
အန်ကာရာ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
တူကီယဲနိုင်ငံ၏ ကာဒစ်စတန် အလုပ်သမားပါတီနှင့် ယင်း၏ လက်အောက်ခံ အဖွဲ့အစည်းများအား ဖျက်သိမ်းရေး ဆောင်ရွက်ချက်များကို အီရန်နိုင်ငံက ထောက်ခံကြောင်း တူကီယဲ ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ခု၌ ပြောကြားခဲ့သည်။
တူကီယဲ ပြည်ထဲရေးဝန်ကြီး Ciftci နှင့် အီရန် ပြည်ထဲရေးဝန်ကြီး Momeni တို့သည် စက်တင်ဘာ ၁၆ ရက်က တူကီယဲနိုင်ငံ မြို့တော် အန်ကာရာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ကာဒစ်စတန် အလုပ်သမားပါတီနှင့် ဆီးရီးယား၊ အီရတ်တို့ရှိ ယင်း၏ လက်အောက်ခံ အဖွဲ့အစည်းများကို ဖျက်သိမ်းခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးကြောင်း၊ ထို့ပြင် အီရန်နိုင်ငံအတွင်း လှုပ်ရှားနေသည့် Kurdistan Free Life Party ကိုလည်း ယင်းလုပ်ငန်းစဉ်အတွင်း ထည့်သွင်းရန် အလားတူ အရေးကြီးကြောင်း Ciftci က ပြောကြားခဲ့သည်။
ကာဒစ်စတန် အလုပ်သမားပါတီနှင့် ယင်း၏ လက်အောက်ခံ အဖွဲ့အစည်းများ လက်နက်စွန့်လွှတ်ရေး၊ ကာဒစ် ပြဿနာကို အခြေခံကျကျ ဖြေရှင်းရေးအတွက် တူကီယဲ၊ အီရတ်၊ အီရန်နှင့် ဆီးရီးယားတို့ ပူးပေါင်းဆောင်ရွက်ရန် Momeni က တောင်းဆိုခဲ့သည်။
နှစ်ဖက်စလုံးသည် နယ်စပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဂိုဏ်းဖွဲ့ကျူးလွန်သော ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် တရားမဝင် ရွှေ့ပြောင်းသွားလာမှုများအား ပူးတွဲတိုက်ဖျက်ရေး စသည့် ခေါင်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)
------------------------------------------
(Chinese Version)
土耳其称伊朗支持土方解散库尔德工人党
新华社安卡拉9月16日电(记者霍丹彤)土耳其内政部16日发表声明称,伊朗支持土耳其解散库尔德工人党及其分支的相关行动。
声明称,土耳其内政部长奇夫特奇和伊朗内政部长莫梅尼当天在土首都安卡拉举行会谈。奇夫特奇称,解散库尔德工人党及其在叙利亚和伊拉克的分支,对于地区和平至关重要;同时,将伊朗境内活动的库尔德斯坦自由生活党纳入这一进程同样重要。
莫梅尼呼吁土耳其、伊拉克、伊朗和叙利亚合作,推动库尔德工人党及其分支放下武器,实现库尔德问题的根本解决。
声明说,双方还就加强边境安全合作、共同打击有组织犯罪、毒品走私和非法移民等议题开展讨论。








