
ဟောင်ကောင်၊ဆန်းကျန့်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)
ပြန်လည်အဆင့်မြှင့်မွမ်းမံ တည်ဆောက်ထားသည့် ဟွမ်ကန်နယ်စပ်ဂိတ်ကို အောက်တိုဘာ ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၆:၃၀ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံ ဆန်းကျန့်မြို့နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့အကြား နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှု ပိုမိုမြန်ဆန်ချောမွေ့စေခဲ့ကြောင်းသိရသည်။
အဆင့်မြှင့်မွမ်းမံထားသည့်နယ်စပ်ဂိတ်သည် ဟောင်ကောင်နှင့်ဆန်းကျန့်တို့အကြား ၂၄ နာရီလုံးဖွင့်လှစ်ထားသည့် အရေးအကြီးဆုံး ကုန်းလမ်းနယ်စပ်စစ်ဆေးရေးဂိတ်ဖြစ်သည်။ ၎င်းဂိတ်၌ တစ်နေရာတည်းတွင် ပူးတွဲစစ်ဆေးသည့်စနစ်မှ ပူးပေါင်းစစ်ဆေးခြင်းနှင့်ပူးတွဲနယ်စပ်ဖြတ်သန်းခွင့်ပြုခြင်း စနစ်သစ်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ခရီးသွားများအနေဖြင့် တစ်နေရာတည်းတန်းစီခြင်းဖြင့်ပင် ဟောင်ကောင်နှင့် ဆန်းကျန့် နှစ်ဘက်စလုံး၏ လူဝင်မှုကြီးကြပ်ရေးစစ်ဆေးမှုများ တစ်ပြိုင်နက်တည်း ပြီးစီးနိုင်မည် ဖြစ်သည်။
ယခု စစ်ဆေးရေးနည်းလမ်းသစ်ကြောင့် ယခင် လော့မာကျိုး၊ ဟွမ်ကန်ဂိတ်တွင် မိနစ် ၃၀ ခန့် ကြာမြင့်သည့် စစ်ဆေးချိန်ကို ငါးမိနစ်ခန့်အထိ လျှော့ချပေးနိုင်မည် ဖြစ်သည်။
ပြန်လည်အဆင့်မြှင့်ထားသည့် ဂိတ်ဒီဇိုင်းအရ တစ်ရက်လျှင် ခရီးစဉ်ပေါင်း ၂၀၀,၀၀၀ ကိုင်တွယ်ဆောင်ရွက်နိုင်ပြီး အနာဂတ်တွင် ဟောင်ကောင် MTR ကော်ပိုရေးရှင်း၏ မြောက်ပိုင်းဆက်သွယ်ရေးရထားလမ်းပိုင်း စတင်ပြေးဆွဲပါက တစ်ရက်လျှင် ခရီးစဉ် ၃၀၀,၀၀၀ ခန့်အထိ တိုးမြှင့်လက်ခံနိုင်မည် ဖြစ်သည်။
အဆိုပါနယ်စပ်ဂိတ်တွင် ပူးပေါင်းစစ်ဆေးရေးအလိုအလျောက်ဂိတ်ပေါက် ၁၃၄ ခုနှင့် သမားရိုးကျ လူကိုယ်တိုင် စစ်ဆေးသည့်ကောင်တာ ၆၈ ခုကို ဘေးချင်းယှဉ်လျက် ဖွင့်လှစ်ထားသည်။ ခရီးသည်များသည် အလိုအလျောက်စစ်ဆေးရေးဂိတ်ပေါက်များအပြင် လူကိုယ်တိုင်စစ်ဆေးသည့်ကောင်တာများမှတစ်ဆင့်လည်း နယ်စပ်ဖြတ်သန်းခွင့် ရယူနိုင်သည်။
ဟွမ်ကန်နယ်စပ်ဂိတ်မှတစ်ဆင့် ဟောင်ကောင်မှ ဆန်းကျန့်သို့ သွားရောက်သည့် ခရီးသည် မစ္စဝမ် က “သိပ်ကိုဆင်ပြေပြီး အလွန်ပဲမြန်ဆန်ပါတယ်” ဟု ပြောကြားခဲ့သည်။ ယခင်က နယ်စပ်ဖြတ်ကျော်ရန် ကြိုပို့ ဘတ်စ်ကားစီးရသောကြောင့် အချိန်အများကြီးကုန်ခဲ့ရကြောင်း ယခုအခါ တစ်နေရာတည်း၌ ပူးတွဲစစ်ဆေးသည့်စနစ်ကြောင့် ထိရောက်မြန်ဆန်မှုသိသိသာသာတိုးတက်လာကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဆန်းကျန့်မှ ဟောင်ကောင်သို့ အလည်အပတ်လာရောက်သည့် ခရီးသည် မစ္စတာ ချန် ကလည်း “နှစ်ဖက်စလုံးက အရာရှိတွေ တစ်နေရာတည်းမှာ အတူတကွအလုပ်လုပ်တာကြောင့် ခရီးသည်တွေဟာ ဟောင်ကောင်နဲ့ ဆန်းကျန့် နှစ်ဖက်စလုံးရဲ့ စစ်ဆေးမှုလုပ်ငန်းစဉ်တွေကို တစ်ကြိမ်တည်းနဲ့ပြီးစီးနိုင်လို့ အလွန်ကိုထိရောက်မှုရှိပါတယ်” ဟု ပြောကြားခဲ့သည်။
