
ဝါရှင်တန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
အင်အားကြီးနိုင်ငံကြီး နှစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ခေတ်သစ်ကာလတွင် မှန်ကန်သောလမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ်ဖြင့် ရောက်ရှိလာချိန်တွင် စာလွှာဖြင့်ပြောကြားခဲ့သည့်မိန့်ခွန်း၌ သမ္မတရှီက ယခုနှစ်သည် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံလုံး၏ ကိုယ်စီဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် နှစ်တစ်နှစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မေလအတွင်းက အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ လာရောက်ခဲ့သည့်ခရီးစဉ်အတွင်း၌ ၎င်းနှင့် အမေရိကန်သမ္မတတို့သည် အပြုသဘောဆောင်၍ မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေးထူထောင်ရန် သဘောတူခဲ့ကြပြီး ယင်းသဘောတူညီချက်က နှစ်နိုင်ငံဆက်ဆံရေး အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက်လမ်းညွှန်ချက် ပေးခဲ့ကြောင်း သမ္မတရှီက အလေးအနက်ထား ပြောကြားခဲ့သည်။
တရုတ်နှင့် အမေရိကန်နိုင်ငံတို့သည် တူညီသော လားရာဖြင့် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထားမှု၊ အထိုက်အလျောက်ယှဉ်ပြိုင်မှု၊ မတူကွဲပြားမှုများကို စီမံထိန်းချုပ်မှုနှင့် ငြိမ်းချမ်းရေးအတွက် ကတိပြုမှု ရှိသော တည်ငြိမ်သည့်ဆက်ဆံရေးကို မြှင့်တင်ရမည်ဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။ (Xinhua)


........................
(English version)
Xi says he is confident China, U.S. can find right way to get along
WASHINGTON, Sept. 23 (Xinhua) -- Chinese President Xi Jinping on Wednesday voiced confidence that China and the United States, as two major countries, can find a right way to get along in the new era.
This year is a crucial year for the respective development of China and the United States, Xi said in a written speech upon his arrival for a U.S. state visit.
Xi noted that he and U.S. President Donald Trump agreed to build a constructive China-U.S. relationship of strategic stability during Trump's visit to China in May, which has provided strategic guidance for the future development of bilateral ties.
China and the United States should work in the same direction, promote a stable relationship featuring cooperation as the mainstay, moderate competition, manageable differences, and promises of peace, Xi said. ■
Photo caption: Chinese President Xi Jinping arrives at Joint Base Andrews on Sept. 23, 2026, for a state visit to the United States at the invitation of U.S. President Donald Trump. (Xinhua/Liu Bin)








