တရုတ်နိုင်ငံ ကွမ်ရှီးဒေသ လုန်စိန့် တိုင်းရင်းသားအသီးသီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် လုန်ကျီမြို့နယ် လုန်ကျီရွာ၌ ဆန်စပါးရိတ်သိမ်းမှုနှင့် အခွံချွတ်မှုအား ကိုယ်တိုင်ပါဝင်လုပ်ကိုင်နေသော နိုင်ငံခြားသား ခရီးသွားများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွမ်ရှီးဒေသ လုန်စိန့် တိုင်းရင်းသားအသီးသီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် လုန်ကျီမြို့နယ် လုန်ကျီရွာ၌ ဆန်စပါးရိတ်သိမ်းမှုနှင့် အခွံချွတ်မှုအား ကိုယ်တိုင်ပါဝင်လုပ်ကိုင်နေသော နိုင်ငံခြားသား ခရီးသွားများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လုန်စိန့် (ကွမ်ရှီး)၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

လုန်ကျီရွာသည် တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ကွေ့လျင်မြို့ လုန်စိန့် တိုင်းရင်းသားအသီးသီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် လုန်ကျီမြို့နယ်၌ တည်ရှိသည်။ ကျေးရွာတည်ရှိရာ‌ တောင်တန်းကြီးက နဂါးရှည်ကြီးပမာ သွယ်တန်းနေပြီး တောင်တန်းထက်မှ လှေကားထစ်စိုက်ခင်းများက နဂါးကိုယ်ပေါ်မှ ကြေးခွံများအလား ဖြစ်သဖြင့် “လုန်ကျီ (တရုတ်လို နဂါးကျောရိုး ဟု အဓိပ္ပာယ်ရသည်)” ဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။

ကျွမ့်လူမျိုး ကျေးရွာများသည် လှေကားထစ်စိုက်ခင်းအလျောက် တည်ဆောက်ထားခြင်းဖြစ်ရာ ရိုးရာသစ်သားအိမ်များက စိမ်းလန်းသော တောတောင်တစ်လျှောက် တည်ရှိနေပြီး ကြေးခွံများပမာ စီစီရီရီရှိနေကာ တိုင်းရင်းသားလူမျိုးစု ဓလေ့ထုံးစံများကို အပြည့်အဝ ထိန်းသိမ်းထားသည်။ လှေကားထစ်စိုက်ခင်းများ၊ ရိုးရာအိမ်ကလေးများတွင် လေးနက်သော စိုက်ပျိုးရေးလူမှုယဉ်ကျေးမှုများ ပါဝင်နေသည်။

၂၀၁၂ ခုနှစ်တွင် လုန်ကျီရွာသည် ပထမအသုတ် တရုတ်ရိုးရာကျေးလက်တောရွာများစာရင်း၌ ပါဝင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံ တောင်ပိုင်း တောင်တန်းဒေသ ဆန်စပါး လှေကားထစ်စိုက်ပျိုးမှုစနစ်ကို ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ကမ္ဘာ့အရေးကြီး စိုက်ပျိုးရေးအမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ လုန်ကျီလှေကားထစ်စိုက်ခင်းများက ယင်း၏တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံတကာမြင်ကွင်းသို့ တစ်ဆင့်တိုး တက်လှမ်းလာခဲ့သည်။

မကြာသေးမီက အွန်လိုင်းစကားစုအသစ် “Chinamaxxing” သည် အင်တာနက်တွင် ဆက်တိုက် ရေပန်းစားလာခဲ့သည်။ အဆိုပါစကားစုမှာ “China (တရုတ်နိုင်ငံ)” နှင့် “maxxing (အဆုံးစွန်ဖြစ်အောင် လုပ်ဆောင်ခြင်း)” ကို ပေါင်းစည်းထားခြင်းဖြစ်ပြီး နိုင်ငံခြားခရီးသွားများက တရုတ်နိုင်ငံ မြို့ပြနှင့် ကျေးလက်ဒေသများထိ ထဲထဲဝင်ဝင် သွားလာ၍ တရုတ်လူမျိုးများ၏ လူနေမှုဘဝအတိုင်း လက်တွေ့ရှင်သန်ကြည့်ရင်း အတွေ့အကြုံယူကာ တရုတ်ယဉ်ကျေးမှု အသက်သွေးကြောအား ခံစားသည့် ခရီးသွားလာမှု ရေပန်းစားခြင်းကို ဆိုလိုနေသည်။

