
ဝါရှင်တန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)
ဒေသတွင်း၌ ရေငုပ်သင်္ဘောများ၊ ရေငုပ်သင်္ဘော အစိတ်အပိုင်းများနှင့် မောင်းသူမဲ့ ရေငုပ်ယာဉ်များ ထုတ်လုပ်ရန်အတွက် ကန်ဒေါ်လာ ၆.၆ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ သင်္ဘောကျင်းအသစ်တစ်ခုကို တည်ဆောက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က မေရီလန်းပြည်နယ် Sparrows Point ၌ အောက်တိုဘာ ၆ ရက်တွင် မိန့်ခွန်းပြောကြားစဉ် ကြေညာခဲ့သည်။
ထရမ့်က မိန့်ခွန်းပြောကြားရာတွင် သင်္ဘောကျင်းအသစ်သည် မျိုးဆက်သစ် အမေရိကန် ရေငုပ်သင်္ဘောများကို တည်ဆောက်မည်ဖြစ်ပြီး မောင်းသူမဲ့ရေငုပ်ယာဉ်များ၊ တော်ပီဒို ပစ်လွှတ်ပြွန်များအပြင် "ဗာဂျီးနီးယား" အမျိုးအစား တိုက်ခိုက်ရေး နျူကလီးယား ရေငုပ်သင်္ဘောများ၏ အဓိက အစိတ်အပိုင်းများကိုပါ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါ စီမံကိန်းသည် မေရီလန်းပြည်နယ်တွင် အလုပ်အကိုင် အခွင့်အလမ်း ၃,၁၀၀ ကျော်ကို ဖန်တီးပေးမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလုပ်အကိုင် အခွင့်အလမ်း ၁၁,၀၀၀ ကိုပါ ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့တွင် ထုတ်ပြန်ခဲ့သော သတင်းအချက်အလက်များအရ အဆိုပါ သင်္ဘောကျင်းသည် "အမေရိကန်နိုင်ငံအတွင်း အလားတူ အဆောက်အအုံများအနက် အကြီးဆုံး အဆောက်အအုံ" ဖြစ်လာရန် ခန့်မှန်းထားပြီး အမေရိကန် စစ်လက်နက်ပစ္စည်း ကုမ္ပဏီတစ်ခုဖြစ်သော Anduril Industries က တည်ဆောက်ရေးနှင့် လည်ပတ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် ယင်းအတွက် ကန်ဒေါ်လာ ၃.၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး အမေရိကန် ရေတပ်ကလည်း ကန်ဒေါ်လာ ၂.၉ ဘီလီယံ ထည့်ဝင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
-----------------------------
(Chinese Version)
特朗普宣布投资66亿美元建厂造潜艇
新华社华盛顿10月6日电(记者黄强 徐剑梅)美国总统特朗普6日在马里兰州斯帕罗斯角发表讲话,宣布将投资66亿美元在当地新建一家造船厂,以生产潜艇、潜艇零部件和无人潜航器。
特朗普在讲话中说,新造船厂将建造下一代美国潜艇,制造包括无人潜航器、鱼雷发射管以及“弗吉尼亚”级攻击型核潜艇的关键部件。
特朗普还说,该项目将在马里兰州创造超过3100个就业岗位,并将在全国范围内带动1.1万个就业岗位。
根据美国防部当天发布的消息,该造船厂预计将成为“美国同类设施中规模最大的一座”,将由美军工企业安杜里尔工业公司负责建设与运营。该公司将为此投资37亿美元,而美海军将投入29亿美元。(完)
图说:7月14日,美国总统特朗普(中)在华盛顿白宫迎候伊拉克总理扎伊迪(未在画面中)。新华社发(李源清摄)








