တရုတ်နိုင်ငံ ဟဲပေပြည်နယ် ဟန်သန်းမြို့ စူပါမားကတ်တစ်ခုတွင် အအေးဝယ်ယူနေသော ကလေးငယ်တစ်ဦးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟဲပေပြည်နယ် ဟန်သန်းမြို့ စူပါမားကတ်တစ်ခုတွင် အအေးဝယ်ယူနေသော ကလေးငယ်တစ်ဦးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

နှစ်နှစ်ကြာသည့် ခန္ဓာကိုယ်အလေးချိန် လျှော့ချမှု အစီအစဉ်အား ကျပန်းနှိုင်းယှဉ်စမ်းသပ်ချက်အရ   ခန္ဓာကိုယ်အလေးချိန် လျှော့ချခြင်းနှင့် ရေရှည်ကိုယ်အလေးချိန် ထိန်းသိမ်းထားမှုအပိုင်းတွင် အာဟာရဓာတ် မပါဝင်သော အချိုအရသာအရည်ပါ သကြားမဲ့ဖျော်ရည်၏ သောက်သုံးမှုရလဒ်သည် ရေသောက်မှုနှင့် နီးပါးတူညီကြောင်း ဗြိတိန်နိုင်ငံ လီဗာပူးတက္ကသိုလ်၏ မကြာသေးမီက သတင်းထုတ်ပြန်ချက်အရ သိရသည်။ သက်ဆိုင်ရာစာတမ်းကို “British Journal of Nutrition” ထုတ်ပြန်ထားပြီးဖြစ်သည်။

လီဗာပူးတက္ကသိုလ် သုတေသနပြုဝန်ထမ်းများ ဦးဆောင်သောအဖွဲ့သည် အဆိုပါစမ်းသပ်ချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကိုယ်အလေးချိန်မြင့်မားသော သို့မဟုတ် အဝလွန်သော အရွယ်ရောက်သူ စုစုပေါင်း ၄၉၃ ဦးကို ထည့်သွင်း စမ်းသပ်ခဲ့သည်။ အဆိုပါစမ်းသပ်ချက်တွင် ပါဝင်သူအားလုံးသည် ခန္ဓာကိုယ်အလေးချိန် စီမံခန့်ခွဲမှုအတွက် သတ်မှတ်အစီအစဉ်ကို လက်ခံကြသည်။

၎င်းတို့သည် အုပ်စုနှစ်စုအဖြစ် ကျပန်းခွဲခံထားရကာ နေ့စဉ် ရေကိုတစ်အုပ်စု၊ ဈေးကွက်အတွင်း ရောင်းချသော သကြားမဲ့ အချိုရည်ကို တစ်အုပ်စု သတ်မှတ်ပမာဏအတိုင်း သောက်သုံးကြရသည်။ သကြားမဲ့ အချိုရည်၌ အဓိကအားဖြင့် Aspartame ၊ acesulfame နှင့် Sucralose တို့ပါဝင်ပြီး  ပမာဏမှာ ဥရောပ အစားအစာ ဘေးကင်းမှု အာဏာပိုင်အဖွဲ့ (EFSA) က သတ်မှတ်ထားသော ဘေးကင်းစွာအသုံးပြုနိုင်သည့် အတိုင်းအတာထက် နည်းပါးကြောင်း သိရသည်။

သုတေသနပြုလုပ်မှုကို သီတင်းပတ် ၁၀၄ ပတ်အထိ ပြုလုပ်ခဲ့ချိန်တွင် စုစုပေါင်း ပါဝင်သူ ၂၂၀ ဦးက နောက်ဆက်တွဲ မေးမြန်းဖြေကြားမှုများ လုပ်ဆောင်ပြီးခဲ့သည်။ ရလဒ်အရ သကြားမဲ့ အချိုရည် သောက်သုံးသည့်အုပ်စုသည် ပျမ်းမျှအားဖြင့် ကိုယ်အလေးချိန် ၄.၈ ကီလိုဂရမ် လျော့ကျသွားပြီး ရေသောက်သူအုပ်စုသည် ပျမ်းမျှ ကိုယ်အလေးချိန် ၃.၇ ကီလိုဂရမ် လျော့ကျသွားခဲ့ရာ အုပ်စုနှစ်စု၏ ကွာဟချက်မှာ ကိန်းဂဏန်းပမာဏအရ သိသိသာသာခြားနားမှုမရှိပေ။

သို့သော် အဆိုပါသုတေသနပြုလုပ်မှုသည် အဓိကအားဖြင့် သကြားမဲ့ဖျော်ရည်က ခန္ဓာကိုယ်အလေးချိန် လျှော့ချမှုအပေါ် သက်ရောက်မှုအား အဓိကအာရုံစိုက်ထားခြင်း ဖြစ်ပြီး လူခန္ဓာကိုယ်၏ အခြားအညွှန်းကိန်းများအပေါ် သက်ရောက်မှုကိုမူ များစွာသုတေသနပြုလုပ်ထားခြင်းမရှိကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ မန္တလေးမြို့တွင် အမျိုးသမီးတစ်ဦးက ရေအဝသောက်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးမြို့တွင် အမျိုးသမီးတစ်ဦးက ရေအဝသောက်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

研究称在减肥方案中无糖甜味饮料效果与喝水相近

新华社伦敦10月7日电(记者张家伟)英国利物浦大学日前发布消息说,一项为期两年的减肥方案随机对照试验显示,在减肥和长期体重维持方面,饮用含非营养性甜味剂的无糖饮料与喝水的效果相当。相关论文已发表于《英国营养学杂志》。  

利物浦大学研究人员领衔的团队开展了这项试验,共纳入493名超重或肥胖成年人。所有参与者均接受结构化行为体重管理方案,并被随机分为两组,每天分别饮用一定量的水或市售无糖甜味饮料。后者所含甜味剂主要包括阿斯巴甜、安赛蜜和三氯蔗糖,用量均低于欧洲食品安全局规定的安全限值。  

研究进行至104周时共有220名参与者完成随访。结果显示,无糖甜味饮料组平均减重4.8公斤,饮水组平均减重3.7公斤,两组差异无统计学意义。不过,这项研究主要关注无糖饮料对减重的影响,至于对人体其他生理指标的影响未做过多研究。(完)

7月28日,在甘肃省天水市武山县的一家餐馆,顾客品尝浆水排骨和浆水饮料。新华社发(王克贤 摄)

图说1:2020年7月9日,一名小朋友在河北省邯郸市一家超市购买饮料。新华社发(李昊 摄)

图说2:2025年3月31日,在缅甸曼德勒,一名女子大口喝水。新华社记者 才扬 摄