အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ယာယီဒုက္ခသည်စခန်းတစ်ခုတွင် အာဖဂန်ကလေးများကို ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ယာယီဒုက္ခသည်စခန်းတစ်ခုတွင် အာဖဂန်ကလေးများကို ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် မတ် ၂၁ ရက်မှ စက်တင်ဘာ ၉ ရက်အထိ အိမ်နီးချင်း အီရန်နှင့် ပါကစ္စတန်နိုင်ငံတို့မှ အာဖဂန်ဒုက္ခသည် စုစုပေါင်း ၆၁၇,၂၄၄ ဦး ၎င်းတို့၏မိခင်နိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၆ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါကာလအတွင်း  ပါကစ္စတန်နိုင်ငံမှ ၄၃၇,၈၅၄ ဦး နိုင်ငံအတွင်းပြန်လည်ဝင်ရောက်လာခဲ့ပြီး အီရန်နိုင်ငံမှလည်း နောက်ထပ် ၁၇၉,၃၉၀ ဦးကို နေရပ်ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အာဖဂန်အစိုးရ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Hamdullah Fitrat က ပြောကြားခဲ့သည်။

အဆိုပါတာဝန်ရှိသူ၏ပြောကြားချက်အရ ပြန်လည်ရောက်ရှိလာသူများအားလုံးသည် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးကုသမှုနှင့် မိမိတို့သက်ဆိုင်ရာပြည်နယ်များသို့ အခမဲ့ပို့ဆောင်ပေးမှု အပါအဝင် လိုအပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လက်ခံရရှိခဲ့ကြကြောင်း သိရသည်။ (Xinhua)

…………….

(English Version)

Over 600,000 Afghan refugees return home in under 6 months: official

KABUL, Sept. 16 (Xinhua) -- A total of 617,244 Afghan refugees have returned to their homeland from neighboring Iran and Pakistan between March 21 and Sept. 9, 2026, a government official confirmed on Wednesday.

Hamdullah Fitrat, deputy spokesperson for the Afghan government, announced that 437,854 individuals crossed back into the country from Pakistan, while a further 179,390 were repatriated from Iran during the same period.

According to the official, all returnees received essential humanitarian assistance, including food rations, potable water, medical services and complimentary transportation to their respective provinces of origin.

Photo caption: Afghan children are seen at a temporary refugee camp in Kabul, Afghanistan, April 21, 2026. (Photo by Saifurahman Safi/Xinhua)