နယူးဒေလီ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အိန္ဒိယနှင့် ပါကစ္စတန် ရေတပ်စစ်သင်္ဘောများအကြား ပင်လယ်ပြင်၌ တိုက်မိမှုဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ အိန္ဒိယဘက်က အိန္ဒိယနိုင်ငံဆိုင်ရာ ပါကစ္စတန်အဆင့်မြင့်ကော်မရှင်နာ ယာယီတာဝန်ခံအား ခေါ်ယူကာ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်သည် နိုင်ငံတကာပိုက်နက်ရေပြင်တွင် ဖြစ်ပွားခဲ့ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှု မဖြစ်ပွားခဲ့သော်လည်း ပါကစ္စတန်ဘက်၏ အပြုအမူမှာ “လက်ခံနိုင်ဖွယ်မရှိသလို ကျွမ်းကျင်မှုမရှိ” ဖြစ်ကာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသော သက်ဆိုင်ရာ သဘောတူညီချက်ပါ ပုဒ်မများကို ချိုးဖောက်ကြောင်း ဖော်ပြအဆိုပါ ကြေညာချက် ဖော်ပြထားသည်။ အိန္ဒိယဘက်က ပါကစ္စတန်အနေဖြင့် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ ယူနစ်များအားလုံးကို သတိကြီးစွာလုပ်ဆောင်ရန် အာမခံရန် နှစ်နိုင်ငံသဘောတူညီချက်ပါ စည်းကမ်းချက်များကို လိုက်နာရန်၊ အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရေး တားဆီးဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

အိန္ဒိယ ANI သတင်းဌာန၏ ထိုနေ့နှောင်းပိုင်းသတင်းအရ ပါကစ္စတန်ရေတပ်စစ်သင်္ဘောတစ်စင်းသည် စက်တင်ဘာ ၁၅ ရက် ညပိုင်းတွင် မြောက်အာရေဗျပင်လယ်ပြင်အတွင်း၌ လုပ်ငန်းဆောင်တာများ ဆောင်ရွက်နေသော အိန္ဒိယရေတပ်စစ်သင်္ဘောအား “အရှိန်ပြင်းစွာ ချဉ်းကပ်လာခြင်း” ကြောင့် သင်္ဘောနှစ်စင်း တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။

ပါကစ္စတန်ဘက်မှာမူ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိအချိန်အထိ တရားဝင် တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။ (Xinhua)

.........................

(Chinese Version)

印度就印巴军舰碰撞事件召见巴临时代办

新华社新德里9月16日电 印度外交部16日发表声明说,印方当天召见巴基斯坦驻印度高级专员公署临时代办,就巴基斯坦海军舰艇与印度海军舰艇在海上发生碰撞事件向巴方提出强烈抗议。  

声明说,该事件发生在国际水域,尽管未造成重大损害,但巴方行为“不可接受且不专业”,违反双方签署的有关协议条款。印方要求巴方确保所有军事单位谨慎行事,遵守两国相关协议规定,防止类似事件再次发生。  

印度亚洲新闻国际通讯社当天晚些时候报道称,一艘巴基斯坦海军舰艇当地时间15日晚在北阿拉伯海海域“高速接近”一艘执行例行任务的印度海军舰艇,导致两艘舰艇发生碰撞。  

巴基斯坦方面目前尚未对此事表态。(完)