
ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စက်တင်ဘာ ၁၆ ရက်တွင် အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းတို့၌ တင်းမာမှုများ လျှော့ချရန် တိုက်တွန်းပြောကြားခဲ့သည်။
ဂူတာရက်စ်သည် ယခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ အဆင့်မြင့်ရက်သတ္တပတ်မတိုင်မီ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဤသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ၎င်းက လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသသည် အရေးကြီးသောအချိန်အခါတွင် ရောက်ရှိနေပြီး တင်းမာမှုလျှော့ချရေးမှာ ဦးစားပေးလုပ်ငန်းစဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘက်အသီးသီးအနေဖြင့် အရပ်သားများကို ထိခိုက်စေသည့် မည်သည့်လုပ်ရပ်ကိုမဆို မဖြစ်မနေ ရပ်တန့်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဘေးကင်းလုံခြုံစွာနှင့် အတားအဆီးမရှိ ဆောင်ရွက်နိုင်ရန် သေချာစေရမည်ဖြစ်ကြောင်း၊ ဟော်မုဇ်ရေလက်ကြား၊ Bab al-Mandab ရေလက်ကြားတို့နှင့် ၎င်းတို့ပတ်ဝန်းကျင်ရှိ ရေကြောင်းသွားလာခွင့်နှင့် လွတ်လပ်ခွင့်များသည် နိုင်ငံတကာဥပဒေနှင့်အညီ အပြည့်အဝ ပြန်လည်ဖော်ဆောင်မှုနှင့် လေးစားမှု ရှိရမည်ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကို တင်းမာမှုလျှော့ချခြင်း၊ သံတမန်ရေးနှင့် အပြန်အလှန်ဆွေးနွေးမှုများဖြင့်သာ ဖြေရှင်းနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂူတာရက်စ်က အရှေ့အလယ်ပိုင်း မတည်ငြိမ်မှုများကြားတွင် ဂါဇာကမ်းမြောင်ဒေသနှင့် ဂျော်ဒန်အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းသားများ ကြုံတွေ့နေရသည့် ကြီးမားသော ဆင်းရဲဒုက္ခများကို မေ့ပျောက်၍မရကြောင်း ပြောကြားခဲ့သည်။ ဂါဇာဒေသ ငြိမ်းချမ်းရေးအစီအစဉ်ကို အပြည့်အဝ အကောင်အထည်ဖော်ရမည်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ကန့်သတ်မထားသင့်ဘဲ ဂျော်ဒန်အနောက်ဘက်ကမ်းတွင် တဖြည်းဖြည်း သိမ်းပိုက်မှုကို မဖြစ်မနေ ရပ်တန့်ရမည်ဖြစ်ကြောင်း၊ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို အကောင်အထည်မဖော်ပါက အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးရှိလာမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂူတာရက်စ်က ယူကရိန်းပဋိပက္ခသည် ၅ နှစ်မြောက်သို့ ရောက်ရှိလာပြီဖြစ်ကာ ပဋိပက္ခပြီးဆုံးရန် အရိပ်အယောင်ကို လုံးဝမတွေ့ရသေးကြောင်း ပြောကြားခဲ့သည်။ ပဋိပက္ခသည် ပြည်သူလူထုကို ကြီးမားသော ဆင်းရဲဒုက္ခများ ဖြစ်စေခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ အကျိုးဆက် ဆက်တိုက်ဖြစ်ပေါ်လာစေခဲ့ကြောင်း၊ တရားမျှတပြီး ရေရှည်တည်တံ့ကာ ဘက်စုံဖြစ်သော ငြိမ်းချမ်းရေးဆီသို့ လျှောက်လှမ်းသည့် ပထမဆုံးခြေလှမ်းအဖြစ် ယခုအချိန်သည် ချက်ချင်းအပစ်အခတ်ရပ်စဲရန် အချိန်အခါပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)
.........................
(Chinese Version)
联合国秘书长敦促中东和乌克兰紧张局势降级
新华社联合国9月16日电(记者尚绪谦)联合国秘书长古特雷斯16日敦促中东和乌克兰紧张局势降级。
古特雷斯在今年联合国大会高级别周前举行的记者招待会上发出这一呼吁。他说,当前中东处于关键时刻,紧张局势降级是优先任务。各方必须停止任何伤害平民的行动,确保人道救援能够安全且无障碍进行。霍尔木兹海峡和曼德海峡及周边的航行权利和自由必须依照国际法得到全面恢复和尊重。中东地区冲突只能通过降级紧张局势、开展外交和对话解决。
古特雷斯说,中东动荡背景下,加沙地带和约旦河西岸巴勒斯坦人所遭受的巨大苦难不应被忘记。加沙和平计划必须完全落实,人道援助不应受到限制,约旦河西岸的渐进式吞并必须停止。不实现“两国方案”,就不会有中东和平。
古特雷斯说,乌克兰冲突已经进入第五个年头,冲突结束仍然遥遥无期。冲突给民众带来巨大苦难,并引发连锁的全球性后果。现在是时候立即停火,作为朝着公正、持久、全面和平迈出的第一步。(完)
图说:9月16日,联合国秘书长古特雷斯在联合国大会高级别周前举行的记者招待会上讲话,敦促中东和乌克兰紧张局势降级。 新华社发(联合国供图/马克·加滕摄)








