
မနီလာ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း စာသင်ကျောင်းတစ်ကျောင်းတွင် စက်တင်ဘာ ၁၈ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၃ ဦးထက်မနည်း သေဆုံး၍ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းအနက် ၄ ဦးသည် ဒဏ်ရာပြင်းထန်ကြောင်း ဒေသတွင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ တောင်ကိုတာဘာတိုပြည်နယ် ဘန်ဂါမြူနီစပယ်မြို့ရှိ အတန်းအားလုံး စာသင်ကြားမှုကို ချက်ချင်းရပ်ဆိုင်းခဲ့ကြောင်း ဒေသတွင်း ဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှုရုံးမှ သိရသည်။
ဖိလစ်ပိုင်နိုင်ငံ ပညာရေးဝန်ကြီးဌာနက တောင်ကိုတာဘာတိုပြည်နယ် ဘန်ဂါမြို့ရှိ အထက်တန်းကျောင်းတွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှု ဖြစ်စဉ်အပေါ် များစွာစိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua)
---------------------
(English Version)
3 killed, 8 injured in S. Philippines school shooting
MANILA, Sept. 18 (Xinhua) -- At least three people were killed, and eight people were injured in a school shooting in southern Philippines on Friday, with four of them in critical condition, according to local media reports.
All classes were immediately suspended at all levels in the municipality of Banga, South Cotabato Province, where the accident happened, according to the local disaster risk reduction and management office.
The Department of Education expressed deep concern over the reported shooting incident at Banga National High School in Banga, South Cotabato. Enditem
Photo Caption : People wade through floodwater in Quezon City, the Philippines, on Aug. 17, 2026. (Xinhua/Rouelle Umali)








