
ကူဝိတ်စီးတီး၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် Abdul-Malik al-Houthi က ဟူသီလက်နက်ကိုင်အဖွဲ့နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ဆက်လက်တင်းမာလာနေသော ပဋိပက္ခအတွင်း ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် တူကီယဲနှင့် ပါကစ္စတန်နိုင်ငံတို့အား စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင် သတိပေးလိုက်သည်။
ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့နှင့် ပဋိပက္ခများ ဆက်လက်တင်းမာလာချိန်၌ ဆော်ဒီအာရေဗျနိုင်ငံသည် တူကီယဲနှင့် ပါကစ္စတန်တို့ထံမှ စစ်ရေးအရ ကူညီပံ့ပိုးမှု ရယူရန် ကြိုးပမ်းလျက်ရှိကြောင်း Abdul-Malik က ဟူသီလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားသော Al Masirah ရုပ်မြင်သံကြား၌ ထုတ်လွှင့်သည့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ဆော်ဒီဘက်မှ နိုင်ငံရေး သို့မဟုတ် စီးပွားရေး အကျိုးအမြတ်များအတွက် အဆိုပါ ပဋိပက္ခအတွင်း “ပါဝင်ပတ်သက်ခြင်း” မပြုရန် ၎င်းက နှစ်နိုင်ငံလုံးကို တိုက်တွန်းခဲ့သည်။
အခြေအနေများ လျှော့ချရေး ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ Abdul-Malik က ဟူသီလက်နက်ကိုင်အဖွဲ့သည် “မဖြစ်နိုင်သော အကြောင်းအရာများကို တောင်းဆိုထားခြင်းမရှိကြောင်း” ပြောကြားခဲ့ပြီး ဆော်ဒီနိုင်ငံအနေဖြင့် စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းရန်နှင့် ၎င်းတို့အဖွဲ့အစည်းအပေါ် ပိတ်ဆို့ထားမှုများ ရုပ်သိမ်းရန် တောင်းဆိုချက်ကို ထပ်လောင်း ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက မိန့်ခွန်းအတွင်း မိမိ၏ ထောက်ခံသူများကို ဆက်လက် စည်းရုံးလှုံ့ဆော်ခဲ့ပြီး ပဋိပက္ခများ ဆက်လက်တင်းမာလာသည့် နောက်ခံအခြေအနေတွင် ယင်းအဖွဲ့အနေဖြင့် စစ်ရေးစွမ်းဆောင်ရည်များကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လတ်တလောတွင် ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့နှင့် ယီမင်အစိုးရစစ်တပ်အား ထောက်ခံသော ဆော်ဒီတို့အကြား ပဋိပက္ခများ ဆက်လက်တင်းမာလာခဲ့ရာ နှစ်ဖက်စလုံးသည် ဒုံးကျည်များ၊ မောင်းသူမဲ့လေယာဉ်များဖြင့် အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

------------------------------------------
(Chinese Version)
胡塞武装领导人警告土耳其和巴基斯坦勿介入冲突
新华社科威特城9月22日电(记者尹炣)萨那消息:也门胡塞武装领导人阿卜杜勒·马利克·胡塞21日晚警告土耳其和巴基斯坦不要介入胡塞武装与沙特阿拉伯不断升级的冲突。
阿卜杜勒·马利克在胡塞武装控制的马西拉电视台播出的电视讲话中说,沙特在与也门胡塞武装冲突不断升级之际,寻求土耳其和巴基斯坦提供军事支持。他敦促两国不要为了与沙特方面的政治或经济利益而“卷入”这场冲突。
谈及局势缓和的可能性时,阿卜杜勒·马利克说,胡塞武装并没有提出“不可能实现的条件”,并重申要求沙特停止军事行动以及针对该组织的“封锁”。
此外,他还在讲话中继续动员其支持者,并表示在冲突不断升级的背景下,该组织将继续加强军事能力。
近期,也门胡塞武装与支持也门政府军的沙特之间冲突持续升级,双方相互发动导弹、无人机袭击。
图说 1 :7月13日,在也门首都萨那,萨那国际机场遭到空袭。新华社发(胡塞媒体中心供图)
图说 2 :3月18日晚,沙特首都利雅得南部地区遇袭现场升起浓烟。新华社发








