အမေရိကန်နိုင်ငံ ကင်ဆက်စီးတီးတွင် ကျင်းပသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၏ ၃၂ သင်းအဆင့်ပွဲစဉ် ကိုလံဘီယာနှင့် ဂါနာအသင်းတို့ပြိုင်ပွဲတွင် ကိုလံဘီယာအသင်းမှ ဂျိမ်းစ်ရိုဒရီဂွက်ဇ် (အလယ်) ဘောလုံးရရှိရန် ကြိုးပမ်းနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က‌ တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကင်ဆက်စီးတီးတွင် ကျင်းပသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၏ ၃၂ သင်းအဆင့်ပွဲစဉ် ကိုလံဘီယာနှင့် ဂါနာအသင်းတို့ပြိုင်ပွဲတွင် ကိုလံဘီယာအသင်းမှ ဂျိမ်းစ်ရိုဒရီဂွက်ဇ် (အလယ်) ဘောလုံးရရှိရန် ကြိုးပမ်းနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က‌ တွေ့ရစဉ် (ဆင်ဟွာ)

ဘိုဂိုတာ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတကာလက်ရွေးစင်ကစားသမားဘဝ ၁၅ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် ကိုလံဘီယာ လက်ရွေးစင်အသင်းမှ အနားယူပြီဖြစ်ကြောင်း စက်တင်ဘာ ၁၄ ရက်တွင် ကြေညာခဲ့သည်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကိုလံဘီယာအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည့် အသက် ၃၅ နှစ်အရွယ် ရိုဒရီဂွက်ဇ်သည် နိုင်ငံတကာပွဲပေါင်း ၁၃၁ ပွဲ ပါဝင်ကစားခဲ့ပြီး ပွဲအများဆုံးကစားထားသူအဖြစ်လည်းကောင်း၊  ၃၁ ဂိုးသွင်းယူခဲ့သည့် ဒုတိယ ဂိုးအများဆုံးသွင်းယူထားသည့်ကစားသမားအဖြစ်မှလည်းကောင်း အနားယူလိုက်ခြင်းဖြစ်သည်။

"ကျွန်တော်တို့ အတူတူမျှဝေခံစားခဲ့ကြတဲ့ ပွဲတွေ၊ ပျော်ရွှင်မှုတွေ၊ မျက်ရည်တွေ၊ အိပ်မက်တွေတိုင်းအတွက် ကျေးဇူးတင်ပါတယ်၊ ကိုလံဘီယာလက်ရွေးစင်အသင်းအင်္ကျီ ဝတ်ဆင်ခွင့်ရခဲ့တာဟာ ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံးဂုဏ်ယူစရာတစ်ခုပါ " ဟု ရိုဒရီဂွက်ဇ်က လူမှုကွန်ရက်တွင်တင်ခဲ့သည့်ဗီဒီယို၌ ပြောကြားခဲ့သည်။

ရိုဒရီဂွက်ဇ်သည် ၂၀၁၄ ဘရာဇီးလ်ကမ္ဘာ့ဖလားအပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲ သုံးကြိမ်  ပါဝင်ကစားခဲ့သည်။ ၂၀၁၄ ပြိုင်ပွဲတွင် သွင်းဂိုး ၆ ဂိုးဖြင့် ရွှေဖိနပ်ဆုရရှိခဲ့သလို ကိုလံဘီယာအသင်းသည်လည်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

၁၆ သင်းအဆင့်ပြိုင်ပွဲတွင် ဥရုဂွေးအသင်းဘက်သို့ အဝေးကန်ချက်ဖြင့်သွင်းယူခဲ့သည့် ၎င်း၏ဂိုးသည် ထိုနှစ်အတွက် အလှပဆုံးဂိုးဆု (Puskas Award) ကိုရရှိခဲ့သည်။

ကစားသမားဘဝတွင် ပေါ်တို၊ မိုနာကို၊ ရီးရဲလ်မက်ဒရစ် နှင့် ဘိုင်ယန်မြူးနစ် အပါအဝင် အခြားကလပ်အသင်း များစွာတွင် ပါဝင်ကစားခဲ့သည့် ရိုဒရီဂွက်ဇ်သည် လာမည့်နှစ်ဇွန်အထိသက်တမ်းရှိမည့် စာချုပ်တစ်ရပ်ကို ကိုလံဘီယာကလပ်အသင်း Atletico Nacional နှင့် ယခင်သီတင်းပတ်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

…………….

(English Version)

James Rodriguez calls time on Colombia career

BOGOTA, Sept. 15 (Xinhua) -- James Rodriguez announced his retirement from Colombia's national team on Tuesday after an international career spanning 15 years.

The 35-year-old, who captained Colombia at the 2026 FIFA World Cup, departs as his country's most capped player with 131 international appearances and its second-highest scorer with 31 goals.

"Thank you for every match, every joy, every tear and every dream we shared," Rodriguez said in a video posted on social media. "Defending the colors of the Colombia national team was one of the greatest honours of my life."

Rodriguez played in three World Cups, including the 2014 edition in Brazil when he won the Golden Boot with six goals as Colombia reached the quarterfinals for the first time.

His long-range volley against Uruguay in the round of 16 won him the Puskas Award for the best goal of the tournament.

Rodriguez's career has included spells at Porto, Monaco, Real Madrid and Bayern Munich, among other clubs. Last week, he signed a contract with Colombian side Atletico Nacional that runs until next June.

Photo caption: James Rodriguez (C) of Colombia vies for the ball during the round of 32 match between Colombia and Ghana at the 2026 FIFA World Cup in Kansas City, the United States, July 3, 2026. (Xinhua/Cheng Min)