
ခတ္တမန္ဒူ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ဒေသစံတော်ချိန် စက်တင်ဘာ ၁၆ ရက် ည ၇ နာရီအထိ နီပေါနိုင်ငံ ရွှံ့နွံပြိုကျမှု ဘေးဒဏ်သင့်ဒေသ၌ သေဆုံးသူ ရုပ်အလောင်း ၁,၄၀၃ ခု ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးသူဦးရေသည် ၆,၁၅၀ ဦး အထိ တိုးလာကြောင်း နီပေါနိုင်ငံ ဘေးအန္တရာယ်လျော့ပါးရေးနှင့် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က စက်တင်ဘာ ၁၆ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။
နီပေါနိုင်ငံ နယ်စပ်ဒေသ၌ ဩဂုတ် ၂၆ ရက်က ရုတ်တရက် ရေခဲမြစ်ပြိုကျမှုကြောင့် ဆိုးရွားသည့် ရွှံ့နွံပြိုကျမှု အန္တရာယ် ဖြစ်ပွားခဲ့ရာ လူအများအပြား ထိခိုက်သေဆုံးမှုဖြစ်ခဲ့သည်။ လက်ရှိတွင် ဘေးဒဏ်သင့်ဒေသ၌ လူပုဂ္ဂိုလ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
尼泊尔泥石流已致1403人死亡 6150人失联
新华社加德满都9月17日电(记者张平)尼泊尔国家减少灾害风险管理局16日在社交媒体发文说,截至当地时间16日19时,该国泥石流受灾地区已发现1403具遇难者遗体,失联人数增至6150人。
8月26日,尼泊尔边境地区突发冰川崩塌引发严重泥石流灾害,造成重大人员伤亡。目前,灾区的人员搜救工作仍在进行。(完)
图说:8月29日,一架救援直升机从尼泊尔努瓦果德县德里苏利河沿岸灾区飞过。新华社记者 刘天 摄








