ဂျပန်နိုင်ငံ တိုယိုတာမြို့၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်က ယူအေအီးအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အိုင်ချိ-နာဂိုယာ ၂၀၂၆ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု-B ပွဲစဉ်အပြီးတွင် တရုတ်အသင်းမှ ကျန်းယွိနင် (ရှေ့) အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုယိုတာမြို့၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်က ယူအေအီးအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အိုင်ချိ-နာဂိုယာ ၂၀၂၆ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု-B ပွဲစဉ်အပြီးတွင် တရုတ်အသင်းမှ ကျန်းယွိနင် (ရှေ့) အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

နာဂိုယာ၊ ဂျပန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အိုင်ချိ-နာဂိုယာ အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်၌ တရုတ်အသင်းနှင့် ယူအေအီးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ရာ တရုတ်အသင်းမှာ ရမှတ် ၅ မှတ်ဖြင့် အုပ်စုဗိုလ်အဖြစ် ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်မီက တရုတ်အသင်းနှင့် အီရန်အသင်းတို့မှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် ရမှတ် ၄ မှတ်စီရရှိထားသလို မြောက်ကိုရီးယားအသင်းနှင့် ယူအေအီးအသင်းတို့ကလည်း တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် ရမှတ်တစ်မှတ်စီ ရရှိထားသဖြင့် အုပ်စုတွင်းမှ အသင်း ၄ သင်းစလုံးမှာ နောက်တစ်ဆင့်တက်နိုင်မည်လော သို့မဟုတ် ပြိုင်ပွဲမှထွက်ခွာရမည်လောဆိုသည့် အခြေအနေ၌ ရှိနေခဲ့သည်။

တရုတ်အသင်းအနေဖြင့် ယခုပွဲစဉ်၌ သရေတစ်မှတ်ရရုံဖြင့် နောက်တစ်ဆင့်တက်နိုင်ရန် သေချာနေပြီဖြစ်ရာ နည်းပြချုပ် အန်တိုနီယို ပူချေးက ပထမပွဲစဉ်နှစ်ပွဲမှ ပွဲထွက်လူစာရင်းအတိုင်း၊ ခံစစ်အသားပေးသည့် ၅-၃-၂ ကစားကွက်အတိုင်း ဆက်လက်အသုံးပြုခဲ့ကာ တရုတ်အသင်းအနေဖြင့် ခံစစ်ကို ကျစ်ကျစ်လျစ်လျစ် တည်ဆောက်ရင်း တန်ပြန်တိုက်စစ်ဆင်ဖြင့် ထိုးနှက်ရန် ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။

ပထမပိုင်းတွင် ပြင်းထန်သည့် ရုပ်ပိုင်းဆိုင်ရာ အားပြိုင်မှုများကြောင့် ပြစ်ဒဏ်ကျူးလွန်မှုများ ဖြစ်ပွားခဲ့ပြီး ပွဲကို မကြာခဏ ရပ်နားခဲ့ရသော်လည်း နှစ်သင်းစလုံးအနေဖြင့် အပိုင်အခွင့်အရေးများ ဖန်တီးနိုင်ခဲ့ခြင်းမရှိပေ။

ပွဲချိန် ၅၁ မိနစ်တွင် တရုတ်အသင်းမှ ကျန်းယွိနင် ပင်နယ်တီဧရိယာထဲသို့ ထိုးဖောက်လာပြီး ထောင့်ကျဉ်းအနေအထားမှ အပြင်းကန်သွင်းခဲ့သော်လည်း ဂိုးပေါက်နှင့် ပွတ်ကာသီကာ လွဲချော်သွားခဲ့သည်။ ယင်းမှာ တစ်ပွဲလုံးတွင် တရုတ်အသင်းအတွက် ဂိုးရရှိနိုင်မည့် အကောင်းဆုံးအခွင့်အရေးလည်းဖြစ်သည်။

နှစ်မိနစ်အကြာတွင် နှစ်ဖက်အသင်းကစားသမားများ အပြင်းအထန် အငြင်းပွားခဲ့ရာ ကွင်းလယ်ဒိုင်က အခြေအနေကို ထိန်းသိမ်းရန် ဝမ်ယွိတုန့် နှင့် မန်ဆာ အယ်လ်မန်ဟာလီတို့ကို တစ်ပြိုင်နက် အဝါကတ်ပြကာ အရေးယူခဲ့သည်။ သို့သော် အဆိုပါအဝါကတ်မှာ ဝမ်အနေဖြင့် ပြိုင်ပွဲတစ်လျှောက် ဒုတိယအကြိမ် အဝါကတ်ပြသခံရခြင်း ဖြစ်သည့်အတွက် လာမည့်ပွဲစဉ်ကို လွဲချော်ရတော့မည်ဖြစ်သည်။

နောက်တစ်ဆင့်တက်နိုင်ရန် နိုင်ပွဲတစ်ပွဲ မဖြစ်မနေ လိုအပ်နေသည့် ယူအေအီးအသင်းက ဒုတိယပိုင်းတွင် ပိုမိုဖိကစားလာခဲ့ရာ ပွဲချိန် ၅၇ မိနစ်တွင် လျင်မြန်သည့် တန်ပြန်တိုက်စစ်မှတစ်ဆင့် သွင်းဂိုးရရှိခဲ့သော်လည်း လူကျွံနေသည့်အတွက် ပယ်ဖျက်ခံခဲ့ရသည်။

