
ဂျီနီဗာ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ယီမင်နိုင်ငံတွင် လုံခြုံရေးအခြေအနေများ ဆက်လက်ဆိုးရွားလာသည်နှင့်အမျှ သီတင်းပတ်အနည်းငယ်အတွင်း ပြည်နယ် ၇ ခုမှ လူဦးရေ ၁၃၀,၀၀၀ နီးပါး နေရပ်စွန့်ခွာတိမ်းရှောင် ထွက်ပြေးခဲ့ကြရပြီး ၎င်းတို့အနက် အများအပြားမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) က စက်တင်ဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယီမင်နိုင်ငံ၌ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေမှာ အဆက်မပြတ်မြင့်တက်လျက်ရှိရာ “စက်တင်ဘာ ၁၈ ရက်တွင် နေရပ်စွန့်ခွာသူ ၁၁၈,၀၀၀ ကျော် မှတ်တမ်းတင်ခဲ့ရပြီး သုံးရက်အကြာတွင် ယင်းကိန်းဂဏန်းသည် ၁၁,၃၅၂ ဦး ထပ်မံတိုးတက်လာခဲ့ကြောင်း” IOM ၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသဆိုင်ရာ တာဝန်ရှိသူ Othman Belbeisi က ပြောကြားခဲ့သည်။
IOM က ယင်းနေ့တွင် ထုတ်ပြန်သည့် နောက်ဆုံးရ အချက်အလက်များအရ Taiz ပြည်နယ်တွင် လက်ခံစောင့်ရှောက်ထားသည့် နေရပ်စွန့်ခွာသူ အရေအတွက်မှာ ၇၃,၄၉၄ ဦးဖြင့် အများဆုံးဖြစ်ပြီး ယင်းနောက်တွင် Lahij ပြည်နယ်၌ ၃၃,၈၂၈ ဦးဖြင့် ဒုတိယနေရာတွင် ရှိကြောင်း၊ ထို့ပြင် စက်တင်ဘာ ၂၀ ရက် ညပိုင်းအထိ ယီမင်နိုင်ငံမှ ပင်လယ်နီကို ဖြတ်ကျော်၍ ဂျီဘူတီနိုင်ငံသို့ ရောက်ရှိသွားသူ ဦးရေ ၃,၁၀၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့သည် အစိုးရစစ်တပ်အပေါ် ထိုးစစ်ဆင်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ယီမင်အစိုးရအား ထောက်ခံသော ဆော်ဒီအာရေဗျနိုင်ငံအပေါ် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး ပိတ်ဆို့မှု ပြုလုပ်ကြောင်း ကြေညာခဲ့သည်။ ဟူသီလက်နက်ကိုင်အဖွဲ့နှင့် ဆော်ဒီတို့အကြား ပဋိပက္ခများ ဆက်လက်တင်းမာလာခဲ့ရာ နှစ်ဖက်စလုံးသည် ဒုံးကျည်များ၊ မောင်းသူမဲ့လေယဉ်များဖြင့် အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
--------------------------
(Chinese Version)
国际移民组织:也门近13万人流离失所
新华社日内瓦9月21日电(记者王娅楠)国际移民组织21日发布消息说,随着安全局势不断恶化,也门7个省近13万人在短短几周内流离失所,其中许多人已多次流离失所。
国际移民组织中东和北非地区负责人奥斯曼·贝尔贝西说,也门流离失所人数不断攀升,“9月18日,记录到超11.8万人流离失所,三天后,这一数字就增加了11352人”。
根据国际移民组织当天发布的最新数据,塔伊兹省收容的流离失所者最多,达73494人,拉赫季省紧随其后,为33828人。同时,截至9月20日晚,已有3106人从也门渡过红海抵达吉布提。
近期,也门胡塞武装加大对政府军攻势,并宣布对支持也门政府的沙特阿拉伯实施海上禁运。胡塞武装与沙特之间冲突持续升级,双方相互发动导弹、无人机袭击。
图说 :2021 年11月21日,车辆行驶在连接也门首都萨那和重要港口城市荷台达的公路上,路边是在战乱中损毁的建筑物。新华社发(穆罕默德摄)








