
မော်စကို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံက တိုကျို၏ ချစ်ကြည်ရင်းနှီးမှုမရှိသည့် အစီအမံများကို အလားတူတန်ပြန်အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ပထမဦးစွာ ဂျပန်နိုင်ငံအတွက် အရေးကြီးအကျိုးစီးပွားများရှိသည့် နယ်ပယ်များကို ပစ်မှတ်ထားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova က အောက်တိုဘာ ၅ ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ပေါ်၌ မှတ်ချက်ပြုဖော်ပြခဲ့သည်။
The Nikkei သတင်းဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ ဂျပန်အစိုးရသည် အောက်တိုဘာ ၂ ရက် အစိုးရအဖွဲ့အစည်းအဝေး၌ ရုရှားနိုင်ငံအပေါ် ထပ်တိုးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားရန် ရုရှားက ရေနံစိမ်းများကို လျှို့ဝှက်သယ်ယူပို့ဆောင်သည်ဟု ဆိုထားသည့် "အရိပ်သင်္ဘောအဖွဲ့" အတွင်းမှ သင်္ဘော ၃၅ စင်းအပေါ် ဂျပန်အစိုးရက မူအားဖြင့် ၎င်းတို့အား လည်ပတ်ဆောင်ရွက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အာမခံနှင့် ဘဏ္ဍာရေးထောက်ပံ့မှု စသည့် ဝန်ဆောင်မှုများ ပေးအပ်ခြင်းကို တားမြစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
Zakharova က ဂျပန်က နိုင်ငံတကာဥပဒေနှင့် နှစ်နိုင်ငံသဘောတူညီချက်များကို လျစ်လျူရှုကြောင်း ပြသလိုက်ရာ ဂျပန်အစိုးရ၏ ဆောင်ရွက်ချက်များက ရုရှား-ဂျပန် ဆက်ဆံရေးကို ပိုမိုယိုယွင်းသွားစေခဲ့ကြောင်း ပြောကြားခဲ့သည်။ တိုကျိုက ကျင့်သုံးနေသည့် သံတမန်ရေးရာမူဝါဒသည် လွတ်လပ်မှုမရှိသလို "မိမိနိုင်ငံ၏ အကျိုးစီးပွားများဖြင့် ဆုံးဖြတ်ခြင်းမဟုတ်ဘဲ"၊ "စိတ်သဘောထားတူသူများ" ဟူသည်နှင့်သာ အဆက်မပြတ် လိုက်လျောညီထွေဖြစ်အောင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
-----------------------------
(Chinese Version)
俄外交部:将对日本新的反俄措施采取对等反制
新华社莫斯科10月5日电(记者侯鸣)俄罗斯外交部发言人扎哈罗娃5日在俄外交部网站发表评论说,俄方将对东京的不友好举措采取对等反制,首先针对那些对日本具有重要利益的领域。
据《日本经济新闻》网站报道,日本政府2日在内阁会议上决定对俄罗斯实施追加制裁。针对所谓俄罗斯为规避西方制裁而秘密运输原油的“影子船队”中的35艘船舶,日本政府原则上禁止向其提供运营、维修、保险及融资等服务。
扎哈罗娃表示,日方表现出对国际法和双边协定的漠视,日本政府的举动使俄日关系进一步恶化。她表示,东京所推行的外交方针缺乏独立性,“并非由本国利益所决定”,而是一味地与所谓“志同道合者”保持一致。(完)
图说:这张视频截图显示,2025年12月25日,俄罗斯外交部发言人扎哈罗娃在莫斯科举行的外交部例行记者会上讲话。新华社发








