ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ဥရောပသမဂ္ဂ အရေးပေါ် ထိပ်သီးအစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲသို့ ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန် တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက် နံနက်အစောပိုင်းက တွေ့ရစဉ်  (ဆင်ဟွာ)
ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ဥရောပသမဂ္ဂ အရေးပေါ် ထိပ်သီးအစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲသို့ ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန် တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက် နံနက်အစောပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ထရမ့်သည် စက်တင်ဘာ ၁၆ ရက်က မြောက်ကာရိုလိုင်းနားပြည်နယ်တွင် မိန့်ခွန်းပြောကြားစဉ် ဥရောပသမဂ္ဂ က ကနေဒါအား “တွဲဖက်အဖွဲ့ဝင်” အဖြစ် ပါဝင်ခွင့်ပြုခြင်းသည် “ရန်လိုသော ပြုမူဆောင်ရွက်ချက်” ဖြစ်နိုင်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ၎င်းက ဥရောပသမဂ္ဂအပေါ် အကောက်ခွန်တိုးမြှင့်ကောက်ခံမည့်အပြင် ဥရောပနှင့် ကဏ္ဍအချို့တွင် ကုန်သွယ်ရေးဖြတ်တောက်မည်ဟု ခြိမ်းခြောက်ပြောကြားခဲ့သည်။

ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန် သည် စက်တင်ဘာ ၁၆ ရက်က ဥရောပပါလီမန် အထွေထွေအစည်းအဝေး၌ ၂၀၂၆ ခုနှစ် “သမဂ္ဂ အခြေပြ မိန့်ခွန်း” ပြောကြားစဉ် ကနေဒါအား ဥရောပသမဂ္ဂ၏ ပထမဆုံး “တွဲဖက်အဖွဲ့ဝင်” ဖြစ်လာစေရန် အဆိုပြုခဲ့သည်။

ထရမ့်က ဥရောပခေါင်းဆောင်များသည် “စေတနာမှန်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါက ကိစ္စမရှိသော်လည်း မသမာသောစိတ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါက ဥရောပအပေါ် မြင့်မားသော စည်းကြပ်ခွန်များ ကောက်ခံသွားမည်” ဟု ပြောကြားခဲ့သည်။ ထရမ့်က ကနေဒါအနေဖြင့် ဥရောပသမဂ္ဂသို့ ပူးပေါင်းဝင်ရောက်မည့် အလားအလာမှာ “အဓိပ္ပာယ်မရှိ ရယ်စရာကောင်းလှကြောင်း” နှင့် ကနေဒါသည် “စိတ်ပျက်စရာကောင်းသည့် ကုန်သွယ်ရေး မိတ်ဖက်” ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ကနေဒါနှင့် အမေရိကန်တို့ကြားမှ ပဋိပက္ခများသည် မကြာမီကာလအတွင်း ပြေလည်လျော့ပါးသွားမည့် အရိပ်အယောင် ခဲယဉ်းနေကြောင်း လေ့လာသုံးသပ်သူများက ယူဆကြသည်။ ကနေဒါအတွက်မူ အမေရိကန်သည် “အကောင်းဆုံး မဟာမိတ်” မှ “အကြီးမားဆုံး အန္တရာယ်ဖြစ်ပေါ်ရာ ပင်မဇာစ်မြစ်” သို့ ပြောင်းလဲလျက်ရှိသည်။ ထို့ကြောင့် ကနေဒါနိုင်ငံသည် မဟာဗျူဟာမြောက် ဦးတည်ချက်ကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းလျက်ရှိပြီး ဥရောပနှင့် ဆက်ဆံရေး နက်ရှိုင်းစေခြင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ကဏ္ဍပေါင်းစုံ စုံလင်အောင် တွန်းအားပေးခြင်းတို့ဖြင့် စီးပွားရေး ကြံ့ခိုင်မှုကို မြှင့်တင်ကာ ကနေဒါ-အမေရိကန် ကုန်သွယ်ရေး အငြင်းပွားမှု၏ ရိုက်ခတ်မှုကို လျော့ပါးသက်သာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

-----------------

(Chinese Version)

特朗普称欧盟允许加成为“联席成员”或是“敌对行为”

  新华社纽约9月16日电(记者徐静)据美国媒体报道,美国总统特朗普16日在北卡罗来纳州发表讲话时暗示,欧盟允许加拿大成为“联席成员”或是“敌对行为”。他威胁对欧盟加征关税,甚至切断与欧洲在某些领域的贸易。

  欧盟委员会主席冯德莱恩16日在欧洲议会全会发表2026年“盟情咨文”时提议,让加拿大成为欧盟的首个“联席成员”。

  特朗普表示,欧洲领导人“如果是善意的,那没问题。如果是恶意的,我们将对欧洲征收高额关税”。特朗普称加拿大加入欧盟的前景“荒谬可笑”,并称加拿大是“糟糕的贸易伙伴”。

  分析人士认为,加拿大与美国的矛盾近期难见缓和迹象。对加拿大而言,美国正从“最好盟友”向“最大风险源”转变。为此,加拿大试图调整战略重心,通过深化对欧关系、推动经贸多元化等增强经济韧性,对冲加美贸易争端影响。

图说  :  1月23日凌晨,在比利时布鲁塞尔,欧盟委员会主席冯德莱恩出席欧盟紧急峰会后的新闻发布会。新华社发(欧盟供图)