
အမေရိကန် ဗဟိုဘဏ်က သုံးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ် အတိုးနှုန်းမြှင့်တင်ကြောင်း ကြေညာ
အမေရိကန် ဗဟိုဘဏ်က ဆက်တိုက်မြင့်တက်နေသော ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ကာ ဗဟိုဘဏ်အတိုးနှုန်းအား စက်တင်ဘာ ၁၆ ရက်၌ ၂၅ အခြေခံပွိုင့် မြှင့်တင်ကာ ၃.၇၅ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအတွင်း သတ်မှတ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လနောက်ပိုင်း ပထမဆုံး အတိုးနှုန်းမြှင့်တင်မှုလည်း ဖြစ်သည်။
နီပေါနိုင်ငံတွင် ရွှံ့မြေပြိုမှုကြောင့် သေဆုံးသူ ၁,၄၀၃ ဦးအထိ မြင့်တက်ကာ လူ ၆,၁၅၀ ဦး ပျောက်ဆုံးနေဆဲဖြစ်
နီပေါနိုင်ငံတွင် ပြင်းထန်သော ရွှံ့နွံပြိုမှုကြောင့် သေဆုံးသူဦးရေမှာ ၁,၄၀၃ ဦးအထိ ရောက်ရှိခဲ့ပြီး လူ ၆,၁၅၀ မှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမျိုးသား ဘေးအန္တရာယ်လျော့ပါးရေးနှင့် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က စက်တင်ဘာ ၁၆ ရက်၌ ပြောကြားခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေချိန် Rasuwa ခရိုင်ရှိ Chilime ရေအားလျှပ်စစ်စီမံကိန်း ဥမင်လိုဏ်ခေါင်းမှ ရုပ်အလောင်း လေးခုနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို စက်တင်ဘာ ၁၆ ရက်တွင် ပြန်လည်တွေ့ရှိခဲ့သည်။
အာဏာပိုင်အဖွဲ့၏ နောက်ဆုံးအစီရင်ခံစာအရ ယခုအချိန်အထိ လူဦးရေ ၁၃,၇၄၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး Rasuwa ၊ နူဝါကော့နှင့် Dhading စသည့်ခရိုင်များရှိ ယာယီခိုလှုံရေးစခန်း ၂၉ ခုတွင် လူဦးရေ ၂,၀၉၆ ဦးက လတ်တလော ခိုလှုံလျက်ရှိသည်။
ဂါဇာတွင် စစ်ပွဲကြောင့် ပျက်စီးသွားသော အဆောက်အဦ ပြိုကျမှုကြောင့် လူ ၂၁ ဦးသေဆုံး
ဂါဇာမြို့အနောက်ပိုင်းရှိ လူနေအဆောက်အဦတစ်ခု ပြိုကျမှုကြောင့် သေဆုံးသူဦးရေမှာ ကလေး ၁၁ ဦးနှင့် အမျိုးသမီး ခြောက်ဦး အပါအဝင် ၂၁ ဦးအထိ မြင့်တက်ခဲ့ပြီး အခြားသူ ၂၅ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရတာဝန်ရှိသူများနှင့် ဒေသခံများက စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခင်က ပျက်စီးခဲ့သော အယ်လ်-ဆာဒါ (Al-Saada) ခြောက်ထပ် အဆောက်အဦသည် စက်တင်ဘာ ၁၆ ရက် အစောပိုင်းတွင် ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) ရုံးချုပ်အနီး၌ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း အရပ်ဘက်ကာကွယ်ရေးပြောရေးဆိုခွင့်ရှိသူ Mahmoud Basal က ဆိုသည်။
ဗွန်ဒါလေယန်က ဥရောပသမဂ္ဂတံခါးကို ကနေဒါနိုင်ငံအတွက် ပထမဆုံးတွဲဖက်အဖွဲ့ဝင်အဖြစ် ဖွင့်လှစ်ရန် အဆိုပြု
ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်သည် ကနေဒါနိုင်ငံအတွက် ဥရောပသမဂ္ဂ (EU) ၏ ပထမဆုံး "တွဲဖက်အဖွဲ့ဝင်" ဖြစ်လာရန် တံခါးဖွင့်လှစ်ပေးရန် စက်တင်ဘာ ၁၆ ရက်တွင် အဆိုပြုခဲ့ပြီး ပိုမိုနီးကပ်သော လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊ ပိုမိုတင်းကျပ်သော လူဝင်မှုကြီးကြပ်ရေးထိန်းချုပ်မှုများနှင့် ကလေးများ လူမှုမီဒီယာအသုံးပြုမှုကို ပိုမိုတင်းကျပ်စွာ တားမြစ်ခြင်း စသည်တို့အတွက် အစီအစဉ်များကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဗင်နီဇွဲလားနှင့် ဗြိတိန်တို့ သံတမန်ဆက်ဆံရေး အဆင့်မြှင့်တင်
ဗင်နီဇွဲလားနှင့် ဗြိတိန်တို့သည် ၎င်းတို့၏ သံတမန်ဆက်ဆံရေးကို အဆင့်မြှင့်တင်ရန် သဘောတူခဲ့ကြကြောင်း ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
“နှစ်နိုင်ငံ အာဏာပိုင်များအကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ဗြိတိန်အစိုးရနဲ့ နှစ်နိုင်ငံဆက်ဆံရေးအဆင့်ကို မြှင့်တင်ရေး သဘောတူညီခဲ့ကြပါတယ်” ဟု ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး Felix Plasencia က ကြေညာချက်တွင် ပြောခဲ့သည်။
အစ္စရေးနှင့် မော်ရိုကို သံတမန်ရေးမစ်ရှင်များကို သံရုံးအဆင့်သို့ မြှင့်တင်ရန် သဘောတူ
အစ္စရေးနှင့် မော်ရိုကိုတို့သည် နယူးယောက်မြို့တွင် အမေရိကန်တာဝန်ရှိသူများနှင့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းခိုင်မာလာစေရန် ဆောင်ရွက်ချက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် နှစ်နိုင်ငံဆိုင်ရာ သံတမန်ရေးမစ်ရှင်များကို အပြည့်အဝသံရုံးအဆင့်သို့ မြှင့်တင်ရေးနှင့် သံအမတ်များ ခန့်အပ်ရေးအတွက် သဘောတူခဲ့ကြကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ICC က ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဒူတာတေးကို ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားရန် စီရင်ချက်ချ
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သည် စက်တင်ဘာ ၁၆ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးအား ဆက်လက်ချုပ်နှောင်ထားသင့်ကြောင်း စီရင်ချက်ချခဲ့ပြီး ၎င်းအား ပြန်လွှတ်ရန် အာမခံနိုင်သည့် အခြေအနေများမှာလည်း သိသိသာသာပြောင်းလဲမှုမရှိကြောင်း သိရသည်။
လော့စ်အိန်ဂျလိစ်ဆင်ခြေဖုံးတွင် ရဟတ်ယာဉ်ပျက်ကျမှု၌ လူသုံးဦးသေဆုံး
