နေတန်ယာဟုက အီရန်အစိုးရကို ဖြုတ်ချမည်၊ ဟားမက်စ်ကို ဖယ်ရှားမည်ဟု ကတိပြု

အစ္စရေးနိုင်ငံအနေဖြင့် အီရန်အစိုးရကို ဖြုတ်ချမည်ဖြစ်ကာ ဟားမက်စ်ကို ဖယ်ရှားမည်ဖြစ်သလို  ဟစ်ဇ်ဘိုလာအဖွဲ့အပေါ် စစ်ဆင်ရေးကိုလည်း ဆက်လက်လုပ်ဆောင်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက စက်တင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဟားမက်စ်ကို ဖယ်ရှားပစ်မှာပါ။ ပထမဆုံးနဲ့ အရေးအကြီးဆုံးအနေနဲ့ကတော့ အီရန်အစိုးရကို အနိုင်ယူပြီး ဖြုတ်ချမယ်။ အီရန်အစိုးရ ပြိုလဲသွားပါလိမ့်မယ်” ဟု နေတန်ယာဟုက အစ္စရေးပြည်တွင်းလုံခြုံရေးအေဂျင်စီ Shin Bet အဖွဲ့ဝင်များအား ဂုဏ်ပြုသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

အမေရိကန်အောက်လွှတ်တော်က ထရမ့်အား အခွန်စည်းကြပ်ခွင့်ပြုခြင်းနှင့်အတူ ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှု ဥပဒေကြမ်း အတည်ပြု

အမေရိကန် အောက်လွှတ်တော်က စက်တင်ဘာ ၁၆ ရက်တွင် ရုရှားနှင့် အီရန်တို့အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်မည့် ဥပဒေမူကြမ်းကို အတည်ပြုခဲ့ပြီး ယင်းဥပဒေကြမ်းအား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးနိုင်ရန် ပေးပို့ခဲ့သည်။

အောက်လွှတ်တော်တွင် ရီပက်ဘလီကန်အမတ်အများစုနှင့် ဒီမိုကရက်အမတ် အများအပြားက ထောက်ခံခဲ့ခြင်းနှင့်အတူ အဆိုပါဥပဒေမူကြမ်းကို ထောက်ခံမဲ ၂၆၂ မဲ၊ ကန့်ကွက်မဲ ၁၅၉ မဲဖြင့် အတည်ပြုခဲ့သည်။ ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက လွှတ်တော်အမတ်များနှင့် တွေ့ဆုံကာ ဥပဒေကြမ်း အတည်ပြုရေးကို တိုက်တွန်းခဲ့ပြီးနောက် အဆိုပါ ဥပဒေကြမ်းကို ဩဂုတ်လအတွင်း ပါတီနှစ်ရပ်က အားပေးထောက်ခံကာ ဆန္ဒမဲ ၈၆-၁၁ ဖြင့် အထက်လွှတ်တော်က အတည်ပြုခဲ့သည်။

ယီမင်နိုင်ငံ Bab al-Mandab ရေလက်ကြားအနီး တိုက်ပွဲများ ပြင်းထန်၊ လူ ၄၀ ကျော် သေဆုံး

ယီမင်နိုင်ငံ၏ မဟာဗျူဟာအရ အရေးပါသော Bab al-Mandab ရေလက်ကြား အနီးတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ရာ လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း နှစ်ဖက် စစ်ဘက်တာဝန်ရှိများက စက်တင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။ အစိုးရတပ်ဖွဲ့များနှင့် ဟူသီအဖွဲ့တို့သည် အရေးပါသော ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းကို အပေါ်စီးမှ စိုးမိုးနိုင်သည့် တောင်ကုန်းမြင့်ဒေသများကို ထိန်းချုပ်ရန် တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။

ဆော်ဒီအာရေဗျနှင့် တင်းမာမှုမြင့်တက်နေစဉ် မက္ကာကို ပစ်မှတ်ထားတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်ဆိုသော စွပ်စွဲချက်ကို ဟူသီခေါင်းဆောင် ငြင်းဆို

ယီမင်နိုင်ငံ၏ ဟူသီအဖွဲ့ခေါင်းဆောင် Abdul-Malik al-Houthi က ဆော်ဒီအာရေဗျနှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ၎င်းတို့အဖွဲ့အနေဖြင့် အစ္စလာမ်ဘာသာဝင်များ၏ သန့်ရှင်းမြင့်မြတ်သော မက္ကာ (Mecca) မြို့ကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်ဆိုသော စွပ်စွဲချက်များမှာ “လုပ်ကြံဖန်တီးမှုနှင့် သတင်းမှားများ” ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဟူသီအဖွဲ့ပိုင် al-Masirah TV မှ ထုတ်လွှင့်သော မိန့်ခွန်းတွင် al-Houthi က ဟူသီတပ်ဖွဲ့များ မက္ကာကို ပစ်မှတ်ထားခဲ့သည်ဆိုသော ပြောဆိုချက်မှာ “လိမ်ညာမှု” ဖြစ်ကြောင်း၊ ထိုစွပ်စွဲချက်ကို ယီမင်နိုင်ငံအပေါ် ချမှတ်ထားသည်ဟု ၎င်းက ထည့်သွင်းဖော်ပြထားသော “စစ်ရေးအစီအမံများ” အား ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုရရှိစေရန် အသုံးပြုနေခြင်းဖြစ်ကြောင်းလည်း စောဒကတက်ခဲ့သည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် တာကာအိချိ အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်း၊ အဓိကဝန်ကြီးများ ဆက်လက်တာဝန်ယူ၊ JIP ပါတီဝင်များ ထိပ်ဆုံးနေရာတွင်ရှိနေ