နှစ်ထောင်ချီ စိုက်ပျိုးရေးလုပ်ကိုင်သည့် ယဉ်ကျေးမှုအနှစ်သာရကြောင့် လုန်ကျီရွာသည် ရိုးရာစိုက်ပျိုးရေးနှင့် ခရီးသွားလာမှုတွင် ပါဝင်ခံစားခြင်းအား နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းလိုက်ပြီး နွေရာသီအားလပ်ရက်နှင့် စိုက်ပျိုးရေးပွဲတော်အချိန်အခါများတွင် တောင်တက်ခြင်း၊ ရွာများ၏ လျှို့ဝှက်ချက်ကို လေ့လာကြည့်ရှုခြင်း၊ စိုက်ပျိုးရေးတွင် ကိုယ်တိုင်ပါဝင်လုပ်ကိုင်ခံစားခြင်း၊ လက်မှုပညာ ပြုလုပ်ခြင်း စသည့် ယဉ်ကျေးမှုခရီးသွားလာရေး အစီအစဉ်များ ဖော်ဆောင်လျက်ရှိသည်။ ထိုသို့အားဖြင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များက လှေကားထစ်စိုက်ခင်းထက်တွင် သဘာဝတောတောင်ရေမြေ အလှတရား၊ အရှေ့တိုင်း စိုက်ပျိုးရေးလုပ်ငန်းနှင့် တိုင်းရင်းသားလူမျိုးစု ယဉ်ကျေးမှုများ၏ ဆွဲဆောင်မှုတို့ကို ကိုယ်တိုင်လာရောက် ပါဝင်ခံစားရန် ဆွဲဆောင်လိုက်သည်။ (Xinhua)

---------------------

(Chinese Version)

文化中国行·传统村落影像志丨老外爱上在这里“干农活”

新华社照片,龙胜(广西),2026年10月11日

龙脊村位于广西壮族自治区桂林市龙胜各族自治县龙脊镇。村落所处山形地貌似长龙、山上梯田宛若鳞片缀满龙身,“龙脊”一名由此得来。壮族村寨依梯田而建,传统木楼背靠青山、鳞次栉比,完好保留浓郁的民族风貌。一块块梯田、一幢幢传统民居,承载着深厚的农耕文明。2012年,龙脊村入选第一批中国传统村落名录。2018年,中国南方山地稻作梯田系统被联合国粮农组织认定为全球重要农业文化遗产,龙脊梯田作为其中的一部分,进一步走进国际视野。

近期,网络新词“Chinamaxxing”在外网持续刷屏,该词由“China(中国)”与“maxxing(做到极致)”组合而来,意指外国游客深入中国城市和乡村,沉浸式体验中式生活、感知中华文脉的旅行热潮。依托千年农耕文化底蕴,龙脊村将传统农事与旅游体验深度融合,在暑期和重要农事节点,通过开发山间徒步、村寨探秘、农耕体验、手工制作等文旅项目,吸引一批批外国游客,在梯田之上,沉浸式感受自然山水之美、东方农耕稻作和少数民族文化的魅力。

图说1:外国游客在广西龙胜各族自治县龙脊镇龙脊村体验稻谷收割和脱粒(2025年10月26日摄)。新华社发(韦吉阳 摄)

图说2:在广西龙胜各族自治县龙脊镇龙脊村,外国游客在村民家体验当地美食:竹筒饭(8月16日摄)。新华社记者 曹祎铭 摄