ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဂရင်းလန်းကျွန်း မြို့တော် Nuuk အနီးရှိ ရှုခင်းအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဂရင်းလန်းကျွန်း မြို့တော် Nuuk အနီးရှိ ရှုခင်းအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အော်စလို၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ဒိန်းမတ်နိုင်ငံနှင့် ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဂရင်းလန်းကျွန်းတို့သည် “အာတိတ်နှင့် မြောက်အတ္တလန္တိတ် ဒေသ၏ လုံခြုံရေးကို မြှင့်တင်ရန်အတွက်” အမေရိကန်နိုင်ငံနှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကို စက်တင်ဘာ ၂၂ ရက်တွင် နယူးယောက်မြို့၌ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဒိန်းမတ် ဝန်ကြီးချုပ်ရုံးက စက်တင်ဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဒိန်းမတ် ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ ဒိန်းမတ် ဝန်ကြီးချုပ် Mette Frederiksen ၊ ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရဝန်ကြီးချုပ် Jens-Frederik Nielsen နှင့် အမေရိကန် သမ္မတ ထရမ့်တို့သည် အဆိုပါ သဘောတူညီချက်ကို အတူတကွလက်မှတ်ရေးထိုးမည် ဖြစ်သည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဒေသစံတော်ချိန် စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီခွဲတွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသွားရန် မျှော်မှန်းထားသည်။ ဒိန်းမတ်ဝန်ကြီးချုပ်ရုံးကမူ သဘောတူညီချက်၏ အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အမေရိကန်သည် ဒိန်းမတ်နိုင်ငံနှင့် ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဂရင်းလန်းကျွန်းတို့နှင့် သဘောတူညီချက်တစ်ခု ရရှိခဲ့ပြီး အဆိုပါ သဘောတူညီချက်က “ဂရင်းလန်းကျွန်း၏ လုံခြုံရေးနှင့် အခြားလိုအပ်ချက်များအပေါ် အမေရိကန်အား ထာဝရ ထိန်းချုပ်ခွင့် ပေးအပ်ထားကြောင်း” ထရမ့်က စက်တင်ဘာ ၁၈ ရက်တွင် လူမှုကွန်ရက်ပေါ်၌ ရေးသားဖော်ပြခဲ့သည်။ အဆိုပါ သဘောတူညီချက်သည် ဒိန်းမတ် ဘုရင်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုကိုလည်းကောင်း၊ ဂရင်းလန်းကျွန်း ပြည်သူများ၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ကိုလည်းကောင်း အသိအမှတ်ပြုထားကြောင်း Mette Frederiksen က ယင်းနေ့တွင်ပင် ပြောကြားခဲ့သည်။ (Xinhua)

ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ် Mette Frederiksen (ညာ) နှင့် ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရဝန်ကြီးချုပ် Jens-Frederik Nielsen တို့ ဒိန်းမတ်နိုင်ငံ Marienborg စံအိမ်တော်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ် Mette Frederiksen (ညာ) နှင့် ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရဝန်ကြီးချုပ် Jens-Frederik Nielsen တို့ ဒိန်းမတ်နိုင်ငံ Marienborg စံအိမ်တော်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------

(Chinese Version)

丹麦及格陵兰岛将和美国签署安全协议

  新华社奥斯陆9月21日电(记者张玉亮)哥本哈根消息:丹麦首相府21日宣布,丹麦及其自治领地格陵兰岛和美国将于22日在纽约签署一项安全协议,“以加强北极及北大西洋地区安全”。

  根据丹麦首相府发布的新闻稿,丹麦首相弗雷泽里克森、格陵兰岛自治政府总理延斯-弗雷德里克·尼尔森和美国总统特朗普将共同签署协议。签字仪式预计于当地时间22日10时30分在纽约联合国总部举行。丹麦首相府未披露协议的具体条款。

  特朗普18日在社交媒体发布消息称,美国已与丹麦及其自治领地格陵兰岛达成一项协议,“赋予美国对格陵兰岛安全及其他需求的永久控制权”。弗雷泽里克森同日表示,这份协议承认丹麦王国的主权和领土完整,以及格陵兰岛人民的自决权。

Photo Caption 1 :This photo taken on Feb. 8, 2026 shows the scenery near Nuuk, Greenland, an autonomous territory of Denmark. (Xinhua/Li Ying)

Photo Caption 2 :Danish Prime Minister Mette Frederiksen (R) and Jens-Frederik Nielsen, prime minister of Greenland's self-government, meet the press in Marienborg, Denmark, April 27, 2025. (Xinhua/Zhang Yuliang)