
ကိဗ်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံသည် ပြန်လည်လွှဲပြောင်းပေးအပ်ရေးလုပ်ငန်းစဥ်များ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရုရှားနိုင်ငံထံမှ ရုပ်အလောင်း ၂၅၂ ခုကို လက်ခံရရှိခဲ့ကြောင်း ယူကရိန်းနိုင်ငံ၏ စစ်သုံ့ပန်းများဆိုင်ရာကိစ္စများဆောင်ရွက်ရေး ညှိနှိုင်းရေးဌာနချုပ်က စက်တင်ဘာ ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရုရှားနိုင်ငံဘက်မှ ထုတ်ပြန်ချက်အရလည်း အဆိုပါရုပ်အလောင်းများမှာ စစ်ဘက်ဝန်ထမ်းများအပါအဝင် ယူကရိန်းနိုင်ငံသားများ၏ ရုပ်အလောင်းများ ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းလုပ်ငန်းစဉ်ကို နိုင်ငံတကာ ကြက်ခြေနီကော်မတီက ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ပြန်လည်ရရှိလာသော ရုပ်အလောင်းများ၏အထောက်အထားများကို အတည်ပြုနိုင်ရေးအတွက် ဥပဒေစိုးမိုးရေးဆိုင်ရာ စုံစမ်းစစ်ဆေးသူများနှင့် မှုခင်းဆေးပညာဆိုင်ရာကျွမ်းကျင်ပညာရှင်များက လိုအပ်သော စစ်ဆေးမှုများအားလုံးကို ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
..........................
(English version)
Ukraine receives 252 bodies from Russia in repatriation efforts
KIEV, Sept. 17 (Xinhua)
Ukraine received 252 bodies from Russia as part of repatriation efforts, the country's Coordination Headquarters for the Treatment of Prisoners of War said Thursday.
According to the Russian side, the bodies belong to Ukrainian citizens, including military personnel.
The repatriation was facilitated by the International Committee of the Red Cross.
Law enforcement investigators, together with forensic experts, will conduct all necessary examinations and identify the repatriated bodies. ■
Photo caption: Photo taken on March 1, 2022 shows armed personnel in Donetsk. (Photo by Victor/Xinhua)








