
ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ အထွေထွေညီလာခံက ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲ ကာလအတွင်း ပါလက်စတိုင်းနိုင်ငံက ကြိုတင်ရိုက်ကူးထားသော ၎င်းနိုင်ငံ သမ္မတ Mahmoud Abbas ၏ ဆွေးနွေးချက်အား တင်ပြ၍ ညီလာခံခန်းမ၌ ဖွင့်လှစ်ပြသမှုအား ခွင့်ပြုသည့် အဆိုပြုချက်အား စက်တင်ဘာ ၁၇ ရက်တွင် အတည်ပြုခဲ့သည်။
ငြိမ်းချမ်းသောနည်းလမ်းဖြင့် ပါလက်စတိုင်းအရေးအား ဖြေရှင်းရန်နှင့် “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” အကောင်အထည်ဖော်ခြင်း အဆင့်မြင့် နိုင်ငံတကာအစည်းအဝေးတွင် ပါလက်စတိုင်းနိုင်ငံက ဗီဒီယိုစနစ်ဖြင့် ပါဝင်ဆွေးနွေးနိုင်ကြောင်း၊ သို့မဟုတ် ကြိုတင်ရိုက်ကူးထားသော ဆွေးနွေးချက်ကို တင်ပြနိုင်ကြောင်းလည်း အဆိုပြုချက်တွင် ဆုံးဖြတ်ထားသည်။
ပါလက်စတိုင်းနိုင်ငံ ကိုယ်စားလှယ် အစည်းအဝေး တက်ရောက်မှုကို တားဆီးခံရပါက ပါလက်စတိုင်းနိုင်ငံအနေဖြင့် မည်သည့်အဆင့်မြင့်အစည်းအဝေး သို့မဟုတ် ကုလသမဂ္ဂ အစည်းအဝေးနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံ သို့မဟုတ် အခြား ကုလသမဂ္ဂအဖွဲ့အစည်းမှ ကြီးမှူးကျင်းပသော နိုင်ငံတကာအစည်းအဝေး အမျိုးမျိုးတွင်မဆို ၎င်းသမ္မတ သို့မဟုတ် အဆင့်မြင့်ကိုယ်စားလှယ်မှ ကြိုတင်ရိုက်ကူးထားသော ဆွေးနွေးချက်ကို တင်ပြနိုင်ကြောင်းလည်း အဆိုပြုချက်တွင် ဆိုထားသည်။
၂၀၂၅ ခုနှစ် ဩဂုတ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် အမေရိကန်သို့ လာရောက်၍ ကုလသမဂ္ဂ ညီလာခံ တက်ရောက်ရန် စီစဉ်ထားသည့် သမ္မတ Mahmoud Abbas နှင့် အခြား ပါလက်စတိုင်း အစိုးရအရာရှိ ၈၀ ဦးခန့်ကို ဗီဇာခွင့်ပြုပေးရန် ငြင်းဆိုခဲ့သည်။ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သမ္မတ Mahmoud Abbas စသည်တို့အပေါ် ဗီဇာခွင့်ပြုမှု ငြင်းပယ်သည့် ပိတ်ဆို့အရေးယူမှုအား သက်တမ်းတိုးကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
联大决定巴勒斯坦总统阿巴斯可通过预制录像方式参会
新华社联合国9月17日电(记者尚绪谦)联合国大会17日通过决议,决定第81届联大一般性辩论期间,巴勒斯坦国可提交预先录制的该国总统阿巴斯的发言,在联大会堂播放。
决议还决定,在以和平方式解决巴勒斯坦问题及落实“两国方案”高级别国际会议上,巴勒斯坦国可通过视频会议方式发言,或提交预先录制的发言。
决议表示,如果巴勒斯坦国代表被阻止参会,巴勒斯坦国可在任何高级别会议或联合国会议,以及由联大或其他联合国机构主持召开的各种国际会议上,提交其总统或高级代表预先录制的发言。
2025年8月,美国国务院拒绝向计划赴美出席联大的阿巴斯及另外约80名巴方官员发放签证。今年9月16日,美国国务院宣布,延长对阿巴斯等人的拒签制裁。(完)
图说:9月17日,在位于美国纽约的联合国总部,联合国大会通过决议,决定第81届联大一般性辩论期间,巴勒斯坦国可提交预先录制的该国总统阿巴斯的发言,在联大会堂播放。 新华社发(联合国供图/曼努埃尔·埃利亚斯摄)








