
ပေကျင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI) ငါးနှစ်မြောက် နှစ်ပတ်လည် အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ စက်တင်ဘာ ၂၅ ရက်က ကျင်းပခဲ့ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အဆိုပါ တွေ့ဆွေးနွေးပွဲသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
ရှီကျင့်ဖိန်က ဖွံ့ဖြိုးတိုးတက်မှုသည် လူသားမျိုးနွယ် လူမှုအဖွဲ့အစည်း၏ အမြဲတမ်း ပဓာနကျသော အကြောင်းအရာဖြစ်သလို ပြည်သူများ၏ ချမ်းသာသုခကို အကောင်အထည်ဖော်ရာတွင် အဓိကကျသော အချက်လည်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။ လွန်ခဲ့သော ၅ နှစ်က မိမိအနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI) ကို အဆိုပြုခဲ့ခြင်းမှာ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပြန်လည်ဆန်းသစ်ရန်နှင့် ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့် အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
လွန်ခဲ့သော ၅ နှစ်အတွင်း ဘက်ပေါင်းစုံ၏ အတူတကွ ကြိုးပမ်းမှုဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI) ကို ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့အကောင်အထည်ဖော်ကျင့်သုံးနိုင်ခဲ့ကြောင်း၊ အစီအမံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို နိုင်ငံပေါင်း ၁၂၀ ကျော်၌ အကောင်အထည်ဖော်၍ အသီးအပွင့်ရလဒ်များ ဖြစ်ထွန်းလာစေခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ မြှင့်တင်၍ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်ခြင်း စာမျက်နှာသစ်ကို ရေးခြယ်နိုင်ခဲ့ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
ယနေ့ကမ္ဘာသည် ရာစုနှစ် အပြောင်းအလဲများသည် အရှိန်အဟုန်မြင့် ဆင့်ကဲ ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံအသီးသီးရှိ ပြည်သူများသည်လည်း ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုလိုလားတောင့်တလျက်ရှိကြောင်း ရှီကျင့်ဖိန်က ထောက်ပြခဲ့သည်။
အကြီးမားဆုံး ဖွံ့ဖြိုးဆဲနိုင်ငံနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် တရုတ်နိုင်ငံသည် ဘက်အသီးသီးနှင့်အတူ ပြည်သူကို ဗဟိုပြုသည့် ဖွံ့ဖြိုးတိုးတက်မှု အယူအဆကို စွဲကိုင်ကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI) လေးနက်ခိုင်မာစွာ ဖော်ဆောင်ရေးအတွက် လက်တွဲတွန်းအားပေးသွားလိုကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ဆိုင်ရာ ကောင်းမွန်လှပသော မျှော်လင့်ချက်များကို လက်တွေ့ကျကျ ခံစားသိရှိနိုင်သော၊ လက်လှမ်းမီနိုင်သော အခြေအနေသို့ ပြောင်းလဲပေးကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ပိုမိုကြီးမားသည့် ပံ့ပိုးကူညီမှု အသစ်များ ပြုလုပ်သွားလိုကြောင်း ၎င်းက သဝဏ်လွှာ၌ ပြောကြားခဲ့သည်။ (Xinhua)
------------------------
(Chinese Version)
习近平向全球发展倡议5周年高级别对话会致贺信
新华社北京9月26日电 9月25日,全球发展倡议5周年高级别对话会在纽约联合国总部举行,国家主席习近平向对话会致贺信。
习近平指出,发展是人类社会的永恒主题,也是实现人民幸福的关键所在。5年前,我在联合国大会上提出全球发展倡议,就是为了推动国际发展合作,重振全球发展事业,助力加快落实联合国2030年可持续发展议程。
习近平强调,5年来,在各方共同努力下,全球发展倡议广泛践行,倡议合作项目在120多个国家落地生根、开花结果,书写了共促发展、合作共赢的新篇章。
习近平指出,当前,世界百年变局加速演进,各国人民对实现发展的愿望更加强烈。作为最大发展中国家和全球南方一员,中国愿同各方一道,秉持以人民为中心的发展理念,携手推动全球发展倡议走深走实,将可持续发展目标的美好愿景转化为可感可及的现实图景,为推动构建人类命运共同体作出新的更大贡献。
图说 :7月28日,中共中央政治局委员、外交部长王毅在北京出席全球发展倡议5周年高级别会议并致辞。新华社记者 申宏 摄








