ဝူဟန့်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် “ကောင်းကင်ရထား” ဖြင့် မြို့ကောင်းကင်ယံ၌ ငြိမ့်ငြိမ့်ညောင်းညောင်း သွားလာရသည့် တစ်မူထူးခြားသော ခံစားမှုကို ကိုယ်တိုင်ကြုံတွေ့ခံစားခြင်းသည် မဖြစ်မနေ ခံစားကြည့်သင့်သည့် ဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ၌ ပထမဆုံး လည်ပတ်ပြေးဆွဲသော တွဲလောင်း တစ်လမ်းပြေးရထားလမ်းသည် ထွန်းသစ်စ အဆင့်မြင့်နည်းပညာများ စုစည်းရာ Optics Valley ကို ဖြတ်သန်းပြေးဆွဲလျက်ရှိသည်။ ယင်းအား ၂၀၂၃ ခုနှစ်တွင် စတင်ပြေးဆွဲချိန်မှစ၍ လာရောက်လည်ပတ်မှု အကြိမ်ရေ ၂.၆ သန်း နီးပါးရှိခဲ့သည်။ (Xinhua)
.................................
(English Version)
Experience the city's "sky train" in Wuhan
Experiencing a unique sensation of gliding above the city on a "sky train" has become a must-see attraction in Wuhan, China. As China's first operational suspended monorail line, it runs through Optics Valley, an emerging high-tech cluster. Since its launch in 2023, it has attracted nearly 2.6 million visits.








