အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီ အာကာသစခန်းမှ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ NASA ၏ SpaceX Crew-5 ကိုလွှတ်တင်နေသည်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Joel Kowsky/NASA/Handout via Xinhua)
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီ အာကာသစခန်းမှ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ NASA ၏ SpaceX Crew-5 ကိုလွှတ်တင်နေသည်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Joel Kowsky/NASA/Handout via Xinhua)

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)  

နိုင်ငံတကာ အာကာသစခန်းသို့ SpaceX Crew-14 မစ်ရှင်ဖြင့် ၂၀၂၇ ခုနှစ် နွေဦးရာသီထက် မစောဘဲ ထွက်ခွာမည့် အာကာသယာဉ်မှူးလေးဦးကို NASA မှ ကြေညာခဲ့ပြီး ထိုအာကာသယာဉ်မှူးလေးဦးသည် အမေရိကန်၊ ဂျပန်နှင့် ရုရှားတို့မှ ဖြစ်ကာ သိပ္ပံဆိုင်ရာမစ်ရှင်အတွက် နိုင်ငံတကာအာကာသစခန်းတွင် အချိန်ကြာမြင့်စွာ နေထိုင်ကြမည် ဖြစ်သည်။  

အမေရိကန်နိုင်ငံ NASA မှ အာကာသယာဉ်မှူးများဖြစ်သည့် Kayla Barron နှင့် Chris Birch တို့သည် အာကာသယာဉ် ကွပ်ကဲရေးမှူးနှင့် ယာဉ်မောင်းနှင်သူအဖြစ် အသီးသီး တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီမှ အာကာသယာဉ်မှူးများဖြစ်ကြသော Makoto Suwa နှင့် ရုရှားမှ အာကာသယာဉ်မှူး Arutyun Kiviryan တို့သည် မစ်ရှင်၏ အထူးကျွမ်းကျင်သူများအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း NASA ၏ ထုတ်ပြန်ချက်အရ သိရသည်။

Crew-14 လွှတ်တင်မည့် အစီအစဥ်သည် NASA ၏ ကမ္ဘာဂြိုဟ်ပတ်လမ်းနိမ့် အစီအစဥ်အရ SpaceX နှင့် လုပ်ဆောင်သည့် ၁၄ ကြိမ်မြောက် အာကာသယာဥ်မှူး အလှည့်ကျလဲလှယ်မှုပင် ဖြစ်သည်။ အာကာသယာဥ်မှုးများသည် အနာဂတ်တွင် လူသားများက လကမ္ဘာနှင့် အင်္ဂါဂြိုဟ်ကို စူးစမ်းလေ့လာရေးအား ပံ့ပိုးပေးရန် စီစဥ်ထားသော သိပ္ပံဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများနှင့် နည်းပညာဆိုင်ရာ သရုပ်ပြမှုများ ပြုလုပ်မည်ဖြစ်သည့်အပြင် ကမ္ဘာမြေပေါ်ရှိ လူသားများကို အကျိုးပြုသည့် သုတေသနလုပ်ငန်းများကိုလည်း ပြုလုပ်မည်ဖြစ်သည်။ (Xinhua)

.............................

(English version)

NASA announces crew for SpaceX Crew-14 mission to space station

LOS ANGELES, Sept. 25 (Xinhua) -- NASA has announced the four-member crew for its SpaceX Crew-14 mission to the International Space Station, with astronauts from the United States, Japan and Russia set to launch no earlier than spring 2027 for a long-duration science mission.

NASA astronauts Kayla Barron and Chris Birch will serve as the spacecraft commander and pilot, respectively, while Japan Aerospace Exploration Agency astronaut Makoto Suwa and Roscosmos cosmonaut Arutyun Kiviryan will serve as mission specialists, according to NASA.

The mission will mark the 14th commercial crew rotation with SpaceX under NASA's Low Earth Orbit Program. The crew will conduct scientific investigations and technology demonstrations designed to support future human exploration of the Moon and Mars, as well as research benefiting people on Earth.

Photo caption - A SpaceX Falcon 9 rocket carrying Crew Dragon Endurance spacecraft is launched on NASA's SpaceX Crew-5 mission to the International Space Station at NASA's Kennedy Space Center in Florida, the United States, on Oct. 5, 2022. (Joel Kowsky/NASA/Handout via Xinhua)