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် စက်တင်ဘာ ၁၇ ရက်တွင် အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး အဓိကဝန်ကြီးအများစုကို ၎င်းတို့၏ ရာထူးများတွင် ဆက်လက်ထားရှိခဲ့ပြီး အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏ ညွန့်ပေါင်းပါတီငယ်ဖြစ်သော Japan Innovation Party (JIP) မှ အသစ်ဝင်လာသူတစ်ဦးကိုလည်း အစိုးရအဖွဲ့တွင် ထည့်သွင်းခဲ့ကြောင်း သိရသည်။

ယင်းသည် အောက်တိုဘာလတွင် တာကာအိချိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီးနောက် ပထမဆုံးအကြိမ် အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်းလည်း ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုနှင့် ဖုန်းဆက်ဆွေးနွေး

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် တရုတ်-အမေရိကန် အဆင့်မြင့်အပြန်အလှန်ဆက်သွယ်မှုများနှင့် စပ်လျဉ်း၍ စက်တင်ဘာ ၁၇ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

ဆွေးနွေးမှုအတွင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်က တရုတ်-အမေရိကန် ဆက်ဆံရေးမှာ အချိန်ကာလတစ်ခုအတွင်း နှစ်နိုင်ငံခေါင်းဆောင်များက ချမှတ်ထားသည့် အပြုသဘောဆောင်သော မဟာဗျူဟာမြောက်တည်ငြိမ်မှု လမ်းကြောင်းအတိုင်း ယေဘုယျအားဖြင့် ရှေ့ဆက်လျက်ရှိကာ နိုင်ငံတကာအသိုက်အဝန်း၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ဂျီနီဗာမြို့တွင် “AI က လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ပေးခြင်း” ခေါင်းစဉ်ဖြင့် အခမ်းအနားကျင်းပ

၆၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကာလအတွင်း “AI က လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ပေးခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းမစ်ရှင်ရုံးနှင့် နိုင်ငံတကာကူးလူးဆက်ဆံမှုဆိုင်ရာ တရုတ်နိုင်ငံ NGO ကွန်ရက်တို့က ပူးတွဲကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ အခမ်းအနားကို နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) များ၏ အကြီးအကဲများနှင့် ကျွမ်းကျင်သူများ အပါအဝင် လူဦးရေ ၁၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး ကမ္ဘာလုံးဆိုင်ရာ AI စီမံခန့်ခွဲမှု ပိုမိုခိုင်မာစေရေးနှင့် လူ့အခွင့်အရေး မြှင့်တင်မှု တွန်းအားပေးရေးတို့နှင့် စပ်လျဉ်း၍ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြသည်။ (Xinhua)

………..

(English Version)

Daily World Briefing, Sept. 18

Netanyahu vows to topple Iran's government, eliminate Hamas

Israeli Prime Minister Benjamin Netanyahu said on Thursday that Israel would topple Iran's government, eliminate Hamas and continue its campaign against Hezbollah.

"We will eliminate Hamas, and first and foremost we will defeat the regime in Iran. We will topple it. It will fall," Netanyahu said at a ceremony honoring members of Israel's Shin Bet domestic security agency.

U.S. House passes Russia sanctions bill granting Trump tariff authority

The U.S. House of Representatives on Wednesday passed a bill imposing sanctions on Russia and Iran, sending it to President Donald Trump for his signature.

The House passed the bill 262-159, with support from most Republicans and dozens of Democrats. The bill passed the Senate in August by an 86-11 vote with bipartisan support, after Ukrainian President Volodymyr Zelensky met with lawmakers and urged its passage.

More than 40 killed as fighting rages near Yemen's Bab al-Mandab strait

More than 40 people have been killed in heavy clashes near Yemen's strategic Bab al-Mandab Strait over the past 24 hours, military officials from both sides said Thursday, as government forces and the Houthi group fought for control of rugged high ground overlooking the vital shipping route.

Houthi leader denies targeting Mecca amid escalating tensions with Saudi Arabia

Yemen's Houthi leader Abdul-Malik al-Houthi on Thursday rejected accusations that his group had attempted to attack the Islamic holy city of Mecca, calling the allegation "fabrication and misinformation" amid escalating hostilities with Saudi Arabia.

In a televised address carried by Houthi-run al-Masirah TV, al-Houthi said claims that Houthi forces had targeted Mecca were a "lie," arguing that the accusation was being used to mobilize broader support for what he described as "military measures imposed on Yemen."

Japan PM Takaichi reshuffles cabinet, retains key ministers, taps first JIP member

Japanese Prime Minister Sanae Takaichi reshuffled her cabinet on Thursday, retaining most key ministers while bringing in a newcomer from the Japan Innovation Party (JIP), the junior coalition partner of the ruling Liberal Democratic Party (LDP).

It is Takaichi's first cabinet reshuffle since she took office last October.

Chinese FM holds phone talks with Rubio on high-level interactions

Chinese Foreign Minister Wang Yi spoke by phone on Thursday with U.S. Secretary of State Marco Rubio on high-level interactions between the two countries.

During the talks, Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that China-U.S. relations have for some time generally moved forward along the track of constructive strategic stability charted by the two heads of state, which helps meet the expectations of the international community.

China hosts event themed "AI empowering human rights development" in Geneva

A side event themed "Artificial Intelligence (AI) Empowering Human Rights Development" was held Wednesday during the 63rd session of the United Nations Human Rights Council.

Co-hosted by the Permanent Mission of China to the United Nations Office at Geneva and the China NGO Network for International Exchanges, the event brought together nearly 100 participants, including representatives from over 20 countries, heads of non-governmental organizations, and experts, and engaged in in-depth discussions on strengthening global AI governance and fostering the advancement of human rights.