ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကတ်စ်၌ ဗင်နီဇွဲလားနိုင်ငံ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကတ်စ်၌ ဗင်နီဇွဲလားနိုင်ငံ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကတ်စ်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

အင်္ဂလန်ဘဏ် (ဗြိတိန်ဗဟိုဘဏ်) အနေဖြင့် ၎င်းတို့ ထိန်းသိမ်းထားသော ဗင်နီဇွဲလားနိုင်ငံ၏ အရန်ရွှေများ ပြန်လည်ပေးအပ်ရန် ဗင်နီဇွဲလားနိုင်ငံ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ် (Delcy Rodriguez) က အောက်တိုဘာ ၂၈ ရက်တွင် တောင်းဆိုခဲ့သည်။

ရိုဒရီဂွက်ဇ်က ထိုနေ့က အစိုးရအဖွဲ့ဝင်များနှင့်အစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် ထိုကဲ့သို့မှတ်ချက်ပြုခဲ့ပြီး ယင်းကို ဗင်နီဇွဲလားနိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့်ထုတ်လွှင့်ခဲ့သည်။ ဗြိတိန်နိုင်ငံက ဗင်နီဇွဲလာနိုင်ငံအား ရွှေများကိုထုတ်ယူသုံးစွဲခွင့်ပိတ်ပင်ထားခြင်းသည် ဗင်နီဇွဲလား၏ အရန်ရွှေများကို တရားမဝင်သိမ်းယူရန် ရည်ရွယ်သည့် “ဟာသဇာတ်လမ်း” သာဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံခြားရေးနှင့် နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးတို့သည် အဆိုပါရွှေများ ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာ ယန္တရားများကို စတင်လည်ပတ်အောင် လုပ်ဆောင်မည်ဖြစ်သည်။

ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံပါတီအချို့မှ ကိုယ်စားလှယ်များ၏ တတိယအကြိမ်မြောက် နိုင်ငံရေးဆွေးနွေးပွဲသည် အောက်တိုဘာ ၂၁ ရက်တွင် ပြီးဆုံးခဲ့သည်။ နှစ်ဖက်လုံးသည် ဗြိတိန်ဘဏ်၌ ထားရှိသော ရွှေများ ပြန်လည်ထုတ်ယူနိုင်ရန် ဗြိတိန်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်မည့် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။

ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံများသည် အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့်တန်ဖိုးရှိ ၎င်းတို့နိုင်ငံ၏ အရန်ရွှေများကို အင်္ဂလန်ဘဏ်မှ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ဖက်ဒရယ်အရန်ဘဏ်သို့ လွှဲပြောင်းရန် သဘောတူညီမှုရတော့မည်ဖြစ်ကြောင်း၊ အဆိုပါရွှေများကို “ဇွန် ၂၄ ရက်” ဖျက်အားကြီး ငလျင်အပြီး  ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အပါအဝင် အစိုးရ၏ကုန်ကျစရိတ်အမျိုးမျိုးအတွက် ချေးငွေအပေါင်ပစ္စည်းအဖြစ် အသုံးပြုမည်ဖြစ်ကြောင်း Financial Times သတင်းစာက စက်တင်ဘာ ၁၈ ရက်တွင် သက်ဆိုင်ရာအရင်းအမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

ဗင်နီဇွဲလားသည် ဗြိတိန်ဗဟိုဘဏ်တွင် ရွှေ ၃၁ တန် အပ်နှံထားသည်။ ၂၀၁၈ ခုနှစ် ဗင်နီဇွဲလားအထွေထွေရွေးကောက်ပွဲအပြီးတွင် အမေရိကန်၊ ဗြိတိန်စသည့်နိုင်ငံများက နီကိုလပ်စ် မာဒူရို သမ္မတအဖြစ် ရွေးကောက်ခံရခြင်းကို အသိအမှတ်မပြုကြသဖြင့် ဗြိတိန်ဗဟိုဘဏ်က ယင်းကို အကြောင်းပြ၍ ဗင်နီဇွဲလားနိုင်ငံ၏ရွှေများကို ပိတ်ဆို့ထားခဲ့သည်။ မာဒူရိုအစိုးရသည် ရွှေများ ထုတ်ယူခွင့်ပိတ်ပင်ထားခြင်းကို ပယ်ဖျက်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ (Xinhua)

.............................

(Chinese Version)

委内瑞拉代总统要求英格兰银行归还黄金储备

新华社加拉加斯10月28日电(记者田睿)委内瑞拉代总统德尔西·罗德里格斯28日要求英国央行英格兰银行归还其所持有的委内瑞拉黄金储备。  

罗德里格斯当天与内阁成员会晤时通过委国家电视台发表讲话。她说,英方冻结委黄金是一场“闹剧”,旨在非法攫取委国家黄金储备。委外交与外贸部和总检察长办公室将启动相关机制,以确保这些黄金被归还。  

委内瑞拉政府与部分反对派代表21日结束第三轮政治对话。双方同意成立一个联合委员会,与英国相关机构进行交涉,争取解冻存放在英格兰银行的黄金。  

英国《金融时报》9月18日援引知情人士消息报道说,委内瑞拉政府和反对派即将达成协议,将该国价值约40亿美元的黄金储备从英国英格兰银行转移至美国纽约联邦储备银行。这些黄金可能被用作政府借贷的抵押物,用于支付包括“6·24”连环强震重建工作在内的各项支出。  

委内瑞拉在英国央行存有31吨黄金。2018年委内瑞拉大选后,美英等国拒绝承认尼古拉斯·马杜罗当选总统,英国央行以此为由冻结委方黄金。马杜罗政府多次寻求解冻未果。(完)

图说:1月15日,在委内瑞拉首都加拉加斯,委内瑞拉代总统德尔西·罗德里格斯发表国情咨文。新华社发(马科斯·萨尔加多摄)