အိန္ဒိယနိုင်ငံ ဥတ္တာပရာဒက်ရှ်ပြည်နယ်ရှိ Prayagraj ခရိုင်တွင် ပြင်းထန်သည့် သဲမုန်တိုင်းတိုက်ခတ်ပြီးနောက် လမ်းမပေါ်သို့ လဲကျနေသည့် သစ်ပင်ကို ဖယ်ရှားရန် ကြိုးစားနေကြသူများအား ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Str/Xinhua)
အိန္ဒိယနိုင်ငံ ဥတ္တာပရာဒက်ရှ်ပြည်နယ်ရှိ Prayagraj ခရိုင်တွင် ပြင်းထန်သည့် သဲမုန်တိုင်းတိုက်ခတ်ပြီးနောက် လမ်းမပေါ်သို့ လဲကျနေသည့် သစ်ပင်ကို ဖယ်ရှားရန် ကြိုးစားနေကြသူများအား ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Str/Xinhua)

နယူးဒေလီ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒက်ရှ်ပြည်နယ်တွင် လွန်ခဲ့သည့် သုံးရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် ကြီးမားများပြားသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကာ အနည်းဆုံး လူပေါင်း ၈၁ ဦး သေဆုံးခဲ့ပြီး ၆၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက စက်တင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။

"ဥတ္တာပရာဒက်ရှ်ပြည်နယ်တစ်ဝန်းမှာ မိုးသည်းထန်စွာ မရပ်မနားရွာသွန်းနေမှုကြောင့် သုံးရက်အတွင်းမှာပဲ သေဆုံးသူဦးရေက ၈၁ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ စက်တင်ဘာ ၂၅ ရက်နဲ့  ၂၆ ရက်တွေမှာ သေဆုံးသူ ၅၆ ဦးရှိခဲ့ပြီး စက်တင်ဘာ ၂၇ ရက်မှာတော့ နောက်ထပ် ၂၅ ဦး ထပ်မံသေဆုံးခဲ့ပါတယ်" ဟု ဥတ္တာပရာဒက်ရှ်ပြည်နယ် ဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ ကော်မရှင်နာ Hrishikesh Bhaskar Yashod ၏ ပြောကြားချက်ကိုကိုးကား၍ ဒေသခံသတင်းစာ Times of India က ဖော်ပြခဲ့သည်။

ထိခိုက်ခံစားရသည့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း All India Radio (AIR) က စက်တင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အိန္ဒိယမိုးလေဝသဌာနက စက်တင်ဘာ ၂၈ ရက်တွင် ပြည်နယ်၏ အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင်များရှိ နေရာအနှံ့အပြား၌ မိုးကြိုးမုန်တိုင်းများနှင့် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းခဲ့သည်။

"ရာသီဥတုအခြေအနေ ဆိုးရွားမှုတွေကြောင့် Amroha၊ Shravasti၊ Pilibhit နဲ့ Bijnor အပါအဝင် ခရိုင်အများအပြားမှာရှိတဲ့ ကျောင်းတွေနဲ့ ကောလိပ်တွေအတွက် ကျောင်းပိတ်ရက်လို့ ကြေညာထားပါတယ်" ဟုလည်း AIR က သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

....................................

(English version)

81 dead as heavy rains, flooding hit India's Uttar Pradesh

NEW DELHI, Sept. 28 (Xinhua)

At least 81 people were killed and 62 others injured as heavy rains triggered flooding and widespread damage during the past three days in the northern Indian state of Uttar Pradesh, local media reported Monday.

"The death toll from incessant monsoon showers across Uttar Pradesh rose to 81 over three days, with 25 more fatalities reported on Sept. 27 after 56 deaths were recorded during Sept. 25 and 26," a local newspaper Times of India quoted Uttar Pradesh Relief Commissioner Hrishikesh Bhaskar Yashod as having said.

All India Radio (AIR) said on Monday that officials have been instructed to conduct relief operations in the affected areas.

The India Meteorological Department has forecast thunderstorms and rain at many places in the eastern and western districts of the state on Monday.

"In view of the inclement weather, a holiday has been declared for schools and colleges in several districts, including Amroha, Shravasti, Pilibhit and Bijnor," AIR said. ■

Photo caption: People try to remove a fallen tree from a road after a strong dust storm in Prayagraj district of India's Uttar Pradesh, May 13, 2026. (Str/Xinhua)