ဝါရှင်တန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတထရမ့်က “စူပါဉာဏ်ရည်လုပ်ငန်းအဖွဲ့” (Super Intelligence Force) ဖွဲ့စည်းကြောင်းကြေညာကာ အမျိုးသားထောက်လှမ်းရေးဒါရိုက်တာ Jay Clayton အပါအဝင် ခေါင်းဆောင်အဖွဲ့ကို ခန့်အပ်ခဲ့ကြောင်း အောက်တိုဘာ ၄ ရက်တွင် လူမှုကွန်ရက်ပေါ်၌ ရေးသားဖော်ပြခဲ့သည်။
ထရမ့်က ယင်းလုပ်ငန်းအဖွဲ့၏တာဝန်မှာ ဖက်ဒရယ်အစိုးရ၏လုပ်ငန်းအသီးသီးကို ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ပြီး “စူပါဉာဏ်ရည်နယ်ပယ်တွင် အမေရိကန်သည် ကမ္ဘာ့ဦးဆောင်နေရာအား ဆက်လက်ထိန်းသိမ်းနိုင်ရေးကို သေချာစေရန်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းလုပ်ငန်းအဖွဲ့သည် ဖက်ဒရယ်အစိုးရနှင့် စားသုံးသူများ၊ ပြည်သူ့အကျိုးပြု အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ အခြေခံအဆောက်အအုံထောက်ပံ့ပေးသူများနှင့် ဉာဏ်ရည်တုလုပ်ငန်းကုမ္ပဏီများအကြား အပြန်အလှန်ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ယူလုပ်ဆောင်မည်ဖြစ်သည်။ ၎င်းခေါင်းဆောင်အဖွဲ့တွင် Clayton ၊ အမေရိကန် ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင် ဥက္ကဋ္ဌ Andrew Ferguson ၊ ကာကွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး Emil Michael နှင့် ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုရုံး ညွှန်ကြားရေးမှူး Scott Kupor တို့ ပါဝင်ပြီး အမေရိကန်သမ္မတနှင့် အိမ်ဖြူတော်ရုံးအဖွဲ့အကြီးအကဲ Susie Wiles ထံ တိုက်ရိုက်အစီရင်ခံမည်ဖြစ်သည်။
ထရမ့်က စက်တင်ဘာ ၂၉ ရက်တွင် အမိန့်ကြေညာစာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ပြီး “ဉာဏ်ရည်တု (AI)” ဟူသော အသုံးအနှုန်းကို “စူပါဉာဏ်ရည် (SI)” ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ ထိုနေ့တွင်ပင် အမေရိကန်နည်းပညာလုပ်ငန်းကုမ္ပဏီအများအပြား၏ တာဝန်ခံများသည် အိမ်ဖြူတော်၌ “အိမ်ဖြူတော်စူပါဉာဏ်ရည်သဘောတူညီချက် - ရှေ့တန်းတာဝန်ယူမှုဆိုင်ရာပူးတွဲကတိကဝတ်” ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းသဘောတူညီချက်သည် ကုမ္ပဏီများအား ရှေ့တန်းဉာဏ်ရည်တုမော်ဒယ်များအပေါ် လုံခြုံရေးစီမံထိန်းချုပ်မှု အားကောင်းစေရေးကို ကတိကဝတ်ပြုရန် တောင်းဆိုထားသည်။ ထရမ့်က ယင်းသဘောတူညီချက်သည် “ကျင့်ဝတ်ဆိုင်ရာ စည်းနှောင်မှုအား” ရှိသည်ဟု ပြောကြားခဲ့သည်။ (Xinhua)
……………………
(Chinese Version)
特朗普宣布组建“超级智能工作组”
新华社华盛顿10月4日电(记者黄强 徐剑梅)美国总统特朗普4日在社交媒体发文,宣布组建“超级智能工作组”,并任命包括国家情报总监杰伊·克莱顿在内的领导团队。
特朗普说,该工作组的使命是协调联邦政府的各项工作,“确保美国在超级智能领域继续保持全球领先地位”。该工作组将负责协调联邦政府与消费者、公益团体、宗教组织、关键基础设施提供商及人工智能企业之间的互动与合作。其领导团队包括克莱顿、美国联邦贸易委员会主席安德鲁·弗格森、国防部副部长埃米尔·迈克尔以及人事管理局局长斯科特·库珀,将直接向美国总统及白宫办公厅主任苏茜·怀尔斯汇报工作。
特朗普9月29日签署行政令,将“人工智能”改称为“超级智能”。当天,美国多家科技企业负责人在白宫签署《白宫超级智能协议:前沿责任联合承诺》。该协议要求企业承诺加强对前沿人工智能模型的安全管控。特朗普称这份协议具有“道德约束力”。(完)