လော့စ်အိန်ဂျလိစ်ဆင်ခြေဖုံးနေရာရှိ စီးပွားရေးအဆောက်အဦ နှစ်ခုကြားတွင် ရဟတ်ယာဉ်တစ်စင်း စက်တင်ဘာ ၁၅ ရက်တွင် ပျက်ကျခဲ့ရာ အနည်းဆုံး လူသုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
ဖိလစ်ပိုင် သင်္ဘောမီးလောင်မှုကြောင့် သေဆုံးသူ ၇၇ ဦးအထိ မြင့်တက်လာ
ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်ပြည်နယ်ရှိ ခရီးသွားဧည့်သည်များ လာရောက်မှုများပြားသောနေရာအနီး ရေပြင်တွင် စက်တင်ဘာ ၉ ရက်က ဖြစ်ပွားခဲ့သော သင်္ဘောမီးလောင်မှုမှ သေဆုံးသူဦးရေမှာ ၇၇ ဦးအထိ မြင့်တက်ခဲ့လာပြီး ရှစ်ဦးမှာမူ ပျောက်ဆုံးနေဆဲဖြစ်ကာ အသက်ရှင်ကျန်သူ ၄၃ ဦးရှိကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) က စက်တင်ဘာ ၁၆ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)
………..
(English Version)
Daily World Briefing, Sept. 17
U.S. Fed announces 1st interest rate hike in over 3 years
The U.S. Federal Reserve on Wednesday raised its target federal funds rate by 25 basis points to a range of 3.75 percent to 4 percent to address persistent inflation, marking its first interest rate hike since July 2023.
Mudslide death toll rises to 1,403 in Nepal, 6,150 still missing
The death toll from the devastating mudslide in Nepal has reached 1,403, while 6,150 people remain missing, the National Disaster Risk Reduction and Management Authority said on Wednesday.
Four bodies and a body part were recovered from a tunnel of the Chilime Hydropower Project in Rasuwa district on Wednesday, as search and rescue operations continued.
According to the authority's latest report, 13,742 people have been rescued so far. A total of 2,096 people are currently taking shelter at 29 holding centers in Rasuwa, Nuwakot and Dhading districts.
21 killed in war-damaged building collapse in Gaza
The death toll from the collapse of a residential building in western Gaza City rose to 21, including 11 children and six women, with more than 25 injured, local officials and residents said Wednesday.
The six-story Al-Saada building, previously damaged by Israeli bombardment, collapsed in the early hours of Wednesday near the headquarters of the UN Relief and Works Agency for Palestine Refugees in the Near East (UNRWA), according to civil defense spokesperson Mahmoud Basal.
Von der Leyen proposes opening EU door to Canada as first associate member
European Commission President Ursula von der Leyen on Wednesday proposed opening the door for Canada to become the first "associate member" of the European Union (EU), as she unveiled plans for closer security cooperation, tighter migration controls and stricter bans on children's social media use.
Venezuela, Britain upgrade diplomatic ties
Venezuela and Britain have agreed to upgrade their diplomatic relations, Venezuela's Foreign Ministry said Tuesday.
"Following talks between authorities of both countries, it has been agreed to raise the level of bilateral relations with the Government of the United Kingdom of Great Britain and Northern Ireland," said a statement released by Venezuelan Foreign Minister Felix Plasencia.
Israel, Morocco agree to upgrade diplomatic missions to embassies
Israel and Morocco agreed to upgrade their diplomatic missions to full embassies and appoint ambassadors as part of measures to deepen ties, Israel's foreign ministry said on Wednesday following a trilateral meeting in New York with U.S. officials.
ICC rules former Philippine President Duterte to remain in detention
The International Criminal Court (ICC) on Wednesday ruled that former Philippine President Rodrigo Duterte should remain in detention, finding no material change in circumstances that would warrant his release.
3 dead in helicopter crash in Los Angeles
A helicopter crashed between two commercial buildings in suburban Los Angeles on Tuesday night, killing at least three people, local authorities said.
Philippine vessel fire death toll rises to 77
The death toll from the vessel fire on Sept. 9 off the waters of the tourist hotspot Palawan Province of the Philippines rose to 77, with eight still missing and 43 survivors, said the Philippine Coast Guard (PCG) on Wednesday.








