ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ဥရောပသမဂ္ဂ အရေးပေါ် ထိပ်သီးအစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲသို့ ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန် တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက် နံနက်အစောပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)
ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ဥရောပသမဂ္ဂ အရေးပေါ် ထိပ်သီးအစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲသို့ ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန် တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက် နံနက်အစောပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်သည် ဒေသစံတော်ချိန် စက်တင်ဘာ ၁၆ ရက်တွင် ဥရောပပါလီမန်၌ နှစ်စဉ် အစီရင်ခံစာဖြစ်သည့် "သမဂ္ဂ အခြေပြ မိန့်ခွန်း" ကို ပြောကြားရန် လျာထားကြောင်း၊ အာဆူလာ ဗွန်ဒါလေယန်သည် ဥရောပ လုံခြုံရေး အခင်းအကျင်းကို ဘက်ပေါင်းစုံမှ ပြုပြင်ပြောင်းလဲရန် အဆိုပြုသွားမည်ဖြစ်ပြီး ဥရောပ လုံခြုံရေးကောင်စီ ဖွဲ့စည်းတည်ထောင်ရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း Euractiv သတင်းဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။

Euractiv သတင်းဝက်ဘ်ဆိုက်က ရရှိထားသော အာဆူလာ ဗွန်ဒါလေယန်၏ မိန့်ခွန်းမူကြမ်းအရ ဥရောပ လုံခြုံရေးကောင်စီကို ဥရောပသမဂ္ဂ ခေါင်းဆောင်များနှင့် ပူးတွဲ၍ ယူကရိန်း၊ ဗြိတိန်၊ နော်ဝေ၊ ကနေဒါ စသည့် ဥရောပသမဂ္ဂ အဖွဲ့ဝင်မဟုတ်သော နိုင်ငံများမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အာဆူလာ ဗွန်ဒါလေယန်သည် NATO စာချုပ်၏ အပိုဒ်ခွဲ (၄) ကို ကိုးကား၍ ဥရောပအတွက် "လုံခြုံရေးဆိုင်ရာ သဘောတူညီချက်" အသစ်တစ်ရပ် ရေးဆွဲရန်လည်း တောင်းဆိုသွားမည်ဖြစ်သည်။ အဆိုပါ NATO စာချုပ်ပါ အကြောင်းအရာတွင် NATO အဖွဲ့ဝင်နိုင်ငံများသည် မိမိတို့၏ လုံခြုံရေး သို့မဟုတ် ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုကို ခြိမ်းခြောက်ခံရသည်ဟု ယူဆပါက အဖွဲ့ဝင်နိုင်ငံများအားလုံး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် တောင်းဆိုခွင့်ပြုထားသည်။

အဆိုပါ ဝက်ဘ်ဆိုက်၏ ပြောကြားချက်အရ ဥရောပ လုံခြုံရေးကောင်စီသည် နေတိုးအဖွဲ့၏ အလားအလာရှိသော ပြိုင်ဘက်တစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။ "မိမိတို့အနေနဲ့ NATO အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နေပေမဲ့ မိမိတို့ရဲ့ အယူအဆတွေ၊ ယန္တရားတွေနဲ့ ဆုံးဖြတ်ချက်ချမှတ်မှုတွေဟာ အခြေအနေမှန်အသစ်ကို ရင်ဘောင်တန်းနိုင်ခြင်း မရှိပါဘူး" ဟု ဝက်ဘ်ဆိုက်က ရရှိထားသည့် မိန့်ခွန်းမူကြမ်းတွင် ရေးသားထားသည်။

အမေရိကန်၏ မဟာဗျူဟာ အချက်အချာ ပြောင်းလဲလာခြင်းနှင့် အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးတွင် အက်ကြောင်းများ ပေါ်ပေါက်လာခြင်း နောက်ခံအခြေအနေအောက်တွင် ဥရောပသမဂ္ဂ၏ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိ Andrius Kubilius က ဥရောပ လုံခြုံရေးကောင်စီ ဖွဲ့စည်းတည်ထောင်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးသည်။ အမေရိကန်အပေါ် လုံခြုံရေး မှီခိုနေရခြင်းသည် ဥရောပ ကာကွယ်ရေး၏ အကြီးမားဆုံး အားနည်းချက်တစ်ခုဖြစ်ကြောင်း၊ ထို့ပြင် အမေရိကန်က ဂရင်းလန်းကျွန်းကို စစ်ရေးနည်းလမ်းဖြင့် သိမ်းပိုက်ပါက NATO "နိဂုံးချုပ်သွားမည်" ဖြစ်ကြောင်း ၎င်းက ထောက်ပြပြောဆိုခဲ့ဖူးသည်။ (Xinhua)

-------------------

(Chinese Version)

欧媒:冯德莱恩拟呼吁设立欧洲安全理事会

  新华社北京9月16日电 欧洲联盟委员会主席冯德莱恩定于当地时间16日在欧洲议会发表年度“盟情咨文”。据欧洲动态网站报道,冯德莱恩将提议对欧洲安全架构进行彻底改革,呼吁设立欧洲安全理事会。

  根据欧洲动态网站所获冯德莱恩讲话稿,欧洲安全理事会将由欧方领导人以及乌克兰、英国、挪威、加拿大等非欧盟国家领导人组成。

  冯德莱恩还将呼吁参照北大西洋公约第四条,为欧洲制定一份新的“安全议定书”。该条款允许北约成员国在认为自身安全或领土完整受到威胁时请求所有成员国举行磋商。

  按照该网站的说法,欧洲安全理事会将成为北约的潜在竞争对手。“我们正加强与北约合作,但我们的理念、机制和决策没有跟上新的现实。”网站所获讲稿写道。

  在美国战略重心转移和跨大西洋关系出现裂痕的背景下,欧盟负责防务的高级官员安德留斯·库比柳斯多次呼吁设立欧洲安全理事会。他曾指出,对美国的安全依赖已成欧洲防务的最大软肋,且美国如果以军事手段夺取格陵兰岛,意味着北约“走向终结”。(胡若愚)

图说 1 :1月23日凌晨,在比利时布鲁塞尔,欧盟委员会主席冯德莱恩出席欧盟紧急峰会后的新闻发布会。新华社发(欧盟供图)