
ရီယတ်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ယီမင်ရှိ ဟူသီလက်နက်ကိုင်အဖွဲ့သည် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်သို့ ပစ်လွှတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည် တစ်စင်းအား ဆော်ဒီ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ယင်းနေ့ နံနက်အစောပိုင်းတွင် ကြားဖြတ်ဟန့်တားခဲ့ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Turki al-Malki က စက်တင်ဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။
ယီမင်ရှိ ဟူသီလက်နက်ကိုင်အဖွဲ့သည် ရီယတ်မြို့ရှိ အရပ်သားများနှင့် အရပ်ဘက် အဆောက်အအုံများအား တိုက်ခိုက်ရန် ရည်ရွယ်၍ စစ်ရေးလှုပ်ရှားမှုများကို ဆက်လက် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း Malki က ယင်းနေ့ညပိုင်းတွင် လူမှုမီဒီယာပေါ်၌ ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ဟူသီလက်နက်ကိုင်အဖွဲ့သည် Baish ၊ Taif ၊ Farasan နှင့် Yanbu စသည့် ဆော်ဒီအာရေဗျ မြို့များရှိ အရပ်သားများနှင့် အရပ်ဘက် အဆောက်အအုံများကိုလည်း တိုက်ခိုက်ရန် ထပ်မံကြံစည်ခဲ့သော်လည်း အားလုံးကို ဟန့်တားနိုင်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချထားပြီး ညွန့်ပေါင်းတပ်ဖွဲ့အနေဖြင့် ဟူသီလက်နက်ကိုင်အဖွဲ့၏ ပြုမူဆောင်ရွက်ချက်များကို ဟန့်တားရန် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့်အညီ သင့်တော်သော အစီအမံများ ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း ကြေညာချက်၌ အလေးထားဖော်ပြထားသည်။
စက်တင်ဘာ ၁၉ ရက်တွင် ရီယတ်မြို့၌ ပေါက်ကွဲသံ နှစ်ကြိမ် ထွက်ပေါ်ခဲ့ပြီး တစ်ကြိမ်မှာ ယင်းနေ့ မိုးမလင်းမီ နံနက်အစောပိုင်းတွင်ဖြစ်ကာ နောက်တစ်ကြိမ်မှာ ယင်းနေ့ နံနက်ပိုင်းတွင်ဖြစ်သည်။ ရီယတ်မြို့ အရှေ့မြောက်ပိုင်းရှိ King Khalid အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးတွင် မီးခိုးလုံးကြီးများ ခေတ္တ ထွက်ပေါ်လာခဲ့သည်။ လတ်တလောတွင် ယီမင်ရှိ ဟူသီလက်နက်ကိုင်အဖွဲ့သည် ဆော်ဒီအာရေဗျနိုင်ငံအား ဒုံးကျည်များ၊ ဒရုန်းများဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သော်လည်း ရီယတ်မြို့၌ လေကြောင်းရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်မှာမူ ပထမဆုံးအကြိမ်ဖြစ်သည်။ (Xinhua)
------------------------------------------
(Chinese Version)
沙特主导联军称拦截一枚射向利雅得的胡塞武装导弹
新华社利雅得9月19日电(记者罗晨)沙特阿拉伯主导的多国联军发言人图尔基·马利基19日说,沙特防空部队当天凌晨拦截了一枚也门胡塞武装向沙特首都利雅得发射的弹道导弹。
马利基当晚在社交媒体上发表声明说,也门胡塞武装持续升级行动,企图袭击利雅得的平民和民用设施。
他补充说,胡塞武装还企图袭击拜什、塔伊夫、法拉桑和延布等沙特城市的平民和民用设施,但均已被挫败。
声明强烈谴责胡塞武装的袭击,强调多国联军有权依据国际人道法采取适当措施,以遏制胡塞武装的行径。
利雅得19日两次传出爆炸声,一次在当天凌晨,另一次在当天上午。位于利雅得东北部的哈立德国王国际机场附近一度升起浓烟。近期,也门胡塞武装多次对沙特发动导弹和无人机袭击,但利雅得发布防空警报还是第一次。
图说 :3月18日晚,沙特首都利雅得南部地区遇袭现场升起浓烟。新华社发