ပွဲချိန် ၇၈ မိနစ်တွင် ယူအေအီးအသင်းက ထောင့်ကန်ဘောကို အနီးကပ်အပေးအယူလုပ်ရင်း လီယိုနက်ဒ် အာမစ်စမီယူကူက အဝေးထောင့်ဆီသို့ ခေါင်းတိုက်သွင်းယူခဲ့သော်လည်း တရုတ်အသင်းဂိုးသမား လီဟောက် လက်စွမ်းပြ ကာကွယ်သွားခဲ့သည်။ ယင်းနောက် ယူအေအီးအသင်းက အပိုင်အခွင့်အရေးများကို ထပ်မံဖန်တီးနိုင်ခြင်း မရှိတော့ဘဲ ဂိုးမရှိသရေရလဒ်ဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။

တစ်ချိန်တည်း ယှဉ်ပြိုင်ကစားခဲ့သည့် အခြားအုပ်စုပွဲစဉ်တစ်ပွဲ၌ မြောက်ကိုရီးယားအသင်းက အီရန်အသင်းကို နောက်မှလိုက်ကစားကာ ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ သို့ဖြစ်၍ တရုတ်အသင်းက ရမှတ် ၅ မှတ်ဖြင့် အုပ်စုဗိုလ်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး မြောက်ကိုရီးယားအသင်းနှင့် အီရန်အသင်းတို့က ရမှတ် ၄ မှတ်စီ  တူညီနေသော်လည်း ထိပ်တိုက်တွေ့ဆုံမှုတွင် အသာရရှိထားသည့် မြောက်ကိုရီးယားက အုပ်စုဒုတိယအဖြစ် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ကာ ယူအေအီးအသင်းကမူ ရမှတ် ၂ မှတ်ဖြင့် အုပ်စုတွင်း၌ အောက်ဆုံးအသင်းအဖြစ် ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။ (Xinhua)

ဂျပန်နိုင်ငံ တိုယိုတာမြို့၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်က ယူအေအီးအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အိုင်ချိ-နာဂိုယာ ၂၀၂၆ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု-B ပွဲစဉ်တွင် ယူအေအီးအသင်းမှ ယာယာ အယ်လ်ဂါဆနီ (ဝဲ-ဒုတိယ) နှင့် တရုတ်အသင်းမှ လျိုဟောက်ဖန်(ဝဲ-ပထမ)၊ ယန်ရှီး (ယာ-ပထမ) တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုယိုတာမြို့၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်က ယူအေအီးအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အိုင်ချိ-နာဂိုယာ ၂၀၂၆ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု-B ပွဲစဉ်တွင် ယူအေအီးအသင်းမှ ယာယာ အယ်လ်ဂါဆနီ (ဝဲ-ဒုတိယ) နှင့် တရုတ်အသင်းမှ လျိုဟောက်ဖန်(ဝဲ-ပထမ)၊ ယန်ရှီး (ယာ-ပထမ) တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

..................................

(English Version)

Asian Games | China tops "group of death" to reach men's football quarters

NAGOYA, Japan, Sept. 23 (Xinhua) -- China drew 0-0 with the United Arab Emirates (UAE) in the final round of the men's football group stage at the Aichi-Nagoya Asian Games on Wednesday, finishing top of the group with five points to advance to the quarterfinals.

Going into the final round, China and Iran had four points apiece from one win and one draw, while DPRK and the UAE had one point each from one draw and one loss. All four teams are open for chances of advancing or being eliminated.

With a draw enough to secure qualification, China head coach Antonio Puche kept the same starting lineup and 5-3-2 formation used in the first two matches, with the team looking to launch counterattacks while maintaining a solid defense.

The first half was marked by intense physical contests and frequent stoppages for fouls, but neither side managed to create a clear scoring opportunity.

In the 51st minute, Zhang Yuning broke into the penalty area before shooting from a tight angle, with the ball narrowly missing the post. It was China's best chance of the whole match.

Two minutes later, players from both sides got involved in a heated confrontation. The referee showed yellow cards to Wang Yudong and Mansour Almenhali at the same time. As it was Wang's second yellow card of the tournament, he will miss the next match.

Needing a win to keep their qualification hopes alive, the UAE stepped up the pressure in the closing stages. In the 57th minute, it found the net on a quick counterattack, but the goal was ruled out for offside.

In the 78th minute, the UAE took a short corner, with Leonard Ameismeuku heading toward the far corner, only for goalkeeper Li Hao to make a superb save. The UAE failed to create any further clear chances, and the score remained 0-0 until the final whistle.

In the other group match played simultaneously, DPRK came from behind to beat Iran 4-1. China finished top with five points, while DPRK and Iran both had four points, with DPRK advancing in second place on head-to-head advantage. The UAE finished bottom with two points.

Photo caption 1: Zhang Yuming (front) of China celebrates after the group B match of men's football against the United Arab Emirates at 20th Asian Games Aichi-Nagoya 2026 in Toyota, Japan, Sept. 23, 2026. (Xinhua/Jia Haocheng)

Photo caption 2: Yahya Alghassani (2nd L) of the United Arab Emirates vies with Liu Haofan (1st L) and Yang Xi (1st R) of China during the match. (Xinhua/Jia Haocheng)