မော်ရီတေးနီးယားနိုင်ငံ၊ နူအက်ခ်ရှော့မြို့၊ ချစ်ကြည်ရေးဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် တရုတ်ရေတပ်၏ “ Auspicious Ark” ဆေးရုံသင်္ဘောပေါ်၌ မွေးဖွားခါစ “မင်္ဂလာ ရတနာလေး”အား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မော်ရီတေးနီးယားနိုင်ငံ၊ နူအက်ခ်ရှော့မြို့၊ ချစ်ကြည်ရေးဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် တရုတ်ရေတပ်၏ “ Auspicious Ark” ဆေးရုံသင်္ဘောပေါ်၌ မွေးဖွားခါစ “မင်္ဂလာ ရတနာလေး”အား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နူအက်ခ်ရှော့၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မော်ရီတေးနီးယားနိုင်ငံ မြို့တော် နူအက်ခ်ရှော့၌ "Mission Harmony-2026" ကို ထမ်းဆောင်နေသည့် တရုတ်ရေတပ်၏ “Auspicious Ark” ဆေးရုံသင်္ဘောပေါ်တွင် ဒေသခံ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက သားယောက်ျားလေးတစ်ဦးကို ဒေသစံတော်ချိန် စက်တင်ဘာ ၁၆ ရက် ၁၃ နာရီ ၂၃ မိနစ်တွင် အောင်မြင်စွာ မွေးဖွားခဲ့ပြီး မိခင်နှင့် ကလေးပါ ဘေးကင်းကျန်းမာလျက်ရှိသည်။ ယင်းမှာ အဆိုပါ ဆေးရုံသင်္ဘောပေါ်တွင် မွေးဖွားခဲ့သည့် ပထမဆုံးသော “မင်္ဂလာ ရတနာလေး” ဖြစ်သည်။

တရုတ်ရေတပ်၏ “Auspicious Ark” ဆေးရုံသင်္ဘောသည် စက်တင်ဘာ ၁၅ ရက်မှစတင်၍ မော်ရီတေးနီးယားနိုင်ငံတွင် ၇ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။ ယင်းမှာ "Mission Harmony-2026" ၏ ပထမဆုံးစခန်းဖြစ်ပြီး တရုတ်ရေတပ် ဆေးရုံသင်္ဘောအနေဖြင့် မော်ရီတေးနီးယားနိုင်ငံသို့ ဒုတိယအကြိမ်မြောက် သွားရောက်လည်ပတ်ခြင်းလည်း ဖြစ်သည်။ (Xinhua)

-------------------

(Chinese Version)

中国海军“吉祥方舟”号医院船迎来首个“吉祥宝宝”

  当地时间9月16日13时23分,一位当地产妇在毛里塔尼亚首都努瓦克肖特执行“和谐使命-2026”任务的中国海军“吉祥方舟”号医院船上诞下一名男婴,母子平安。这是该医院船上诞生的首个“吉祥宝宝”。

  中国海军“吉祥方舟”号医院船从9月15日开始在毛里塔尼亚进行为期7天的友好访问。这是“和谐使命-2026”任务的首站,也是中国海军医院船第二次访问毛里塔尼亚。

  新华社记者 谢剑飞 摄

图说 1 :这是9月16日在毛里塔尼亚努瓦克肖特友谊港靠泊的中国海军“吉祥方舟”号医院船上拍摄的刚出生的“吉祥宝宝”。新华社记者 谢剑飞 摄

图说 2 :9月16日,在毛里塔尼亚努瓦克肖特友谊港,医护人员在中国海军“吉祥方舟”号医院船上照顾当地产妇。新华社记者 谢剑飞 摄