
ဆိုးလ်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
စစ်မဲ့ဇုန်အတွင်း၌ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ခုတွင် သံသယဖြစ်ဖွယ်မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် တောင်ကိုရီးယားစစ်သည်နှစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့မှု အပါအဝင် စုစုပေါင်း သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း Yonhap News TV ၏ သတင်းဖော်ပြမှုအရ သိရသည်။
တောင်ကိုရီးယား တပ်မတော်၏ အမှတ် ၂၅ ခြေလျင်တပ်မကြီးမှ တပ်ဖွဲ့ဝင်များက ရှေ့တန်းနယ်စပ်ဒေသတွင် စစ်ဆင်ရေးတစ်ခု ပြုလုပ်နေချိန်၌ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဒဏ်ရာရခဲ့သူ ၃ ဦးစလုံးကို ဆေးကုသမှုခံယူနိုင်ရန် စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းလည်း အဆိုပါသတင်း၌ ဖော်ပြထားသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ပစ္စည်းမှာ တောင်ကိုရီးယားတပ်ဖွဲ့များက မြှုပ်နှံထားခဲ့သည့် မြေမြှုပ်မိုင်းလော သို့မဟုတ် မြောက်ကိုရီးယားနိုင်ငံ စစ်တပ်က မြှုပ်နှံထားခဲ့သည့် မြေမြှုပ်မိုင်းလောဆိုသည်ကိုမူ ရှင်းလင်းစွာ မသိရှိရသေးပေ။
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံကို ပိုင်းခြားထားသည့် စစ်မဲ့ဇုန် (DMZ)မှာ လုံခြုံရေးအစီအမံများအထူးတင်းကျပ်စွာချထားသည့် နေရာတစ်ခုဖြစ်သလို အဆိုပါနေရာတွင် မြေမြှုပ်မိုင်းအများအပြား မြှုပ်နှံထားသည်ဟုလည်း ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)
..................................
(English version)
3 injured in suspected landmine blast during S. Korea's border operation
SEOUL, Sept. 21 (Xinhua)
Three were injured, including two critically wounded South Korean soldiers, on Monday in a suspected landmine blast that occurred during an operation inside the demilitarized zone (DMZ), according to Yonhap News TV.
The incident took place while troops from the South Korean army's 25th Infantry Division were conducting an operation in the frontline border area.
All three injured were sent to a military hospital for treatment.
It remained unclear whether the detonated device was a landmine buried by South Korean forces or the military of the Democratic People's Republic of Korea.
The DMZ, which separates the two Koreas, is heavily fortified and is estimated to contain numerous buried landmines. ■
Photo caption: In this handout photo provided by South Korea's Ministry of National Defence, South Korean soldiers conduct onsite verifications at DPRK guard posts within the Demilitarized Zone (DMZ), on Dec. 12, 2018. (Xinhua/South Korean Ministry of National Defence)








