ဂျပန်နိုင်ငံ နာဂိုယာမြို့ လေဆိပ်ပို့ဆောင်ရေးစင်တာ၌ စောင့်ဆိုင်းနေသော တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဝင်များကို တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ နာဂိုယာမြို့ လေဆိပ်ပို့ဆောင်ရေးစင်တာ၌ စောင့်ဆိုင်းနေသော တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဝင်များကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျပန် နာဂိုယာ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၁၆ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် တရုတ်နိုင်ငံ အားကစားကိုယ်စားလှယ်အဖွဲ့နှင့် အချို့သောအသင်းများမှ ပြိုင်ပွဲဝင် အားကစားသမားများသည် မကြာမီကျင်းပတော့မည့် အာရှအားကစားပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဂျပန်နိုင်ငံ နာဂိုယာမြို့သို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိလာခဲ့ကြသည်။ သို့ရာတွင် လေယာဉ်က အချိန်မှန် ဆိုက်ရောက်ခဲ့သော်လည်း လူများကမူ လေဆိပ်အနီးတစ်ဝိုက်၌ သောင်တင်နေပြီး နေထိုင်တည်းခိုရာနေရာသို့ ကားဖြင့် သွားရောက်ခြင်းမပြုနိုင် ဖြစ်ခဲ့ရသည်။

အစီအစဉ်အရ ထိုနေ့တွင် ရောက်ရှိသည့် ကိုယ်စားလှယ်အဖွဲ့ အသီးသီးသည် လေဆိပ်အနီးမှ ဘတ်စ်ကားဖြင့် နေထိုင်တည်းခိုရာနေရာသို့ သွားရောက်ရမည်ဖြစ်သည်။ သို့သော် နေ့လယ် ၂ နာရီတွင် လေဆိပ် ပို့ဆောင်ရေးစင်တာ၌ နိုင်ငံနှင့် ဒေသအများအပြားမှ အားကစားသမားများက နေရာတွင်ပင် “အနေအထားမျိုးစုံ” ‌ဖြင့် အလွန်ပင်ပန်းနွမ်းနယ်စွာ ဘတ်စ်ကားအား စောင့်ဆိုင်းနေရဆဲဖြစ်သည်ကို သတင်းထောက် တွေ့မြင်ရသည်။

သတင်းထောက်က အိန္ဒိယ လှေလှော်အသင်းနည်းပြနှင့် စကားစမြည် ပြောဆိုရာတွင် ထိုနည်းပြက ၎င်းတို့အသင်းသည် နံနက် ၁၀ နာရီခန့်ကပင် လေယာဉ်ဆိုက်ခဲ့ခြင်း ဖြစ်သော်လည်း ပို့ဆောင်ရေးစင်တာ၌ ၄ နာရီကျော်ကြာ စောင့်ဆိုင်းနေရသည့်တိုင် ထွက်ခွာသွားနိုင်ခြင်းမရှိသေးဟု ဆိုခဲ့သည်။

“ဝန်ထမ်းတွေရဲ့ စနစ်ထဲမှာ ကျွန်တော်တို့ အားကစားသမားတွေရဲ့ အချက်အလက်တွေကို ရှာမတွေ့တဲ့အတွက် ကားစီစဉ်ပေးလို့မရဘူးတဲ့” ၊ “ဒီထက်ပိုစောလာတဲ့ အသင်းတွေလည်း ရှိသေးတယ်၊ လွန်ခဲ့တဲ့ ၂ နာရီ ၃ နာရီ ကတည်းကရောက်တာ၊ အခုထိ ကားမရသေးဘူး” ဟုလည်း အဆိုပါနည်းပြ ပြောကြားခဲ့သည်။

တရုတ်ကျွမ်းဘားအသင်းကလည်း အလားတူအခြေအနေနှင့် ကြုံတွေ့ခဲ့ရသည်။ လူ ၂၁ ဦးပါဝင်သော အသင်းတွင် နှစ်ဦး၏အချက်အလက်ကိုသာ စနစ်အတွင်း၌ ပုံမှန်အတိုင်းဖော်ပြထားသဖြင့် ၎င်းတို့သည်လည်း ဘတ်စ်ကားပေါ် မတက်နိုင် ဖြစ်ခဲ့ရသည်။

ဂျပန်နိုင်ငံ နာဂိုယာမြို့ လေဆိပ်ပို့ဆောင်ရေးစင်တာ၌ စောင့်ဆိုင်းနေသော တရုတ်ကျွမ်းဘားအသင်းကို တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ နာဂိုယာမြို့ လေဆိပ်ပို့ဆောင်ရေးစင်တာ၌ စောင့်ဆိုင်းနေသော တရုတ်ကျွမ်းဘားအသင်းကို တွေ့ရစဉ် (ဆင်ဟွာ)