၁၉၈၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော မူလဟွမ်ကန်နယ်စပ်ဂိတ်သည် ၂၄ နာရီပတ်လုံး စစ်ဆေးပေးသည့် တရုတ်နိုင်ငံ၏ ပထမဆုံး အကြီးစားကုန်းတွင်းနယ်စပ်ဂိတ်ဖြစ်သည်။ ၎င်းသည် ခရီးသည် သန်းပေါင်းများစွာကို ဝန်ဆောင်မှုပေးခဲ့ပြီး နေ့စဉ်ခရီးသွားလာမှုအများဆုံးအချိန်တွင် ခရီးသည် ၆၀,၀၀၀ ကျော်နှင့် မော်တော်ယာဉ် ၁၀,၀၀၀ ခန့် ဖြတ်သန်းခဲ့ဖူးကြောင်းသိရသည်။ (Xinhua)

…………….
(English Version)
Redeveloped port opens for easier cross-border travel between China's Shenzhen, Hong Kong
HONG KONG/SHENZHEN, Oct. 12 (Xinhua) -- The redeveloped Huanggang Port opened at 6:30 a.m. local time on Monday, streamlining cross-border passenger travel between China's Shenzhen and Hong Kong Special Administrative Region.
The redeveloped port is positioned as the most important 24-hour passenger land boundary control point between Hong Kong and Shenzhen. It operates under a co-location arrangement with a new "collaborative inspection and joint clearance" mode, allowing travelers to complete both Hong Kong and Shenzhen immigration clearance in a single queue.
Under this new clearance mode, clearance time will be significantly reduced from around 30 minutes at the original Lok Ma Chau/Huanggang Port to approximately five minutes.
The design flow of the redeveloped port is 200,000 passenger trips per day, and could be further increased to about 300,000 upon the future commissioning of the Northern Link Spur Line of Hong Kong's MTR Corporation Limited.
The port has 134 "collaborative inspection" automated channels and 68 traditional manual counters set up side by side. In addition to the automated channels, travelers can also clear customs using the manual counters.
"It is very convenient and extremely fast," Ms. Wong, a traveler heading from Hong Kong to Shenzhen via Huanggang Port, said, adding that crossing the border previously required taking a shuttle bus, which was very time-consuming, but the new co-location arrangement has significantly improved efficiency.
"Officers from both sides work in the same area, allowing travelers to complete clearance procedures for both Hong Kong and Shenzhen in one go, which is highly efficient," Mr. Chen, a tourist visiting Hong Kong from Shenzhen, said.
The original Huanggang Port, which opened in 1989, was China's first large-scale land port with 24-hour clearance. It has served hundreds of millions of travelers, with daily passenger traffic peaking at over 60,000 and daily vehicle traffic reaching around 10,000.
Photo caption: Passengers walk at the departures hall of the Huanggang Port in Shenzhen, south China's Guangdong Province, Oct. 12, 2026. (Xinhua/Liang Xu)








