အဲ့အယ်တောစစ်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

အဲ့အယ်တောစစ် မြို့ရှိ ဝူးရှန်ချီ ၏ မြက်ခင်းပြင်များဆီသို့ လာရောက်လည်ပတ်ကာ ခရီးသွားများအနေဖြင့် ကျယ်ပြန့်လှသော  လွင်ပြင်များတစ်လျှောက် လတ်ဆတ်သည့် လေနုအေးကို ရှူရှိုက်ရင်း စိတ်လွတ်လက်လွတ် မြင်းကျောပေါ် ကဆုန်စိုင်းကာ ပြာလွင်သောမိုးကောင်းကင်နှင့် မျောလွင့်နေသော တိမ်တိုက်များအောက်တွင် လွတ်လွတ်လပ်လပ် ကျက်စားသွားလာနေကြသည့် ကျွဲ၊ နွားနှင့် သိုးအုပ်များကိုလည်း ကြည့်ရှုခံစားနိုင်ပေသည်။ မြို့ပြ၏ ရှုပ်ထွေးဆူညံမှုများနှင့် အလှမ်းဝေးရာ ထိုမြက်ခင်းပြင်သည် လန်းဆန်းတက်ကြွသည့် လွတ်လပ်မှုနှင့် စိတ်ပျော်ရွှင်မှုကို ပေးစွမ်းလျက်ရှိပေသည်။ (Xinhua)

……………………………………..

(English Version)

Charm Unveiled | Meet Uxin, Embrace the Romance of the Grasslands

Discover the grasslands of Uxin Banner in Ordos, where visitors can ride with the wind, gallop across vast open landscapes, and watch herds of cattle and sheep roam freely under blue skies and drifting clouds. Far from the hustle and bustle of the city, the grasslands offer a refreshing sense of freedom and joy.