စောင့်ဆိုင်းနေသည့် ကာလအတွင်းပင် တရုတ်အသင်းမှ အားကစားသမားများစွာက နေရာတွင်ပင် ယောဂဖျာခင်းပြီး ယောဂလေ့ကျင့်ရာတွင် အသုံးပြုသည့် foam roller နှင့် သားရေကွင်းများကို ထုတ်ကာ စတင်လေ့ကျင့်ခဲ့ကြသည်။

“ဘယ်နှနာရီမှ ကားရမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ အားလုံးက စောင့်နေရတုန်းပဲ” ကိုယ်စားလှယ်အဖွဲ့ အဖွဲ့ဝင်တစ်ဦးက ဝန်ထမ်းများကို မေးလိုက်သော်လည်း ဝန်ထမ်းကလည်း အဖြေမပေးနိုင်ဘဲ “အားလုံးက သူ့ကိုငါမေး၊ ငါ့ကိုသူမေး အနေအထားပဲဖြစ်နေတယ်” ဟု ဆိုခဲ့သည်။

ညနေ ၄ နာရီခန့်တွင် သတင်းထောက်နံဘေးမှ ကာဇက်စတန် သေနတ်ပစ်အသင်းသည် စတင်ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။ အားကစားသမားတစ်ဦးက ၎င်းတို့သည် ၂ နာရီကျော်သာ စောင့်ခဲ့ရကြောင်း၊ “ဒါပေမဲ့ ဘာကြောင့်စောင့်ရသလဲဆိုတာ ဝန်ထမ်းက မပြောဘူး” ဟု သတင်းထောက်ကို ပြောကြားခဲ့သည်။

သတင်းထောက်က စေတနာ့ဝန်ထမ်းတစ်ဦးကို မေးမြန်းခဲ့ရာ ၎င်းကလည်း မတတ်သာသည့် အနေအထားဖြင့် “ကျွန်မတို့လည်း အသေးစိတ်အကြောင်းပြချက်ကို မသိပါဘူး။ ကြည့်ရတာ ကွင်းဆက်တစ်ခုခု မချိတ်မိတာဖြစ်နိုင်တယ်။ ကိုယ်စားလှယ်အဖွဲ့တွေကလည်း ကိုယ်စီ စီစဉ်လို့ရပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်ကိုတော့ ကိုယ်တိုင်ကျခံရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ နာဂိုယာမြို့ လေဆိပ်ပို့ဆောင်ရေးစင်တာ၌ ဟိုတယ်သို့ မည်သို့သွားရောက်ရမည်နည်းအား စုံစမ်းမေးမြန်းနေသော တရုတ်ကြက်တောင်အသင်းကို တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ နာဂိုယာမြို့ လေဆိပ်ပို့ဆောင်ရေးစင်တာ၌ ဟိုတယ်သို့ မည်သို့သွားရောက်ရမည်နည်းအား စုံစမ်းမေးမြန်းနေသော တရုတ်ကြက်တောင်အသင်းကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ကြက်တောင်အသင်းက ပြိုင်ပွဲက စီစဉ်ပေးသည့် ဘတ်စ်ကားကို စောင့်၍မရသဖြင့် မိမိဘာသာ နည်းလမ်းရှာကြံခဲ့ကြသည်။ အစပိုင်းတွင် ၎င်းတို့က အနီးတစ်ဝိုက်၌ အများပြည်သူလေဆိပ်သုံး ဘတ်စ်ကားဖြင့် စီးနင်းထွက်ခွာရန် စဉ်းစားခဲ့သော်လည်း ဘတ်စ်ကားလက်မှတ် မလုံလောက်မှု ဖြစ်ခဲ့သည်။ အဖွဲ့ဝင်အချို့က ရှေးဦးစွာ ကားဖြင့်ထွက်ခွာသွားပြီးနောက် ကျန်ရှိသူများသည် နာဂိုယာမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ရာ ၎င်းတို့၏ ကူညီမှုဖြင့် ဒေသတွင်း တရုတ်နွယ်ဖွားများနှင့် ဆက်သွယ်ပြီး ကားငှားခဲ့သည်။ ညနေ ၄ နာရီခန့်မှသာ ကြက်တောင်အသင်းက လူအားလုံး ကားပေါ်တက်နိုင်ခဲ့သည်။

