
မော်စကို၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တင်းမာမှုများ မြင့်တက်လာခြင်းသည် ကိဗ်ဘက်မှ လိုချင်နေသော ရလဒ်ကို ရရှိနိုင်မည်မဟုတ်ဘဲ ယူကရိန်းနိုင်ငံ၏ အခြေအနေကို ပိုမိုဆိုးရွားစေရုံသာရှိကြောင်း ရုရှားသမ္မတ ဗလာတီမာပူတင်က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
"ရန်လိုတဲ့ လုပ်ရပ်တွေ ဒါမှမဟုတ် တင်းမာမှုတွေ မြင့်တက်လာတာဟာ သူတို့လိုချင်တဲ့ ရလဒ်ကို ရရှိမှာမဟုတ်ဘူးဆိုတာ သူတို့ နားလည်ရမယ်။ အဲဒီလို လုပ်ရပ်တွေဟာ သူတို့အတွက် အခြေအနေကို ပိုမိုဆိုးရွားစေမှာသာဖြစ်တယ်" ဟု ပူတင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရုရှား၏ စစ်ရေးတုံ့ပြန်မှုများက ယူကရိန်းကို စွမ်းအင်အရင်းအမြစ်များကို တိုက်ခိုက်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် နယ်ပယ်များစွာကို လွှမ်းခြုံထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို ဖော်ဆောင်ရန် လှုံ့ဆော်ပေးခဲ့ခြင်းဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ (Xinhua)

…………………………………………………….
(English version)
Putin says Ukraine's "provocative acts" will worsen situation
MOSCOW, Sept. 25 (Xinhua) -- Russian President Vladimir Putin said Friday that an escalation of tensions would not achieve the outcome sought by Kiev and could only worsen the situation in Ukraine.
"They must understand that no provocative acts or escalation of tensions will deliver the outcome they seek. Such moves will only make the situation worse for them," Putin said at a press briefing.
He said Russia's military responses had prompted Kiev to seek ceasefire arrangements covering several areas, including attacks on energy facilities and airstrikes.
Photo caption-1- Photo taken on Feb. 24, 2022 shows a screen displaying Russian President Vladimir Putin speaking during a televised address, in Moscow, Russia. (Xinhua/Bai Xueqi)
Photo caption-2- This photo taken on Jan. 2, 2024 shows buildings and cars damaged in a missile attack in Kiev, Ukraine. (Photo by Roman Petushkov/Xinhua)








