တီဟီရန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

အီရန်သည် သံတမန်ရေးနည်းလမ်းဖြင့် “တရားမျှတပြီး သိက္ခာရှိသော” ဖြေရှင်းရေးနည်းလမ်း ရှာဖွေရန် ဆက်လက်လိုလားသော်လည်း ရန်သူက စစ်ရေးလှုပ်ရှားမှု ထပ်မံပြုလုပ်ပါက အီရန်အနေဖြင့် ယခင်ကထက် “ပို၍ဖျက်ဆီးနိုင်စွမ်းရှိသော” တန်ပြန်အရေးယူမှုကို ဆောင်ရွက်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့တွင် တီဟီရန်၌ အီရန်နိုင်ငံရှိ သံတမန်များနှင့် တွေ့ဆုံစဉ် အာရက်ဂ်ချီက အီရန်သည် ကိုယ်ပိုင်လုံခြုံရေးကို ကာကွယ်ရန်နှင့် သံခင်းတမန်ခင်းအရတိုးတက်မှုရှိအောင်ကြိုးပမ်းရာတွင် လေးနက်သောသဘောထားနှင့် ခိုင်မာသောသန္နိဋ္ဌာန်ရှိကြောင်း အလေးပေးပြောကြားခဲ့သည်။ မကြာသေးမီက နယူးယောက်မြို့၌ ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်စဉ် အီရန်ကိုယ်စားလှယ်အဖွဲ့က သဘောထားကွဲလွဲမှုများကိုဖြေရှင်းရန်နှင့် အမေရိကန်နှင့် လက်ရှိရန်လိုသောအခြေအနေကို အဆုံးသတ်ရန် ရည်ရွယ်သော အစီအစဉ်တစ်ရပ်ကို တင်သွင်းခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။ အကယ်၍ ယင်းအစီအစဉ်ကို အမေရိကန်ဘက်က လက်ခံပါက ဟော်မုဇ်ရေလက်ကြားသည် ၇ ရက်အတွင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။

အာရက်ဂ်ချီက အမေရိကန်သည် စစ်ရေးနှင့် သံတမန်ရေးရာနယ်ပယ်နှစ်ခုလုံးတွင် ယခင်ကတည်းက ရှုံးနိမ့်မှုများကို ကြုံတွေ့ခဲ့ပြီးဖြစ်ကာ အီရန်ကို ပစ်မှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအသစ်များသည်လည်း အချည်းနှီးသာဖြစ်မည်မှာ မုချဖြစ်ရာ အမေရိကန်အနေဖြင့် ပညာရှိပြီး ဆင်ခြင်တုံတရားရှိသောလမ်းစဉ်ကို ရွေးချယ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ တရားမျှတမှုနှင့် တန်းတူညီမျှမှုအပေါ် အခြေခံ၍ သံတမန်ရေးရာနှင့် စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းဖြင့် ဖြေရှင်းရေးနည်းလမ်းရှာခြင်းသာလျှင် ရှေ့ဆက်နိုင်မည့်လမ်းကြောင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

............................

(Chinese Version)

伊朗外长:敌方军事行动将遭到“更具毁灭性”回击

新华社德黑兰10月4日电(记者沙达提)伊朗外交部长阿拉格齐4日表示,尽管伊朗仍愿通过外交途径寻求“公正且体面”的解决方案,但如果敌人再次诉诸军事行动,伊朗将予以比以往“更具毁灭性”的回击。  

阿拉格齐当天在德黑兰会见驻伊外交官,其间强调伊朗在捍卫自身安全与推进外交努力方面的严肃态度与坚定决心。他说,近期赴纽约出席联合国大会期间,伊朗代表团提出了一项旨在化解分歧、结束与美国当前敌对状态的方案。若该方案获美方采纳,霍尔木兹海峡将在7天内重新开放。  

阿拉格齐说,美国过去在军事和外交领域均已遭遇失败,针对伊朗实施的新制裁同样注定徒劳无功,希望美国能选择明智理性的道路。他说,只有在正义公平基础上,通过外交和谈判途径寻找解决方案才是出路。(完)