ညနေ ၅ နာရီကျော်မှ တရုတ်စားပွဲတင်တင်းနစ်အသင်း၊ ဝူရှူးအသင်း၊ လှေလှော်အသင်း၏ အချို့သော အဖွဲ့ဝင်များက ကားရခဲ့သလို ကျွမ်းဘားအသင်းကမူ ညနေ ၆ နာရီခန့်မှသာ ထွက်ခွာနိုင်ခဲ့သည်။ ထိုအချိန်သည် ၎င်းတို့ နာဂိုယာလေဆိပ်သို့ ဆိုက်ရောက်သည့်အချိန်နှင့် ၆ နာရီနီးပါး ကြာသွားပြီဖြစ်သည်။

လေဆိပ်ပို့ဆောင်ရေးစင်တာ၌ သောက်သုံးရေကိုသာ ပေးထားပြီး စားသောက်ဖွယ်ရာများ မပေးထားသည်ကို သတင်းထောက်က တွေ့မြင်ခဲ့ရသည်။ “တစ်မနက်လုံး ဘာမှမစားထားဘူး။ လေယာဉ်ပေါ်က ဆင်းကတည်းက အခုထိ ၅ နာရီကျော်ကြာနေပြီ။ စောင့်ရတာ လူလည်းပင်ပန်း၊ အိပ်လည်းအိပ်ချင်၊ ဗိုက်လည်းဆာတယ်။ မနက်ဖြန်လည်း လေ့ကျင့်ရဦးမယ်” ဟု အားကစားသမားတစ်ဦးက သတင်းထောက်ကို ပြောပြခဲ့သည်။

ထို့ပြင် အခြားအားကစားသမားက မတတ်သာသောအပြုံးဖြင့် “ဒီကိစ္စတွေက ပြိုင်ပွဲထက်တောင် ပိုခက်ခဲသေးတယ်” ဟု ဆိုသည်။ (Xinhua)

---------------------

(Chinese Version)

多国亚运代表队落地名古屋被困机场数小时

新华社日本名古屋9月16日电(记者许仕豪、肖亚卓、赵紫羽)16日中午12点15分左右,中国体育代表团团部和部分队伍的参赛人员顺利抵达日本名古屋,准备参加即将开幕的亚运会。然而,飞机是准时到了,人却被困在机场附近,迟迟无法乘车赶往住地。  

按照计划,当天抵达的各代表团要从机场附近坐大巴前往住所。然而下午2点,记者在机场交通中心仍然看到不少国家和地区的运动员“东倒西歪”就地等大巴,显得很疲惫。  

记者与印度赛艇队教练攀谈起来,他说,队伍上午10点左右就落地了,但在交通中心等了4个多小时了,还是走不了。  

“工作人员的系统里查不到我们运动员的信息,所以没法安排车。”这名教练还说,“还有来得更早的队伍,两三个小时前就到了,也没等上车。”  

中国体操队也遭遇了类似情况。21人的队伍,只有两个人的信息能在系统里正常显示,这直接导致他们迟迟无法登上大巴。  

等待期间,中国队不少运动员就地铺开瑜伽垫,拿出泡沫轴和弹力带现场开练。“没有人说几点能有车,一切都在等待中。”一名代表团成员说,问了工作人员,但对方也很茫然,“所有人都是你问我,我问你”。  

下午4点左右,记者身旁的哈萨克斯坦射击队准备动身离开。一名运动员告诉记者,他们“只”等了两个多小时,“但工作人员没告诉我为什么要等”。  

记者询问了一名志愿者,她略显无奈地说:“我们也不知道具体原因,可能‘一环没扣上一环’。各个代表团也可以单独行动,但需要自费。”  

中国羽毛球队没等到官方大巴,干脆自己想起了办法。起初,他们想在附近乘坐公共机场大巴离开,但车票数量不足。部分成员先乘车离开后,其余人碰上了中国驻名古屋总领事馆的工作人员,在他们的帮助下联系侨胞租了车。下午4点半左右,羽毛球队才总算都上了车。  

直到下午5点左右,中国乒乓球队、武术队、赛艇队的部分人员才等到车;体操队则到6点左右才离开。此时,距离他们抵达名古屋机场已经过去了近6个小时。  

记者在交通中心看到,现场只提供水,不提供食品。“白天一直没怎么吃饭,从下飞机到现在5个多小时,等得又累又困又饿,明天还要训练。”一名运动员告诉记者。  

还有一名运动员苦笑着说:“这些事情,比比赛更难。”(完)

图说1:韩国代表团成员在机场交通中心等待。新华社记者 赵紫羽 摄

图说2:中国体操队在机场交通中心等待。新华社记者 赵紫羽 摄

图说3:中国羽毛球队在机场交通中心内查询如何前往酒店。新华社记者 赵紫羽 摄