သည်ဟု ပြောကြားခဲ့ပြီး “တောင်းဆိုချက်ကို အကြိမ်ကြိမ် ထပ်မံပြောကြားရုံနဲ့ အိုကီနာဝါပြည်သူတွေရဲ့ မလုံခြုံတဲ့ခံစားချက်ကို မဖယ်ရှားနိုင်တော့ပါဘူး” ဟု ဆိုခဲ့သည်။

မေးမြန်းမှုအပေါ် ဆာနာအဲ တာကာအိချိက ဂျပန်-အမေရိကန် နှစ်ဖက်သည် ယမန်သီတင်းပတ်မှစ၍ လက်တွေ့အလွှာ အဆင့်မြင့် ညှိနှိုင်းဆွေးနွေးမှုများ စတင်လုပ်ဆောင်ခဲ့ပြီး ထိရောက်သော ကြိုတင်ကာကွယ်မှု အစီအမံများအား မည်ကဲ့သို့ လုပ်ဆောင်မည်နည်းနှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ရာ ဂျပန်အစိုးရကလည်း ဖြစ်ရပ်ကိုင်တွယ်စီမံမှုကို အစွမ်းကုန်ကောင်းမွန်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

တာဝန်ထမ်းဆောင်ချိန် မဟုတ်သော ကာလအတွင်း အမေရိကန်စစ်သည်၏ လုပ်ဆောင်ချက်များ စနစ်ကျစေမည့် သက်ဆိုင်ရာ ကန့်သတ်ချက်များ ပြည့်စုံစေရန်အတွက် အမေရိကန်စစ်တပ်ဝန်ထမ်းများအပေါ် သင်ကြားမှုနှင့် ညမထွက်ရ စီမံခန့်ခွဲမှု စသည့် အရေးကိစ္စများကို တစ်ဆင့်တိုး ဆွေးနွေးရန် လိုအပ်သလို အသေးစိတ် အစီအမံကိုလည်း အမြန်ဆုံး ထုတ်ပြန်ရန်လိုအပ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က ဆိုခဲ့သည်။

အောက်တိုဘာ ၃ ရက်တွင် ၃၉ နှစ်အရွယ် ဂျပန်အမျိုးသမီးတစ်ဦး အိုကီနာဝါစီရင်စု နာဟာမြို့ ဟိုတယ်တစ်ခု၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး အမေရိကန်စစ်တပ် Futenma စခန်းလက်အောက်ရှိ အသက် ၂၀ အရွယ် မရိန်းတပ်ဖွဲ့ဝင် Devin Ballard က အဆိုပါ အမျိုးသမီးအား သတ်ဖြတ်ပြီး ပိုက်ဆံအိတ် စသည့်ပစ္စည်းများအား လုယူသွားသည်ဟု သံသယရှိသည်။ အိုကီနာဝါစီရင်စု ရဲတပ်ဖွဲ့က အောက်တိုဘာ ၄ ရက်တွင် Devin Ballard အား ဖမ်းဆီးခဲ့သော်လည်း ၎င်းက ပြစ်မှုကျူးလွန်မှုကို ငြင်းဆိုခဲ့သည်။

အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီးနောက် အိုကီနာဝါစီရင်စုက အမေရိကန်အနေဖြင့် မိမိဘက်လူပုဂ္ဂိုလ်အား ကာကွယ်ပေးရန် အကျိုးရှိသည်ဟု ကာလကြာရှည်စွာ ထောက်ပြခံထားရသော ဂျပန်-အမေရိကန် အနေအထား သဘောတူညီချက်အား အရင်းခံမှပြင်ဆင်ရန် တောင်းဆိုခဲ့သည်။ သို့သော် ဂျပန်ဗဟိုအစိုးရက လက်ရှိတွင် ၎င်းသဘောတူညီချက်အား ပြင်ဆင်မည့် အစီအစဉ်ကို အတိအလင်း အဆိုပြုခြင်း မရှိသေးပေ။

