
ဝါရှင်တန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် အီရန်တို့သည် စစ်ဖြစ်ပွားနေသည့် အခြေအနေတွင် ရှိနေဆဲ ဖြစ်သော်လည်း လာမည့်သီတင်းပတ်၌ နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေးသို့ အီရန်ခေါင်းဆောင် တက်ရောက်ရန် အမေရိကန်အစိုးရက သဘောတူလိုက်ပြီဖြစ်ကြောင်း အမေရိကန်မီဒီယာ အများအပြားက စက်တင်ဘာ ၁၇ ရက်တွင် သတင်းဖော်ပြခဲ့ကြသည်။
အမေရိကန်၏ မူဝါဒအရ အီရန်ကိုယ်စားလှယ်အဖွဲ့၏ အရေအတွက်သည် လွန်ခဲ့သောနှစ်ကထက် လျော့နည်းမည်ဖြစ်ပြီး အမေရိကန်နိုင်ငံအတွင်း သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန် အချေအတင် ဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်သည် စက်တင်ဘာ ၂၃ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ဆွေးနွေးပြောကြားမည်ဟု မျှော်လင့်ရသည်။
ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO) အဖွဲ့ဝင်များနှင့် ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့ (PA) အရာရှိများအပေါ် ပိတ်ဆို့အရေးယူမှုများကို သက်တမ်းတိုးမြှင့်မည်ဖြစ်ပြီး ၎င်းတို့အား ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးရန် ငြင်းပယ်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်တွင် ကြေညာခဲ့သည်။ ယင်းမှာ နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် စီစဉ်ထားသည့် ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့အား ဗီဇာထုတ်ပေးရန် ထရမ့်အစိုးရက ဒုတိယအကြိမ် ၂ နှစ်ဆက်တိုက် ငြင်းပယ်ခဲ့ခြင်းလည်း ဖြစ်သည်။ (Xinhua)
-------------------
(Chinese Version)
美媒:伊朗领导人将出席在纽约举行的联合国大会
新华社华盛顿9月17日电(记者黄强 徐剑梅)据美国多家媒体17日报道,尽管美国和伊朗仍处于交战状态,但美国政府已同意伊朗领导人参加下周在纽约举行的联合国大会高级别会议。
报道援引美国国务院发言人的一份声明说,根据美方政策,伊朗代表团规模小于去年,并将在美国境内面临出行限制。
第81届联合国大会一般性辩论将于22日拉开帷幕。伊朗总统佩泽希齐扬预计23日在联合国大会上发表讲话。
美国务院16日宣布,将延长对巴勒斯坦解放组织成员和巴勒斯坦民族权力机构官员的制裁,拒绝向其发放签证。这是特朗普政府连续第二年拒绝向计划赴纽约参加联合国大会的巴勒斯坦代表团发放签证。
图说 :这是位于纽约的联合国总部外景(2025年9月18日摄)。新华社记者 李睿 摄








