ကို့ဒီဗွားနိုင်ငံ အဘစ်ဂျန်မြို့ရှိ ကိုကိုဒီတံတားအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၉ ရက်က ရိုက်ကူးထားသော ဝေဟင်ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)
ကို့ဒီဗွားနိုင်ငံ အဘစ်ဂျန်မြို့ရှိ ကိုကိုဒီတံတားအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၉ ရက်က ရိုက်ကူးထားသော ဝေဟင်ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

"ဖွံ့ဖြိုးတိုးတက်မှုကို ပထမဦးစားပေးအဖြစ် မမှိတ်မသုန် လက်ကိုင်ပြုကာ ဘုံသာယာဝပြောမှုအတွက် အလားအလာများ ဖွင့်လှစ်ခြင်း" ကမ္ဘာ့နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို အဓိကဦးစားပေးအဖြစ် သတ်မှတ်ကြရန် ယခုနှစ်တွင် ဘစ်ရှ်ကက်မြို့၌ ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးအတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ထပ်လောင်းတိုက်တွန်းပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလက ကျင်းပသည့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ သမ္မတရှီက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံ (GDI) ကို အဆိုပြုခဲ့ပြီး ဘုံဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်ကို ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်ထဲတွင် ထည့်သွင်းကာ ဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူးများကို ပိုမိုကျယ်ပြန့်စွာ မျှဝေခံစားနိုင်ရေးအတွက် တိုက်တွန်းပြောကြားခဲ့သည်။

ငါးနှစ်အကြာတွင် ယင်းအစီအမံသည် မျှော်မှန်းချက်အဖြစ်မှ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအဖြစ် ပြောင်းလဲလာခဲ့ပြီး နိုင်ငံများ ပိုမိုများပြားစွာ ပူးပေါင်းပါဝင်ကာ အားလုံးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖော်ဆောင်ရေးအတွက် ပူးပေါင်းပါဝင်လာကြသည့် နိုင်ငံများသည်လည်း ပိုမိုများပြားသထက် များပြားလာခဲ့သည်။

မျှော်မှန်းချက်အဖြစ်မှ ဘုံရည်မှန်းချက်အဖြစ်သို့

“၂၀၂၁ ခုနှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ” အစီရင်ခံစာ၌ ကုလသမဂ္ဂက ဆုတ်ယုတ်မှု အတိုင်းအတာကို အလေးအနက်ဖော်ပြခဲ့ကာ ကမ္ဘာကြီး၏ အလွန်အမင်း ဆင်းရဲနွမ်းပါးမှုသည် နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် မြင့်တက်လာခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် လူဦးရေ ၁၁၉ သန်းမှ ၁၂၄ သန်းအထိ အလွန်အမင်း ဆင်းရဲနွမ်းပါးသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ကာ ကလေးငယ် ၁၀၁ သန်းသည်လည်း စာဖတ်စွမ်းရည် အနိမ့်ဆုံးအဆင့်အောက်သို့ပင် ကျဆင်းသွားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်သည် မကြုံစဖူး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် အရေးပါသော အခိုက်အတန့်တွင် GDI အား အဆိုပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ နောက်ခံအခြေအနေ၌ ရှီက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံကို အဆိုပြုလျက် ကမ္ဘာ့မက်ခရိုစီးပွားရေးမူဝါဒ အစီအစဉ်၌ ဖွံ့ဖြိုးတိုးတက်မှုကို ထိပ်တန်းဦးစားပေးအဖြစ် ထားရှိရန် လိုအပ်ပုံကို အလေးအနက်ပြောကြားခဲ့သည်။

ထိုအစီအမံသည် ဖွံ့ဖြိုးတိုးတက်မှုကို အဓိကဦးစားပေးအဖြစ် သတ်မှတ်ရန်နှင့် ပြည်သူဗဟိုပြုသော ချဉ်းကပ်မှု၊ အားလုံးအတွက် အကျိုးဖြစ်ထွန်းမှု၊ ဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင်သော ဖွံ့ဖြိုးတိုးတက်မှု၊ လူနှင့်သဘာဝအကြား သဟဇာတဖြစ်မှု၊ ရလဒ်ကို အဓိကထားသော လက်တွေ့လုပ်ဆောင်ချက်များအတွက် ဆက်လက်ကတိကဝတ်ပြုရန် တိုက်တွန်းထားသည်။