ဂျပန်-အမေရိကန် အနေအထား သဘောတူညီချက်ကို ဂျပန်-အမေရိကန် နှစ်နိုင်ငံအစိုးရက ၁၉၆၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းသဘောတူညီချက်တွင် အမေရိကန်စစ်တပ် တာဝန်ထမ်းဆောင်ချိန်အတွင်း ပြစ်မှုကျူးလွန်ပါက အမေရိကန်အနေဖြင့် ဦးစားပေး စီရင်ပိုင်ခွင့်ရှိကြောင်း၊ တာဝန်ထမ်းဆောင်ချိန်ပြင်ပ၌ ပြစ်မှုကျူးလွန်ပါက ယေဘုယျအားဖြင့် ဂျပန်ဘက်မှ ဦးစားပေး စီရင်ပိုင်ခွင့်ရှိကြောင်း၊ သို့သော် တာဝန်ထမ်းဆောင်ချိန်ပြင်ပ၌ ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူကို အမေရိကန်ဘက်က ထိန်းချုပ်ထားပြီးဖြစ်ပါက ဂျပန်ဘက်မှ တရားစွဲဆိုသည်အထိ မူအားဖြင့် အမေရိကန်ဘက်က ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

ယင်းမှာ အမေရိကန်စစ်တပ်၏ အမှုကျူးလွန်သူသည် ဂျပန်အခြေစိုက် အမေရိကန်စစ်တပ်စခန်းသို့ ပြန်ရောက်သွားသည်နှင့် ၎င်းအား ဂျပန်ရဲတပ်ဖွဲ့လက်သို့ လွှဲပြောင်းပေးခြင်း ရှိ၊ မရှိကို အမေရိကန်ဘက်ကသာ ဆုံးဖြတ်နိုင်သည်ဟု ဆိုလိုနေသည်။ သံသယရှိသူက အမေရိကန်၏ ကာကွယ်ပေးမှုအောက်တွင် အမှုသည် သာမန်အားဖြင့် ကြီးသည့်အမှု ငယ်စေ၊ ငယ်သည့်အမှု ပပျောက်စေ ဖြစ်လေ့ရှိသည်။ (Xinhua)

---------------------

(Chinese Version)

高市称日美就加强驻日美军管理进行磋商

新华社东京10月13日电(记者李子越 陈泽安)据日本广播协会报道,针对近日一名驻冲绳美军人员涉嫌抢劫杀害一名日本女性的案件,日本首相高市早苗13日在众议院面对有关质询时称,日美双方已启动高级别磋商。  

自民党众议员宫崎政久在质询中提出,尽管日方过往多次要求美方整肃纪律,但类似事件不断发生。他说:“仅靠重复提出要求,已无法消除冲绳民众的不安。”  

面对质询,高市称,日美双方已从上周开始举行实务层面高级别磋商,讨论如何采取有效防范措施,日本政府也将全力做好事件应对。  

日本外务大臣茂木敏充表示,对美军人员的教育和宵禁管理等问题需进一步探讨,也需尽快出台具体举措,以完善旨在规范美军士兵非执勤期间行为的相关制度。  

本月3日,一名39岁的日本女性在冲绳县那霸市一家酒店内遇害。隶属于美军普天间基地的20岁海军陆战队员德文·巴拉德涉嫌杀害该女子,并抢走钱包等物品。冲绳县警方4日将巴拉德逮捕,但他否认犯罪。事件发生后,冲绳县方面要求从根本上修改长期被指有利于美方包庇己方人员的日美地位协定。不过,日本中央政府目前尚未明确提出修改该协定的计划。  

日美地位协定由日美两国政府1960年签订。其中规定,美军执行公务时犯罪,美方享有优先审判权;公务外犯罪一般由日方优先审判,但若公务外犯罪嫌疑人已被美方控制,原则上仍由美方羁押,直至日方起诉。这意味着,美军涉案人员一旦返回驻日美军基地,是否将其移交日本警方全由美方决定。嫌疑人在美方庇护下,案件往往大事化小、小事化了。(完)

图说:3月19日,美国总统特朗普在白宫会晤到访的日本首相高市早苗。法新社照片