အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဘဂါအီက အပတ်စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဘဂါအီက အပတ်စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဆွီဒင်နိုင်ငံ အခြေစိုက် အီရန်သံတမန်တစ်ဦး ဆက်လက် တာဝန်ထမ်းဆောင်မှုကို ဆွီဒင်ဘက်က တားမြစ်ခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် ဆွီဒင်သံတမန်တစ်ဦးကို ၄၈ နာရီအတွင်း အီရန်နိုင်ငံအတွင်းမှ ထွက်ခွာရန် တောင်းဆိုကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်ဟု အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသတင်းအေဂျင်စီ (IRNA) ၏ ထိုနေ့ သတင်းဖော်ပြချက်အရ သိရသည်။

ဆွီဒင်နိုင်ငံအစိုးရအနေဖြင့် ထိုမတိုင်မီ ဆွီဒင်နိုင်ငံဆိုင်ရာ အီရန်သံရုံးမှ သံတမန်တစ်ဦးကို ဆွီဒင်နိုင်ငံမှ ထွက်ခွာရန် တောင်းဆိုခဲ့ပြီး အီရန်သည် ဆွီဒင်၏ လုံခြုံရေးကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်သည်ဟု စွဲဆိုခဲ့ကြောင်း၊ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆွီဒင်ဘက်၏ သက်ဆိုင်ရာစွဲဆိုချက်များသည် “လုံးဝအခြေအမြစ်မရှိ” ကြောင်း ဆိုခဲ့ပြီး ဆွီဒင်ဘက်က အီရန်သံတမန် ဆက်လက်တာဝန်ထမ်းဆောင်မှုအား တားဆီးသည့် ဆုံးဖြတ်ချက် ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်အား ကိုးကား၍ သတင်းတွင် ဖော်ပြခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုနေ့တွင် အီရန်နိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ်ကြီးအား ဆင့်ခေါ်၍ ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောကြားခဲ့သလို အီရန်နိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးမှ သံတမန်တစ်ဦးသည် ၄၈ နာရီအတွင်း အီရန်နိုင်ငံမှ ထွက်ခွာရမည်ဟုလည်း ဆွီဒင်ဘက်ကို အသိပေးခဲ့သည်။

ဆွီဒင်ဘက်၏ သက်ဆိုင်ရာဆုံးဖြတ်ချက်သည် အစ္စရေး၏ သက်ရောက်မှုခံရပြီး ၎င်း၏ရည်ရွယ်ချက်မှာ ဆွီဒင်နိုင်ငံဆိုင်ရာ အီရန်သံရုံး ပုံမှန်လည်ပတ်မှုကို အနှောင့်အယှက်ပြုရန်ဖြစ်ကြောင်း ကြေညာချက်တွင် ဆိုထားသည်။ ဆွီဒင်က အီရန်ကိုဦးတည်၍ “မသင့်လျော်သော ပြောဆိုချက်” များ ထုတ်ပြန်ခြင်းနှင့် အီရန်ဆန့်ကျင်ရေးအဖွဲ့အစည်းများအား လက်ခံထားခြင်းကိုလည်း အီရန်က ပြစ်တင်ပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆွီဒင်အစိုးရ၏ သက်ဆိုင်ရာအစီအမံများသည် နိုင်ငံတကာဥပဒေ စံနှုန်းနှင့် ဗီယင်နာပဋိညာဉ်စာချုပ်တွင် သတ်မှတ်ထားသော သက်ဆိုင်ရာ တာဝန်ဝတ္တရားများအား ဆန့်ကျင်နေကြောင်း၊ အီရန်အနေဖြင့် မိမိ၏ အခွင့်အရေးနှင့် အမျိုးသားအကျိုးစီးပွားအား ကာကွယ်ထိန်းသိမ်းရန်အတွက် တန်းတူအစီအမံ အပါအဝင် လိုအပ်သော အစီအမံများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

伊朗要求一瑞典外交官48小时内离境

新华社德黑兰9月17日电(记者陈霄)据伊朗伊斯兰共和国通讯社17日报道,伊朗外交部当天发表声明,要求一名瑞典外交官在48小时内离境,以回应瑞典方面阻止一名伊朗驻瑞典外交官继续履职。  

报道援引声明说,瑞典政府此前要求一名伊朗驻瑞典大使馆外交官离境,并指控伊朗干涉瑞典安全事务。伊朗外交部称瑞方相关指控“毫无根据”,并谴责瑞方阻止伊朗外交官继续履职的决定。  

伊朗外交部当天召见瑞典驻伊朗大使表达伊方抗议,并通知瑞方,一名瑞典驻伊朗大使馆的外交官须在48小时内离开伊朗。  

声明称,瑞典方面的有关决定受到以色列影响,其目的在于干扰伊朗驻瑞典大使馆正常运作。伊方还指责瑞典发表针对伊朗的“不当言论”并接纳反伊朗组织。  

伊朗外交部表示,瑞典政府有关举措违反国际法准则以及维也纳公约规定的相关义务,伊朗将采取包括对等措施在内的必要措施维护自身权利和国家利益。(完)

图说:8月24日,在伊朗首都德黑兰,伊朗外交部发言人巴加埃出席每周例行新闻发布会。新华社记者 沙达提 摄