
ပေကျင်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ လူငယ်ရှေ့ဆောင်အဖွဲ့ တည်ထောင်သည့်နေ့ နီးကပ်လာသည့်အချိန်တွင် ပေကျင်းမြို့ရှိ အမှတ် ၂ စမ်းသပ်မူလတန်းကျောင်းသည် ကျောင်း၏ လူငယ်ရှေ့ဆောင်အဖွဲ့ခွဲ ၁၃၅ ဖွဲ့အတွက် လုပ်ငန်းနယ်ပယ်အသီးသီးမှ ကျောင်းပြင်ပ လမ်းညွှန်ဆရာများကို ခန့်အပ်ခဲ့ပြီး နိုင်ငံရေးနှင့် အတွေးအခေါ်ပိုင်းရေးရာ ဆရာအင်အားကို တိုးချဲ့ခဲ့သည်။
ကျောင်းပြင်ပ လမ်းညွှန်ဆရာများသည် မိမိတို့၏ ကိုယ်တွေ့အတွေ့အကြုံများနှင့် ပေါင်းစပ်ကာ ခေတ်စနစ်ဆိုင်ရာ ဖြစ်ရပ်မှန်အကြောင်းအရာများကို မျှဝေပြောပြခဲ့ကြပြီး၊ လူ့အဖွဲ့အစည်းတည်းဟူသော ကျယ်ပြန့်နက်ရှိုင်းသည့် “သင်ရိုးညွှန်းတမ်း” ကို စာသင်ခန်းအတွင်းသို့ အရောက်ယူဆောင်လာခဲ့ကြသည်။
ကျောင်းသည် မိသားစု၊ ကျောင်းနှင့် လူမှုအသိုက်အဝန်းတို့ ပူးပေါင်းကာ ကလေးများကို ပြုစုပျိုးထောင်ပေးသည့် ပလက်ဖောင်းကို အခြေခံ၍ အတွေးအခေါ်နှင့် နိုင်ငံရေးပညာပေးလုပ်ငန်းများကို တိတ်တဆိတ် ထိရောက်စွာ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံနှင့် မိသားစုအပေါ် ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို နက်ရှိုင်းစွာ ပျိုးထောင်ပေးပြီး လူငယ်ရှေ့ဆောင်အဖွဲ့ဝင်များအနေဖြင့် ဘဝခရီး၏ ပထမဆုံးခြေလှမ်းကို မှန်ကန်စွာ လှမ်းနိုင်ရန် လမ်းညွှန်ပေးလျက်ရှိသည်။ (Xinhua)
------------------------------------------
(Chinese Version)
校外辅导员把社会 “教科书” 搬进课堂
10月12日,在中国少年先锋队建队日来临之际,北京第二实验小学为全校135个中队聘请了各行各业的校外辅导员,壮大思政师资队伍。校外辅导员结合自身经历讲述时代故事,将社会这本厚重的 “教科书” 搬进课堂。学校依托校家社协同育人平台,润物无声开展思政教育,厚植家国情怀,引导少先队员扣好人生第一粒扣子。
图说 1 :10月12日,来自各行各业的校外辅导员与学生们见面。新华社记者 金良快 摄
图说 2 :10月12日,校外辅导员为学生讲述长征故事。新华社记者 金良快 摄








