အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန တည်ရှိရာ ပင်တဂွန်စစ်ဌာနချုပ်အား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန တည်ရှိရာ ပင်တဂွန်စစ်ဌာနချုပ်အား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် မကြာသေးမီက အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) အား အီရန်အပေါ် အကြီးစားစစ်ရေးလှုပ်ရှားမှု ပြန်လည်စတင်ရန် ပြင်ဆင်ရေးလုပ်ငန်းများအား ရက်အနည်းငယ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရေးအတွက် ညွှန်ကြားထားပြီးဖြစ်ကြောင်း အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်က အောက်တိုဘာ ၇ ရက်တွင် အမေရိကန် အစိုးရအရာရှိများစွာကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။

အဆိုပါညွှန်ကြားချက်တွင် တိုက်ခိုက်မှုလုပ်ဆောင်မည့် အသေးစိတ်ရက်စွဲအား ဖော်ပြထားခြင်းမရှိကြောင်း၊ အမေရိကန် သမ္မတ ထရမ့်က နောက်ဆုံး ဆုံးဖြတ်ချက်မချသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။ သို့သော် အမေရိကန်နှင့် အစ္စရေးသတင်းအရင်းအမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ သက်ဆိုင်ရာလှုပ်ရှားမှုသည် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ လုပ်ဆောင်နိုင်ခြေရှိကြောင်း၊ သို့မဟုတ် အောက်တိုဘာလကုန် အစ္စရေးလွှတ်တော်ရွေးကောက်ပွဲ မတိုင်မီ လုပ်ဆောင်နိုင်ခြေရှိသည်ဟု သတင်းအရ သိရသည်။

အကြီးစားစစ်ရေးလှုပ်ရှားမှု ပြန်လည်စတင်ပါက အမေရိကန်စစ်တပ်သည် အီရန်၏ စွမ်းအင်အဆောက်အဦများ၊ အခြေခံအဆောက်အဦများနှင့် နျူကလီးယားပစ်မှတ် စသည်တို့အား အကြီးစား ဗုံးကြဲမှု လုပ်ဆောင်မည်ဟု ခန့်မှန်းရကြောင်း သတင်းအရင်းအမြစ်က ဆိုသည်။

ထရမ့်၏ အမျိုးသားလုံခြုံရေးအဖွဲ့သည် အောက်တိုဘာ ၂ ရက်တွင် မေရီလန်းပြည်နယ် သမ္မတ အပန်းဖြေရာနေရာ ဒေးဗစ်စခန်း၌ နာရီအနည်းငယ်ကြာ တံခါးပိတ်အစည်းအဝေး ကျင်းခဲ့ပြီး အီရန်အပေါ် အကြီးစားစစ်ရေးလှုပ်ရှားမှု ပြန်လည်ဖော်ဆောင်မည်လောကို ဆွေးနွေးခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် အမေရိကန်-အီရန် ဆွေးနွေးညှိနှိုင်းမှုမှာ လက်ရှိ၌ တိုးတက်မှု မရှိသေးကြောင်း၊ ကြားဝင်စေ့စပ်သည့် ကာတာသည် အမေရိကန်နောက်ဆုံး အဆိုပြုချက်အပေါ် အီရန်၏ တုံ့ပြန်ချက်အား စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း၊ ထိုအဆိုပြုချက်တွင် အီရန်က ၎င်း၏ ယူရေနီယမ်သန့်စင်မှုစွမ်းရည်အား လျှော့ချရန် တောင်းဆိုချက်လည်း ပါဝင်ကြောင်း သတင်းတွင်‌ ဖော်ပြထားသည်။ (Xinhua)

---------------------

(Chinese Version)

美媒:美军为再次大规模打击伊朗做准备

新华社华盛顿10月7日电 美国阿克西奥斯新闻网7日援引多名美国官员消息报道称,美国国防部日前已指示美军中央司令部,在数日内完成对伊朗重启大规模军事行动的准备工作。  

报道称,该指令并未给出发动打击的具体日期,美国总统特朗普尚未作出最终决定。但报道援引美国和以色列消息人士的话称,相关军事行动可能在美国中期选举前实施,或可能在10月末以色列议会选举前展开。消息人士称,如果大规模军事行动重启,预计美军将对伊朗的能源设施、基础设施以及核目标等进行大规模轰炸。  

报道还称,特朗普的国家安全团队2日在马里兰州总统度假地戴维营举行数小时的闭门会议,讨论是否恢复针对伊朗的大规模军事行动。与此同时,美伊谈判目前仍未取得进展,调停方卡塔尔仍在等待伊朗对美方最新提议作出回应,提议包括要求伊朗削弱其铀浓缩能力。(完)

图说:这是从空中拍摄的美国国防部所在地五角大楼(2020年2月19日摄)。新华社记者刘杰摄