f08b516b256ab319852b58f572b665de74544612.article_cover.content.avif)
ဂျကာတာ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
သုံးရက်ကြာ ကျင်းပမည့် သတ္တမအကြိမ်မြောက် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အခွန်ကောက်ခံမှု စီမံခန့်ခွဲရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို အောက်တိုဘာ ၁၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ၌ ဖွင့်လှစ်ခဲ့သည်။
ယခုဖိုရမ်ကို “ဒီဂျစ်တယ်ဖြင့် ပူးပေါင်းစီမံ၊ အခွန်အကျိုးဖြင့် အနာဂတ်ဆီသို့” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး နိုင်ငံနှင့် ဒေသပေါင်း ၄၀ နီးပါးမှ အကောက်ခွန်ဌာနတာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်း ၈ ခုနှင့် နိုင်ငံစုံအခြေစိုက်ကုမ္ပဏီအချို့မှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း ပါဝင်တက်ရောက်သူ ၃၀၀ ကျော်ရှိသည်။
အင်ဒိုနီးရှားအခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဝီယာယန်တိုက အဖွင့်အမှာစကားပြောကြားရာတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးမှ ဖြစ်ပေါ်လာသည့် အခွင့်အလမ်းသစ်များနှင့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရာ၌ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေဖြင့် ဘုံသဘောတူညီချက်များ ရရှိအောင် စုစည်းခြင်း၊ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေခြင်းနှင့် အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်ကာ အသိဉာဏ်မြင့် နည်းပညာသုံး အခွန်စီမံခန့်ခွဲမှု စနစ်များ ဖြစ်ထွန်းလာစေရန် စုပေါင်း တွန်းအားပေး ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားမတိုင်မီ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အခွန်ကောက်ခံမှု စီမံခန့်ခွဲရေး ပူးပေါင်းဆောင်ရွက်မှု ယန္တရား၏ အုပ်ချုပ်ရေးကောင်စီအစည်းအဝေးကို ကျင်းပခဲ့ပြီး ဝီယာယန်တိုအား သတ္တမအကြိမ်မြောက် ဖိုရမ်ဥက္ကဋ္ဌနှင့် အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သည်။ ထို့ပြင် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အခွန်ကောက်ခံမှု စီမံခန့်ခွဲရေး ထုတ်ကုန်စနစ် (၂.၀ ဗားရှင်း)၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အခွန်ထမ်းဝန်ဆောင်မှု ထုတ်ကုန်စနစ် (၂.၀ ဗားရှင်း) နှင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အခွန်ကောက်ခံမှု စီမံခန့်ခွဲရေးနှင့် အခွန်ထမ်းဝန်ဆောင်မှု ထုတ်ကုန်စနစ် ၂၀၂၆ ခုနှစ် ထုတ်ကုန်စုစည်းမှု အပါအဝင် သက်ဆိုင်ရာထုတ်ကုန်များကို စိစစ်အတည်ပြုခဲ့သည်။
“ရပ်ဝန်းနှင့်ပိုးလမ်းမ” အခွန်ကောက်ခံမှု စီမံခန့်ခွဲရေး ပူးပေါင်းဆောင်ရွက်မှု ယန္တရားကို ၂၀၁၉ ခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံက ဦးဆောင်အဆိုပြုကာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ယင်းယန္တရားသည် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေးအစီအစဉ်အောက်ရှိ နိုင်ငံတကာအခွန်ကောက်ခံရေးနယ်ပယ်တွင် အရေးပါသော သက်ရောက်မှုရှိသည့် ဘက်ပေါင်းစုံ အခွန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းတစ်ခုဖြစ်ပြီး အဖွဲ့ဝင် ၃၈ ဖွဲ့နှင့် လေ့လာသူ ၃၀ ဦးရှိကြောင်း သိရသည်။ (Xinhua)
------------------------------------------
(Chinese Version)
第七届“一带一路”税收征管合作论坛在印尼举行
新华社雅加达10月13日电(记者李斯博)为期3天的第七届“一带一路”税收征管合作论坛13日在印度尼西亚首都雅加达开幕。
本届论坛以“数治协同 税享未来”为主题,汇聚来自近40个国家和地区的税务部门负责人、8个国际组织以及部分跨国企业代表共300余人。
印度尼西亚税务局局长比莫·维亚扬托在致辞中表示,面对数字化转型带来的新机遇、新挑战,各方应凝聚共识、加强协作、增进互信,共同推动税收治理更加智慧化。
开幕式前,“一带一路”税收征管合作机制召开理事会会议,宣布维亚扬托为第七届论坛主席和理事会主席,审议通过《“一带一路”税收征管产品体系(2.0版)》《“一带一路”纳税服务产品体系(2.0版)》以及《“一带一路”税收征管与纳税服务产品体系2026年产品集锦》等相关产品。
“一带一路”税收征管合作机制于2019年4月由中国首倡发起成立,目前已有38个成员和30个观察员,是共建“一带一路”倡议下国际税收领域具有重要影响力的多边税收合作平台。
图说 :10月13日,在印度尼西亚首都雅加达,印度尼西亚税务局局长比莫·维亚扬托在论坛开幕式上致辞。新华社发(阿贡·昆卡亚摄)








