အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) အဘူဒါဘီမြို့ရှိ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ် အတွင်းပိုင်းမြင်ကွင်းကို ၂၀၂၆ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) အဘူဒါဘီမြို့ရှိ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ် အတွင်းပိုင်းမြင်ကွင်းကို ၂၀၂၆ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


ဒူဘိုင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၃၀ ရက်က အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး) ဒူဘိုင်းမြို့မှ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့သို့ ပျံသန်းလာသော ဒူဘိုင်းလေကြောင်းလိုင်း (Flydubai) ၏ ခရီးသည်တင်လေယာဉ်ပေါ်တွင် ခရီးသည် ၁၇၀ ကျော်မှာ ရင်တထိတ်ထိတ်နှင့် ကြောက်မက်ဖွယ် အချိန်နာရီများကို ကြုံတွေ့ခဲ့ရသည်။ လေယာဉ်၏ ပျံသန်းသည့်အမြင့်မှာ ၁ မိနစ်အတွင်း မီတာ ၁၀,၀၀၀ ခန့် မှ မီတာ ၅,၁၀၀ သို့ ရုတ်တရက် အလွန်မြန်ဆန်စွာ နိမ့်ဆင်းသွားခဲ့သည်။ အစ္စရေးနိုင်ငံက လေယာဉ်ပြန်ပေးဆွဲခံရမည်ကို စိုးရိမ်ကာ တိုက်လေယာဉ်များကို အရေးပေါ် စေလွှတ်ခဲ့ရသည်။

ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများမှာ လေယာဉ်မောင်းနှင်ခန်းထဲသို့ အပြေးအလွှား ဝင်ရောက်ခဲ့ကြပြီး လေယာဉ်မှူးအား ဓားဖြင့်ထိုးခဲ့သည့် လက်ထောက်လေယာဉ်မှူးကို ထိန်းချုပ်နိုင်ခဲ့ကြသည်။ ထို့နောက် လေယာဉ်ပေါ်တွင် မူလက သတ်မှတ်ထားသည့်အတိုင်း နောက်လာမည့် လေယာဉ်ခရီးစဉ်ကို ဆက်လက်မောင်းနှင်ရန် တာဝန်ယူရမည့် လေယာဉ်မှူးနှစ်ဦးက လေယာဉ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ၁ နာရီအကြာတွင် အဆိုပါလေယာဉ်သည် ဆော်ဒီအာရေဗျနိုင်ငံအတွင်းရှိ Tabuk လေဆိပ်သို့ ဆင်းသက်ခဲ့ရာ လေယာဉ်မြီးပိုင်း ထိခိုက်ပျက်စီးမှုများရှိခဲ့သော်လည်း ခရီးသည်များမှာ ဘေးကင်းလုံခြုံစွာ ရှိခဲ့ကြသည်။

ယခုအကြိမ် လေကြောင်းလုံခြုံရေးဖြစ်စဉ်ကြောင့် နိုင်ငံတကာ ခရီးသွားလာမှု အန္တရာယ်များနှင့် ပတ်သက်၍ အစ္စရေးနိုင်ငံကို ကြီးမားသော စိုးရိမ်ပူပန်မှုများကို ထပ်မံဖြစ်ပေါ်စေခဲ့သည်။ ဒေသစံတော်ချိန် အောက်တိုဘာ ၁ ရက်က အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့အနီးရှိ Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထွက်ခွာခန်းမဆောင်နှင့် လက်မှတ်စစ်ကောင်တာများမှာ လူသူကင်းမဲ့လျက် ခြောက်ကပ်နေပြီး ဒူဘိုင်းနှင့် တဲလ်အဗစ်မြို့အကြား လေကြောင်းခရီးစဉ် အားလုံးနီးပါး ရပ်ဆိုင်းထားကြောင်း ဆင်ဟွာသတင်းဌာန သတင်းထောက်က တွေ့ရှိခဲ့ရသည်။ (Xinhua)

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒူဘိုင်းလေကြောင်းလိုင်း၏ ဖြစ်စဉ်ဖြစ်ပွားခဲ့သော လေယာဉ်ပေါ်ပါ ခရီးသည်များကို တင်ဆောင်လာသည့် အစားထိုးလေယာဉ်တစ်စင်း ဆိုက်ရောက်လာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒူဘိုင်းလေကြောင်းလိုင်း၏ ဖြစ်စဉ်ဖြစ်ပွားခဲ့သော လေယာဉ်ပေါ်ပါ ခရီးသည်များကို တင်ဆောင်လာသည့် အစားထိုးလေယာဉ်တစ်စင်း ဆိုက်ရောက်လာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

------------------------------------------

(Chinese Version)

记者观察丨“蓄意坠机”事件引发以色列极大担忧

9月30日,从阿联酋迪拜飞往以色列特拉维夫的一架迪拜航空公司客机上,170多名乘客遭遇惊魂时刻:客机巡航高度在约1分钟内从1万米陡降到5100米;以色列担心发生劫机,紧急出动战机;乘客和机组人员冲进驾驶舱,制服了刺伤机长的副驾驶,机上原定接替执飞下个航班的两名飞行员得以控制飞机;1小时后,客机降落在沙特阿拉伯境内的塔布克机场,尾翼受损但乘客无恙。

此次航空安全事件再次引发以色列对国际出行风险的极大担忧。当地时间10月1日,新华社记者在以色列特拉维夫附近的本-古里安国际机场看到,出发大厅和值机柜台冷冷清清,几乎所有迪拜和特拉维夫间的航班都已暂停运营。

图说1 :This photo taken on March 7, 2026 shows an interior view of Dubai International Airport in Dubai, the United Arab Emirates (UAE). (Xinhua)

图说 2 :9月30日,一架载有迪拜航空涉事航班乘客的替代航班即将降落在以色列特拉维夫的本-古里安国际机场。新华社发(吉尔·科恩·马根 摄)