"အဲဒီအစီအမံဟာ အချိန်ကာလနဲ့ ကိုက်ညီရုံတင်မကဘဲ မဟာဗျူဟာအရလည်း အမြော်အမြင်ကြီးပါတယ်။ နိုင်ငံတကာအစီအစဉ်ကို ကွဲလွဲမှုတွေနဲ့ နယ်စည်းခြားမှုတွေက ပိုပြီးစိုးမိုးလာချိန်မှာ အဲဒီအစီအမံဟာ အခြေခံကျတဲ့ မေးခွန်းတစ်ခုကို ပြန်ပြီးအာရုံစိုက်မိစေပါတယ်။ အဲဒါကတော့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်မှုကို ဘယ်လိုဘယ်ပုံ ဖော်ဆောင်မလဲ၊ ပြည်သူတွေအတွက် ဂုဏ်သိက္ခာရှိတဲ့ အနာဂတ်ကို ဘယ်လိုဘယ်ပုံ ဖန်တီးတည်ဆောက်မလဲဆိုတဲ့ မေးခွန်းပါပဲ" ဟု Delovoy Kazakhstan သတင်းစာ၏ အယ်ဒီတာချုပ် ဆာရစ် ကော်ဇွမ်ဘာယက်ဗ်က ပြောသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ GDI မိတ်ဆွေများအဖွဲ့ကို စတင်ဖွဲ့စည်းရာတွင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ယင်းအစီအမံကို ထောက်ခံကြောင်းနှင့် အဆိုပါအဖွဲ့တွင် ပါဝင်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260921/0f65bc5fc4374203b8d662c9a51dd95b/c.html

တန်ဇန်းနီးယားနိုင်ငံ ကီလ်ဝါ ကီဆီဝါနီမြို့အနီးရှိ တည်ဆောက်ဆဲ ကီလ်ဝါ ငါးဖမ်းဆိပ်ကမ်းအား ၂၀၂၅ ခုနှစ် ဧပြီ ၂၃ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)
တန်ဇန်းနီးယားနိုင်ငံ ကီလ်ဝါ ကီဆီဝါနီမြို့အနီးရှိ တည်ဆောက်ဆဲ ကီလ်ဝါ ငါးဖမ်းဆိပ်ကမ်းအား ၂၀၂၅ ခုနှစ် ဧပြီ ၂၃ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

..................................

(English Version)

Xiplomacy: Five years on, China's Global Development Initiative delivers tangible progress

BEIJING, Sept. 21 (Xinhua) -- "Stay committed to putting development first, and open up the prospects for shared prosperity." At the Shanghai Cooperation Organization (SCO) summit in Bishkek this year, Chinese President Xi Jinping once again called on countries to make development a priority.

In September 2021, Xi proposed the Global Development Initiative (GDI) at the 76th session of the UN General Assembly, bringing a vision of shared development to the global agenda and calling for the benefits of development to be more widely shared.

Five years on, the initiative has evolved from a vision into concrete cooperation, with more and more countries joining forces in the pursuit of a better future for all.

FROM VISION TO SHARED ASPIRATION

The GDI was put forward at a critical moment when the global development agenda was facing unprecedented challenges.

In the Sustainable Development Goals Report 2021, the United Nations underscored the scale of the setback: global extreme poverty rose for the first time in more than 20 years, with 119 million to 124 million people pushed back into extreme poverty in 2020, while 101 million children fell below the minimum reading proficiency level.

It was against this background that Xi proposed the development initiative, emphasizing the necessity to put development high on the global macro policy agenda.

The initiative calls for staying committed to development as a priority, to a people-centered approach, to benefits for all, to innovation-driven development, to harmony between man and nature and to results-oriented actions.

"It was both timely and strategically far-sighted. At a time when the international agenda is increasingly dominated by differences and dividing lines, the initiative brings a fundamental question back into focus: how to achieve development and stability and create a dignified future for people," said Serik Korzhumbayev, editor-in-chief of the Delovoy Kazakhstan newspaper.

In January 2022, when the Group of Friends of the GDI was launched at the UN Headquarters in New York, delegates from more than 100 countries attended the meeting, voicing support for the initiative and willingness to join the group.

https://english.news.cn/20260921/0f65bc5fc4374203b8d662c9a51dd95b/c.html

Photo caption 1: This aerial photo taken on Jan. 9, 2024 shows a view of Cocody Bridge in Abidjan, Cote d'Ivoire. (Xinhua/Han Xu)

Photo caption 2: An aerial drone photo taken on April 23, 2025 shows the Kilwa Fishing Harbor under construction near Kilwa Kisiwani, Tanzania. (Xinhua/Li Yahui)